ဘဝနေဝင်ချိန်
'ကိုကိုကလဲ ရှက်စရာကြီးကို'
ပန်းခြံထဲမှာ ချစ်သူနှစ်ဦးချိန်းတွေ့နေကြသည်။
'ရှက်ရင်တော့ ထီးကာလိုက်မယ်လေ'
'အင်း'
သူတို့နှစ်ဦးမှာတွဲတာမကြာသေး ၁လခွဲ လောက်သာရှိသေးသည်။
ကောင်မ လေးနာမည်က သီသီတဲ့။
သီသီသည် ချစ်သူပုခုံးကိုမှီနွဲ့ရင်း
'ကိုကို ရည်းစားဟောင်းအကြောင်းပြောပြ'
'သီသီကလဲ ခုလိုခဏလေးတွေ့ရတဲ့ဟာကို အာ့အကြောင်းတွေမပြောချင်ပါဘူး'
'အာ့ဆို ကိုကိုကသူ့ကိုဘာလို့ဖြတ်လဲ'
'ကိုကိုမှသူ့ကိုမချစ်တာ စိတ်မွန်းကြပ်လို့ '
'ဒါပေမယ့် သူက ကိုကိုနဲ့သုံးနှစ်တောင်တွဲခဲ့တာလေ'
'သူ့ကိုစိတ်ထဲမရှိတော့ပါဘူးကွာ'
'ကိုကိုတို့လက်ထပ်ဖို့ထိဖြစ်ခဲ့တယ်လေ သီသီ စိတ်မချဘူးကွာ'
'ဒါကအိမ်ကမိဘတွေ သဘောတူလို့ပါကွာ ကိုကသူ့ကိုမချစ်ဘူး'
'ကိုကို့အိမ်ကသူ့ကိုသိပ်ချစ်ကြတယ်နော်'
'အင်း သူကအချက်အပြုတ်တော်ပီး မိဘတွေကိုသိတတ်လို့တဲ့'
'ဟင်း သီတော့ဒုက္ခပါပဲ သီကဟင်းမချက်တတ်ဘူး ပီးတော့ လူကြီးတွေနဲ့လဲအပြောအဆိုမတတ်ဘူး ကိုကို့အိမ်ကသဘောကျပါ့ မလားနော်'
'သီရယ် ဒါတွေမလိုပါဘူးကွာ သီမချက်ရဘူး ကိုကိုပဲချက်ကျွေးမှာ'😉
'အွန်း သွား သူပဲအပြောကောင်း'😊
'သူကအရမ်းလှတယ်နော် သီက သူ့ခြေဖျားတောင်မမှီဘူး'
'သီရယ် ကိုကို့မျက်စိထဲတော့သီကအလှဆုံးပါကွာ'
'ဒါပေယ့် သီအားငယ်တယ်ကိုရယ်
သီက သီက ဟင့်'
သီသီမှာပြောရင်းငိုသံလေးပင်စွက်လာသည်။
'မငိုပါနဲ့သီရယ် ကိုကိုကသီ့ကိုပဲချစ်တာပါ သီသာလက်ခံရင်ခုလက်ထပ်ဆိုလဲ
ကိုလက်ထပ်ရဲပါတယ်ကွယ်'
'သီတို့ကဆင်းရဲတယ်ကိုကို '
'အချစ်စစ်မှာ အာ့တေမလိုပါဘူးကလေးရယ်'
'.သီ့ကိုယူထားလို့ပတ်ဝန်းကျင်က ကိုကို့ကိုဝိုင်းပြောကြမှာမစိုးရိမ်ဘူးလား'
'မစိုးရိမ်ပါဘူး သီသာအနားမှာရှိရင် ကိုယ့်အတွက်ပြည့်စုံပါပီ'
'ကိုကို့အိမ်ကသဘောမတူရင်ရော'
'ဒါဆို သီလေးကိုလာခိုးမယ်ကွာ'
'ကဲ ကို့ကိုချည်းမေးမနေနဲ့ သီ့အိမ်ကသဘောမတူရင်ရော'
'သီ ကိုကို့နောက်လိုက်ခဲ့မှာပေါ့'
ချစ်သူနှစ်ဦး၏အိပ်မက်တွေက
အရောင်တောက်လျက်
'ကိုကို သီ့ကိုသိပ်ချစ်တာပဲလား'
'ချစ်တာပေါ့သီရယ်'
'သီအရင်ကတွဲတဲ့တစ်ယောက်ကလေ သီ့ကိုအဲ့လိုမပြောဖူးဘူး သိလား'
'ဟုတ်လား ပြောစမ်း သူကကိုယ့်သီလေးကိုဘယ်လိုပြောလဲ စကားစပ်မိတုန်းသီ့ရည်းစားဟောင်း
အကြောင်းနားထောင်ရတာပေါ့'
'ဒီလို ကိုကိုရယ် သူကသီ့ကို ဘာမှ
အားမကိုးရဘူး တဲ့ ထက်ထက်မြက်မြက် လဲမရှိဘူး အရာရာကိုကြောက်နေတာပဲတဲ့ သီအကောင်ပလောင်တွေကြောက်တာ ကိုကိုလဲသိသားနဲ့'
'အောင်မာ သူကများ ကိုယ့်သီလေးကိုပြောရတယ်ရှိသေး အဲ့လိုလူနဲ့ကွဲသွားတာကောင်းတယ်သီ'
'သီလဲ ကိုကိုနဲ့ဆုံရတာသိပ်ကံကောင်းတာပဲ'
'ဟုတ်လား ပြောပါဦး ဘာလို့လဲ'
'ကိုကိုက သီ့ကိုသိပ်ချစ်တာကို '
'အောင်မယ် စကားတတ်လေး လာခဲ့'
ကျော်ကျော်၏နှာခေါင်းကြီးကပါးပြင်နုနုလေးထဲ
စိုက်ဝင်သွားသည်။
'ဟိ ကိုကိုနော် သွားလူလည်ကြီး'
'အသဲယားလို့ပါကွာ'
'ရှက်စရာကြီးကို'
'သီရှက်ရင်နားရွက်လေးတေပါ ရဲလာတာ ကိုယ်အသဲယားလာပီကွာ'
'ကိုကိုနော် သိပ်အသားယူတာပဲ သွားတော့ လူဆိုးကြီး'
'သီကလဲ ရှက်မနေနဲ့တော့ လက်ထပ်ပီးရင်ဒီထက်ပိုတွေ့ရမှာ'
'ဟာကွာ ကိုကိုနော် သွား နားရှက်စရာ'
'ဒါနဲ့လေ ကိုကိုကလဲ သီ့ကိုအရမ်းကျေးဇူးတင်တယ်သိလား'
'ဘာလို့လဲဟင်'
'ကိုယ့်ကိုကိုယ်ရှာတွေ့အောင်လမ်းပြ
ကူညီခဲ့လို့ပေါ့ကိုကိုကသီနဲ့အတူဘဝနေဝင်ချိန်
အထိဖြတ်သန်းသွားချင်တယ်'
'သီလဲအတူတူပါပဲ ကိုကိုရယ် ဒါပေမယ့် သီက မာလာနှင့်ယှဉ်ရင် အမြဲရှုံးနေတာပဲ'
မာလာမှာကျော်ကျော်၏ရည်းစားဟောင်းဖြစ်ပီး
အတော်လှသောအမျိုးသမီးဖြစ်သည်။
'သီကလဲ အဲ့လိုယှဉ်စရာမလိုဘူးလေ '
'ဒါပေမယ့်သူကသီ့ထက်အစစအရာရာ
သာတယ်လေ'
ကျော်ကျော်မှာစိတ်ရှုပ်လာလေပီ။
'သီကလဲကွာ......... ကိုကိုကမှအစစ်မတွေကိုစိတ်မဝင်စားတာကို ဟွန်း'
'အာ့ကြောင့်သီက ကိုကို့ကိုချစ်တာ အာဘွား'
သီဟနှင့်ကျော်ကြီးတို့၏
အချစ်ခရီးလမ်းမှာသာယာလျက်။
ဘာကြည့်နေတာလဲ ရှပီလေ အစစ်မတွေ
အာ့ကြောင့်ခေါင်းစဉ်က ဘဝနေဝင်ချိန်တဲ့
အစစ်မတို့နေဝင်ချိန်တန်ပီ။😅
Comments
Post a Comment