ရေသန့်တစ်ခွက်နဲ့တူတဲ့ မိန်းမ
ရေသန့်တစ်ခွက်နဲ့ တူတဲ့ဖြူစင်တဲ့ မိန်းမတွေဟာ
လစ်လျူရူခံရတာများပါတယ်။
ရေသန့်ဟာ အရသာကင်းမဲ့ပြီး
အရောင်အဆင်း မရှိတတ်ပါဘူး ။
ရေဟာ ဖြူစင်ပါတယ်။
မစင်ကြယ်တဲ့အရာတွေကိုတောင်
စင်ကြယ်အောင် ပံ့ပိုးလျှော်ဖွတ်ပေးနိုင်ပါတယ်။
ဒါပေမယ့် ရေသန့်တစ်ခွက်နဲ့တူတဲ့
မိန်းမတွေရဲ့တန်ဖိုးကို နားမလည်ကြပါဘူး။
အရောင်အဆင်း အနံ့အရသာတွေနဲ့ ပြည့်စုံနေတဲ့
အချိုရည်လို မိန်းမတွေကြတော့
ဂရုစိုက်ခံရတာများပါတယ်။
သူတို့ရဲ့ အရောင်အသွေးနဲ့ အရသာဟာ
လူတွေကိုစွဲဆောင်မှုတစ်ခုတော့ ပေးပါလိမ့်မယ်။
ဒါပေမယ့် ဒီအချိုရည်တွေ
သောက်သုံးပြီးတဲ့အခါမှာ
ပါးစပ်ချဉ်တတ်ကြတာကိုတော့
သောက်သုံးဖူးသွားတဲ့သူတိုင်း သိကြပါတယ်။
အမြဲလိုလိုမရှိမဖြစ် ရေကိုသောက်သုံးရပြီး
ရေဟာမရှိမဖြစ်ဆိုတာလည်း သိကြပါတယ်။
ဒါပေမယ့် လွယ်လွယ်နဲ့ရနေတဲ့
ရေတစ်ခွက်ကိုတော့
တန်ဖိုးမထားတတ်ကြပါဘူး။
မိန်းမကောင်း မိန်းမမြတ်တွေကလဲ
ရေသန့်တစ်ခွက်နဲ့တူပါတယ်
အရောင်အဆင်းမရှိပေမယ့်
လူတိုင်းအတွက်တန်ဖိုးရှိပါတယ်။
ပေါ့ပျက်ပျက်
အပေါစားဆန်တဲ့ မိန်းမတွေကတော့
အချိုရည်လိုပါပဲ။
သူ့တို့ပင်ကိုယ်အရည်အချင်းမရှိပဲ
အရောင် အရသာနဲ့သာ
ဆွဲဆောင်ပါလိမ့်မယ်။တန်ဖိုးတော့ မရှိပါဘူး။
သင့်လက်ထဲမှာရော
ရေသန့်တစ်ခွက်ရှိနေပီလား...????
ရေတစ်ခွက် လက်ဝယ်ပိုင်ဆိုင်ရနေပြီဆိုလည်း
credit #XYZ
Comments
Post a Comment