မင်း
မလာချင်မှန်းသိပေမဲ့ ကိုစောင့်နေမီတယ်
မင်းပေးတဲ့မျှော်လင့်ချက်မဟုတ်ပဲ
ကိုမွေးထားတဲ့ အတ္တတွေမို့
မင်းမှာအပြစ်မရှိပါဘူး..
ယုံကြည်စွာ အပ်နှင်းရင်တောင်
မင်းလက်မဟုတ်ရင်
ဆွဲထားမှာမဟုတ်ပါဘူး..
တဖတ်ကိုလည်းကြည့်ရတယ်
ကိုယ်ကိုလည်းပြန်ငဲ့ရတဲ့
အချစ် ဇာတ်လမ်းတွေမှာ
လူကြမ်းကြီးလည်း ဇာတ်ပေါင်းခန်းမှာ
မင်းသမီးကိုပိုင်ချင်တာပေါ့...
မင်းရေးတဲ့ ဇာတ်မဟုတ်သလို့
ကိုဆွဲတဲ့ ပန်းချီလည်းမဟုတ်ပါဘူး
ကံဆရာအလို့ကျဆိုပြီး
အပြစ်ဖွဲ့ နောင်တတွေကိုဖြေချင်ပါရဲ့..
မိုးတွေရွာမှာလွမ်းတာမဟုတ်ဘူး
ရွေ့လျားသွားတဲ့အချိန်တိုင်းမှာ
သတိရတဲ့စိတ်တခုကရှိတယ်
အိပ်မပျော်တဲ့ညလည်းလွမ်းသလို့
အိပ်ပျော်နေလည်း သတိရနေတဲ့ကောင်
နောက်တခေါက် နောက်တခေါက်ဆိုတာတွေ
နောက်တကြိမ်ဆိုတာတွေ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ မင်းစွန့်ပစ်ပြီးလို့ ပြန်လာကောက်တိုင်း
အချစ်တွေမလျော့ပဲချစ်ပေးခဲ့တဲ့ကောင်
ချစ်နေရရုံနဲ့ ကျေနပ်တဲ့ငါကို
နောက်တခေါက်လောက် ထပ်မသတ်ချင်ဘူးလား :)
@#p
Comments
Post a Comment