စောင့်နိုင်တာ ပညာပါ
ပျော်ဖို့က နောက်မှ အခုလုပ်သင့်တာလုပ်ဖို့က အရင်လို့ သဘောထားတဲ့သူက ရေရှည်မှာ ပိုပျော်ရတယ်။
ပျော်စရာဆို ခုချက်ချင်းရမှ မဖြစ်စလောက် လေးရမယ့် ပျော်ရွှင်မှုလေးတောင် လက်လွတ် မခံနိုင်ဘူးဆိုတဲ့သူတွေ သတိထားကြည့်
သူတို့ ကြီးလေ မပျော်တော့လေပဲ။
အခုချက်ချင်းရမယ့် ပျော်ရွှင်မှုဆိုတာ အများအားဖြင့် အပေါစားပဲ ရတာများပါတယ်။
တစ်ခဏလေးရမယ့် မဖြစ်စလောက် ပျော်ရွှင်မှု ကို လက်လွှတ်လိုက်ပြီး လုပ်သင့်တာ ဆက်လုပ် သွားနိုင်တဲ့သူက နောင်တစ်ချိန်မှာ ပိုပျော်ရ ပါတယ်။
သူဟာ လုပ်သင့်တာကို လုပ်လို့
သူ့မှာ ဖြစ်သင့်တာတွေ ဖြစ်လာတယ်။
သူ့အတွက် သူလက်လွှတ်လိုက်တဲ့ မပြောပ လောက်တဲ့ ပျော်ရွှင်မှုတွေထက် အဆပေါင်း များစွာသာတဲ့ ကျေနပ်စရာတွေ ရသွားတော့ မှာပါ။
ပညာရှင်တွေက ကလေးအုပ်စုတစ်စုကို စမ်းသပ်မှုတစ်ခု လုပ်တယ်။
ပြီးတော့ ဒီကလေးတွေ ကြီးသွားတဲ့အချိန်ထိ ဘာတွေ ဖြစ်လာသလဲ စောင့်ကြည့်တယ်တဲ့။
စမ်းသပ်မှုက ကလေးတွေကို စာတစ်ခု ရေးခိုင်း ထားတုန်းမှာ သူတို့ကြိုက်တဲ့ မုန့်တစ်မျိုးမျိုး ပေးပြီးတော့ ကလေးတွေကို ပြောတယ်။
ဒီမုန့်ကို အခုချက်ချင်းစားမယ်ဆိုလည်း စားနိုင် တယ်။ အခုမစားသေးပဲ စာရေးတာပြီးမှ စားမယ် ဆိုလည်း ရတယ်။
စာရေးနေတာပြီးမှ စားမယ်ဆိုတဲ့သူရှိရင် လက်ထောင်ပါဆိုတော့ ကလေးနည်းနည်းကပဲ လက်ထောင်တယ်။
ကလေးအားလုံးကို မုန့်တွေ ဝေပေးလိုက်တယ်။ ခုနက ခုမစားသေးဘူး စာရေးတာပြီးမှ စားမယ် ဆိုတဲ့ကလေးတွေကို ရေရှည်နှစ်ပေါင်းများစွာ စောင့်ကြည့်တဲ့အခါ…
သူတို့ဘဝတွေဟာ ပိုပြီးအဆင့်မြင့်တယ်။ ပိုပြီးထိရောက်တယ်။ ပိုပြီးကျေနပ်မှု ရကြတယ်လို့ တွေ့ရတယ်တဲ့။
ကော်ဖီတောင်မှ ခုချက်ချင်း အထုပ်ဖျော် သောက်တဲ့ကော်ဖီထက် အချိန်ယူနှပ်ပြီး သောက်တဲ့ကော်ဖီက ပိုကောင်းပါတယ်နော်။
ဒါ့ကြောင့် "ခုချက်ချင်းရမှ" ဆိုတဲ့စိတ်ကို အားမပေးပါနဲ့။ ခဏ အချိန်ဆိုင်းထားအုံးမယ် မရလည်း ကိစ္စမရှိဘူး ဆိုတဲ့စိတ်ကို မွေးပါ။
ဒီစိတ်က ကိုယ့်ရဲ့ Will-power ကိုလည်း အများကြီးတက်လာစေပါတယ်။
ကိုယ်ဟာ ဆန္ဒတွေနောက် ကောက်ကောက် ပါအောင် လိုက်တဲ့သူမဟုတ်ဘူး။ ကိုယ်ဟာ စိတ်ဓာတ်ပျော့ညံ့တဲ့သူ မဟုတ်ဘူး။
ရေတိုကို ဦးစားပေးတတ်တဲ့သူ မဟုတ်ဘူး။ အနာဂါတ်မှာ ငါဘယ်လိုလူ ဖြစ်ချင်တယ် ဆိုတာကို မြင်နိုင်တယ် မှန်းနိုင်တယ် ရအောင်လုပ်နိုင်တယ်။
အခု လုပ်သင့်တာကို လုပ်နေတုန်းမှာလည်း ငါဟာ လုပ်သင့်တာကို လုပ်နေတယ်လို့ သိရလို့ ပျော်နေတယ်။
နောင် အနာဂါတ်အတွက်လည်း ပူပန်သောက ကြီးနေဖို့ မလိုလို့ စိတ်အေးရတယ်။
ဒါ့ကြောင့် စိတ်မှာ ကျေနပ်နေတယ်။ အားရ နေတယ်။ ပိုပြီးတော့လည်း ရွှင်လန်းတဲ့သူ ဖြစ်လာတယ်။
ဒါ့ကြောင့် ခုရမှဖြစ်မယ်ဆိုတဲ့စိတ် ဖြစ်လာရင် သတိနဲ့ သိနေပါ။
သတိက လွန်ကဲမသွားအောင် ထိန်းညှိပေးနိုင်တဲ့ အစွမ်းသတ္တိထူ
းရှိပါတယ်။
ဖြစ်နေတဲ့စိတ်ကို ငါမဟုတ်တဲ့ စိတ်အနေနဲ့သာ ကြည့်ပေးနေပါ။
တချိန်ကျရင် ပြောင်းသွား တယ်။
ပြောင်းသွားတဲ့စိတ်မှာ တည်ကြည်ခြင်း လေးနက်ခြင်း အေးချမ်းခြင်းတွေ ပါလာတယ်။
စိတ်ကို ကြည့်ရင်း ကြည့်ရင်းနဲ့ ပြောင်းသွား တဲ့အထိ မြင်ခွင့် သိခွင့်ရလိုက်တာ ကောင်းလိုက်တာနော်လို့ ဖြစ်နေတယ်။
ရှင်းရှင်းလင်းလင်း သိလာတဲ့အသိဉာဏ် တစ်မျိုးကြောင့် ငြိမ်သက်သွားတဲ့ အတွေ့ အကြုံကို ကိုယ်တွေ့ခံစားလိုက်ရတယ်။
အဲဒီအခါကျမှ ဝမ်းသာတယ်ဆိုတာ ဘာတုန်းဆိုတာ သိရတော့တာ။
စွမ်းနိုင်တဲ့သူ မှန်သမျှဟာ စောင့်ဆိုင်းနိုင်ကြတယ်။
စိတ်အင်အားကြီးမားတယ် ဆိုတာ ကလေးဆန်တဲ့သူအတွက် မဟုတ်ဘူး။
Credit to HH.Htun (waterfall)
4.4.2020 (Sat.12:00Am)
Comments
Post a Comment