စဥ်းစားဖို့တော့လိုတယ်
စဉ်းစားဖို့တော့လိုပါသည်
---------------------------
လက်မထပ်ရသေးဘဲနဲ့ fb မှာ ကိုယ့်ချစ်သူပုံနဲ့
နှစ်ယောက်တွဲတင်ခြင်းက ဓားသွားထက်မှာ
လမ်းလျှောက်နေရတာနဲ့တူပါတယ်။
တစ်ကယ်လို့ သာ ကံကြမ္မာကလှည့်စားသွားခဲ့ရင်
ပထမဆုံးထိရှမှာက ကိုယ့်နှလုံးသားတွေမဟုတ်ဘူး
မာနနဲ့ သိက္ခာတွေပဲ။
နှလုံးသားတွေ နာမကျန်းဖြစ်တာက
တိတ်တဆိတ်လေးငိုကြွေးလို့ရတယ်
ဂုဏ်သိက္ခာတွေ နာမကျန်းဖြစ်ရင်
ဘဝက တံတွေးခွက်မှာပက်လက်မျောပြီ ။
ချစ်တာကိုလက်ခံပါတယ် ဒါပေမယ့်
နားလည်မှု့ ဆိုတအလွှာလေး တစ်ခုခြားရုံနဲ့
လမ်းခွဲသွားကြသူတွေက မျက်စိရှေ့မှာတင်
တစ်ပုံကြီးလေ။
အထူးသဖြင့် ဆယ်ကျော်သက်ရွယ်
ညီမလေးများကို ပို သတိပေချင်တာပါ
ချစ်တတ်စမှာ ရှေ့နောက်မမြင်ဘဲ အပျော်လွန်ပြီး
နှစ်ယောက်ပုံတွေ တင်ကြလေ့ရှိတယ်။
မဆုံဖြစ်ခဲ့ ရင် ပထမဆုံး
နစ်နာမှာက မိန်းကလေးသာလျှင်
ဖြစ်ပြီး နောက်တစ်ယောက်ချစ်တဲ့ အခါ...
အချစ်စစ်နဲ့ တွေ့ တဲ့အခါ
အရိပ်မည်းကြီးအဖြစ် ရှိနေတော့မှာပါ။
ချစ်တာကို လက်ခံလို့ရပါတယ်
ဒါပေမယ့် လက်မထပ်ရ
သေးခင်အထိ နှစ်ယောက်တွဲပုံကို
FB လို ကျယ်ပြန့် လှတဲ့
လူမှုကွန်ယက်မှာ မတင်စေလိုပါ။
လက်ထပ်ပြီးသွားရင် တင်ပါ။
ပြုံးပျော်နေတဲ့ဘဝလေးတွေကို
အားကျအတုယူရင်း Like တွေ Mention တွေ
အားပါးတရ ထိုင်ပေးနေပါ့မယ်။
( လူဆိုတာ သိက္ခါနဲ့ နရေတာ
လူဆိုတာ မတ်ေတာနဲ့ နရေတာ
လူဆိုတာ သစ္စာနဲ့ နေရတာ )
တစ်ကယ်တော့
Fb မှာ နှစ်ယောက်တွဲတင်ရမှ
အချစ်စစ် ဖြစ်လာမှာမဟုတ်ပါဘူး
အဲဒါဆို အဘိုးအဘွားတွေလက် ထက်မှာ
ဘာမှမရှ်ိခဲ့ လို့ ကျနော်တို့ လူဖြစ်လာပါ့မလား။
စဉ်းစားတွေးခေါ်တတ်မှ
ဘဝကအဓိပ္ပာယ်ရှိသလို
ထိန်းသိမ်းသင့်တာက်ို ထိန်းသိမ်းမှ
အဲဒီဘဝကပိုတန်ဖိုးရှိတယ်
ချစ်သူက FB မှာ နှစ်ယောက်တွဲတင်ရမှ
ချစ်မယ်ဆိုရင်ရဲရဲကြီးသာ လမ်းခွဲလိုက်ပါ
သူ့ အချစ်က နဲနဲရူးမိုက်နေလို့ပဲ။
အချစ်စစ်က နှလုံးသားမှာပဲရှိပါတယ်
သစ္စာတရားက အသိဥာဏ်မှာ ခို ဝင်ပါတယ်
FB မှာ ရှိနေတာ မဟုတ်ပါဘူး။
လူဆိုတာ လွတ်လပ်စွာကွဲလွဲခွင့်ရှိကြပါတယ်
ဒါပေမယ့် ကိုယ့်ဘဝအတွက် ဘယ်ဟာက
အဓိကကျလဲ ဆိုတာ စဉ်းစားတွေးခေါ်တတ်ပါစေ။
FB သုံးနေတဲ့
ညီမငယ်လေးများ အမှန်တရားကို
ထွေးပိုက်ရင်း အနာဂတ်မှာ အပြစ်ကင်းစွာနဲ့
ကမ္ဘာကို ကိုင်လှုပ်မယ့် ပုခတ်လွှဲသော
မိခင်လောင်းများဖြစ်ကြပါစေ၊။ ။
Credit to Original Writer
Comments
Post a Comment