Digital Marketing လုပ်မည့်သူများ သိထားသင့်တဲ့ အခြားပညာရပ် (၃) ခု

Digital Marketing လုပ်ပြီး ကိုယ့်လုပ်ငန်းကို မြှင့်တင်မယ့် လုပ်ငန်းရှင်ဖြစ်ဖြစ်၊ Digital Marketing သမားအဖြစ် အလုပ်ခွင်ဝင်ဖို့ဖြစ်ဖြစ်၊ Freelance တို့ Service ဝန်ဆောင်မှုတို့ ပေးပြီး လုပ်ငန်းစမယ့်သူပဲဖြစ်ဖြစ်၊ Online Shop သမားပဲဖြစ်ဖြစ် Digital Marketing ပိုင်း လုပ်တော့မယ်ဆိုရင် ဒီ ပညာရပ် (၃) ခုကိုလဲ တတ်ထားသင့်ပါတယ်။ မဟုတ်ရင် အခက်အခဲ ကြုံရနိုင်ပါတယ်။

English စာ

Facebook က အစ အားလုံးသော Digital Marketing Tool တွေဟာ အင်္ဂလိပ်ဘာသာနဲ့ပဲ များပါတယ်။ Online မှာ ရှာတဲ့အခါမှာလဲ English လိုပဲ ရှာရတာ များပါတယ်။ ဒါကြောင့် အင်္ဂလိပ်ကို အခြေခံလောက်တော့ သိထားတတ်ထားသင့်ပါတယ်။ နောက်ပိုင်း မြန်မာနိုင်ငံကို Foreigner တွေလဲ ဝင်လာပြီဆိုတော့ English လိုမှ မတတ်ရင် ပြောဆိုဆက်ဆံရတာလဲ ခက်လာမှာပါ။ ဒါကြောင့် English စာကို Priority ထားပြီး လေ့လာသင့်ပါတယ်။

Computer Basic + Internet Email

ကျွန်တော်တို့နိုင်ငံက လူတိုင်း ကွန်ပျူတာသုံးတဲ့ ခေတ်ကြီးတစ်ခေတ်လုံးကို ကျော်ခဲ့ပြီး လူတိုင်းဖုန်းသုံးတဲ့ ခေတ်ကို တန်းရောက်သွားတာပါ။ ဒါကြောင့် လူအများစုသည် ကျွန်ပျူတာနဲ့ ရင်းနှီးမှု အားနည်းနေပါတယ်။ တကယ်တန်း Digital Marketing ကို ထိထိရောက်ရောက် Advanced ထိ သွားမယ်ဆိုရင် ဖုန်းနဲ့ မရပါဘူး။ Facebook မှာတောင်မှ Ads Manager သုံးပြီး အထဲက Tool တွေနဲ့ တကယ် လုပ်တော့မယ်ဆိုရင် Computer Laptop လိုကို လိုလာပါတယ်။ ဒါကြောင့် Computer Basic + Internet Email လောက်တော့ တတ်ထားမှ ရှေ့ဆက်သွားဖို့ အဆင်ပြေပါလိမ့်မယ်။

Management and Marketing

တကယ် ကိုယ်ပိုင်လုပ်ငန်းလုပ်ပြီဆိုရင် သေချာပေါက် လိုအပ်လာမှာက Business Management တို့ HR, Finance, Marketing တို့လို ဘာသာရပ်တွေပါ။ ကျွန်တော်တို့ Digital Marketing သည်လည်း တကယ်တော့ Marketing ဘာသာရပ်တစ်ခုပါ။ ဒါကြောင့် ရေရှည်သွားဖို့အတွက် Management and Marketing တစ်ခုခု (သို့) ၂ခုလုံး တတ်ထားသင့်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းလုပ်ရင်တော့ ၂ ခုလုံး တတ်ဖို့ ပိုလိုအပ်ပါတယ်။ Digital Marketing Career ဘက်ကို သွားမယ် (သို့) Freelance ဘာညာလုပ်မယ်ဆိုရင်တော့ Marketing ကို ပိုလိုအပ်ပါတယ်။

ဒါကတော့ အားလုံး လေ့လာထားသင့်တဲ့ အခြား ဘာသာရပ် (၃) ခုဖြစ်ပါတယ်။ ဒီထဲက တစ်ခုခု စလေ့လာလို့ အဆင်ပြေပြီဆိုတာနဲ့ Digital Marketing ပိုင်းမှာပါ ပိုပြီး တိုးတက်လာတာတွေ့ရမှာဖြစ်ပါတယ်။

‼ 

Comments

VTbank4u

Na Theih Ko Lai

Ruahsur caan naa dornak thlam💔

Thinlung Innka😔

စိတ်အရမ်းညစ်နေတဲ့ သူတယောက်ဖြစ်ခဲ့ရင်

ရူးတတ်နေပြီ

☀️

Na caah thinlung innka khar caan um te hnga maw😔

Velhle