#သူ့အပြစ် မဟုတ်ပါဘူး
အလိမ်ခံရတာ များလာတော့
မယုံတတ်သူရဲ့ အပြစ်မဟုတ်ဘူးလေ
စေတနာကို စော်ကားခံရတာများလာတော့
သံသယကြီးသူရဲ့ အပြစ်မဟုတ်ဘူးလေ
အလွမ်းတွေနဲ့မိတ်ဖွဲ့ရတာများလာတော့
အချစ်ကို မယုံကြည်တော့သူရဲ့ အပြစ်မဟုတ်ဘူးလေ
ဆုံးရှုံးရတာတွေ များလာတော့
ပိုင်ဆိုင်ဖို့မကြိုးစားသူရဲ့ အပြစ်မဟုတ်ဘူးလေ
တစ်ခါတစ်လေ
သူ့နေရာမှာ ကိုယ်သာဆိုရင်လို့
တွေးကြည့်လိုက် သူ့လိုပြုံးနိူင်ဖို့တောင်
လွယ်မှာ မဟုတ်ဘူးလေ
ဘာပဲဖြစ်ဖြစ်ပါ
သူ့နေရာ ကိုယ်မရောက်သေးသရွေ့တော့
သူ့ ကိုအပြစ်တင်ဖို့ထက်
အားပေးလက်တွဲ ခေါ်ဖို့က အဓိကပါပဲ
လေးစားစွာဖြင့်
Crdv- ဇင်းနစ်
Comments
Post a Comment