မလုပ်နဲ့

ဆင်းရဲပါစေ
ငွေချေးပြီး သွားမဖြုန်းနဲ့
ခက်ခဲပါစေ ကတိမတည်ဘဲ မဖြစ်စေနဲ့

အကြွေးတင်ရင် အသက်ကိုရင်းပြီး ပြန်ဆပ်ရမယ်
ပြန်မဆပ်နိုင်သေးရင် ဖုန်းဆက်ပြီးပြော
သင် မမေ့ဘူးဆိုတာကို သူများသိအောင်ပြ

ရိုးရိုး သားသားနဲ့ လူလုပ်
ဘယ်တော့မှ သူများက သင့်အပေါ်မှာ ထားရှိတဲ့ -
ယုံကြည်မှုကို မပျက်စေနဲ့

သူများ သင့်ကိုယုံကြည်တာဟာ -
သင်က သူများရဲ့ရင်ထဲမှာ တည်ရှိနေတဲ့တန်ဖိုးဖြစ်လို့ပါ

ဘဝခရီးက ရှည်တယ် ၊
ကိုယ့်လမ်းကို လမ်းကျဉ်းအောင်တော့ မလုပ်နဲ့

လူကောင်းဖြစ်အောင်သာ အရင်လုပ် ၊
ဘာမဆိုရှိလာနိုင်တယ်၊ ဖြစ်လာနိုင်တယ် ။

ဘယ်တော့မှ သင့်ပတ်ဝန်းကျင်ကလူတွေကို-
ယုံကြည်မှု မပျက်ပြားသွားပါစေနဲ့

ယုံကြည်ည်မှုပျက်ရင် တစ်သက်ပြိုလဲ
ဆင်းရဲမွဲသေ မုချဧကန်မလွဲ.....

Credit_vtbank

Comments

VTbank4u

Na Theih Ko Lai

Ruahsur caan naa dornak thlam💔

Thinlung Innka😔

စိတ်အရမ်းညစ်နေတဲ့ သူတယောက်ဖြစ်ခဲ့ရင်

ရူးတတ်နေပြီ

☀️

Na caah thinlung innka khar caan um te hnga maw😔

Velhle