ချမ်းသာစေနိုင်မည့် နည်းလမ်း
သင့်ကိုချမ်းသာစေနိုင်သည့် နည်းလမ်း ၁၆ချက်
၁။ ကိုယ်ပိုင်နည်းလမ်းများဖြင့် အသက်ရှင်နေထိုင်ပါ။
၂။ လောင်းကစားမလုပ်ပါနဲ့။
၃။ နေ့စဉ်စာဖတ်ပါ။
၄။ မလိုအပ်ဘဲ Facebook သုံးနေတဲ့အချိန်တွေကို လျော့ချပါ။
၅။ စိတ်ခံစားချက်များကို ထိန်းချူပ်ပါ။
၆။ ကောင်းမွန်တဲ့ အပေါင်းအသင်းမိတ်ဆွေများရှာဖွေပါ။ပုံမှန် စေတနာ့ဝန်ထမ်းလုပ်ပါ။
၇။ အလုပ် နှင့် စီးပွားရေးထက် ကျော်လွန်ပြီးလုပ်ဆောင်တတ်အောင်လေ့ကျင့်ပါ။
၈။ ဆန္ဒရှိတာတွေကို လျော့ချပြီး ရည်မှန်းချက်ပန်းတိုင်တွေသတ်မှတ်ပါ။ လက်တွေ့ဖြစ်အောင်လုပ်ဆောင်ပါ။
၉။ အချိန်ဆွဲခြင်းများကို ရှောင်ကျဉ်ပါ။
၁၀။ စကားပြောတာတွေကိုလျော့ပါ။ များများနားထောင်တတ်အောင် သင်ယူပါ။
၁၁။ အဆိပ်အတောက်ဖြစ်စေသာ လူတွေကို ရှောင်ရှားပါ။
၁၂။ ဘယ်တော့မှ အရှုံးမပေးပါနဲ့။
၁၃။ သင့်ကိုနောက်ပြန်ဆွဲထားသော ကိုယ့်ကိုယ်ကိုယ် ကန့်သတ်ချက်တွေကို ဖယ်ရှားပါ။
၁၄။ လမ်းညွှန်ပြသပေးနိုင်သူကို ရှာဖွေဆည်းကပ်ပါ။ Role Model ထားပါ။
၁၅။ " ကံဆိုးလိုက်တာ"၊ " မဖြစ်နိုင်ပါဘူး" စတဲ့ စကားလုံးတွေကို သင့်အဘိဓါန်ထဲက ဖယ်ထုတ်ထားပါ။
၁၆။ ကိုယ့်ရဲ့ အဓိကရည်ရွယ်ချက်ကို သိရှိပြီး အမြဲသတိရပါ။
ဒီအချက်တွေထဲမှာ သင်လုပ်နိုင်ဖို့ခက်ခဲတဲ့အချက်တစ်ခုမှ မပါပါဘူး။ အားလုံးက သင်လုပ်နိုင်တဲ့အကြောင်းအရာတွေချည်းပါပဲ။
ကျွန်တော် သာမာန်ဝန်ထမ်းဘဝကနေ ဒီနေ့ BEC Service Group Co., Ltd ရဲ့ CEO တစ်ယောက်အဖြစ်ရပ်တည်လာနိုင်တာက ဒီထဲကအချက်တွေကို လိုက်နာဆောင်ရွက်ခဲ့လို့ပါ။
သင်သာ အမှန်တကယ်ချမ်းသာချင်သူ၊ အောင်မြင်ချင်သူတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် ဒါတွေကိုသင်လုပ်ကိုလုပ်သင့်တယ်ဆိုတာ သင်သိပြီးသားဖြစ်မှာပါ။
သင်ကိုယ်တိုင်မပြောင်းလဲချင်ဘူးဆိုရင်တော့ ဘယ်သူကမှသင့်ကို လာပြီးပြောင်းလဲပေးလို့ရမှာ မဟုတ်ပါဘူး။
Credit to Original Writer
#XYZ
Comments
Post a Comment