မမေ့ပါနဲ့
ဘဝ အနိမ့်အမြင့်တွေကြား...
သင် လူတချို့နဲ့ ယှဥ်တွေ့တဲ့အခါ
ဝေဖန်တာလည်း ကြုံရမယ်...
-မမေ့ပါနဲ့!
မင်းထင်တာမှားနေတယ်လို့
ရှင်းပြစရာမလိုအောင် ကြိုးစားပါ....
ကဲ့ရဲ့တာလည်း ကြုံရမယ်...
-မမေ့ပါနဲ့!
ကိုယ့်ရှေ့တည့်တည့် လာပြီး
ချီးကျူးရတဲ့သူဖြစ်အောင် ကြိုးစားပါ....
နိမြန်းပီးကြည့်တာလည်းခံရမယ်....
-မမေ့ပါနဲ့ !
နောင်ခါ ပြန်မော့ကြည့်တဲ့လူဖြစ်အောင်ကြိုးစားပါ...
အချိုသတ်ပေါင်းတာလည်းကြုံရမယ်...
-မမေ့ပါနဲ့!
ကိုယ့်အလှည့်ကျ ပြုံးပြပြီး သူ့ပုခုံးကို
ပုတ်နိုင်တဲ့သူဖြစ်အောင် ကြိုးစားပါ...
-မမေ့ပါနဲ့!
နိမ့်ကျဖူးရင် အမြင့်ကိုရောက်အောင်
သွားရမယ်ဆိုတာ မမေ့ပါနဲ့...
-မမေ့ပါနဲ့!
လဲကျဖူးတိုင်း ကိုယ့်အားကိုယ်ကိုးပြီး
ပြန်ထတတ်ရမယ်ဆိုတာ မမေ့ပါနဲ့....
-မမေ့ပါနဲ့!
နာကျင်ဖူးတိုင်း ဒီဒဏ်ရာကို ကုမဲ့ဆရာဝန်ဟာ
ကိုယ်ကိုတိုင်ပဲဆိုတာ မမေ့ပါနဲ့...
-မမေ့လိုက်ပါနဲ့!
သူတို့ ပြောပြီး မေ့သွားတတ်ပေမဲ့
သင်ကဒါကို မှတ်ထားရမယ်...
သူတို့လုပ်ပီး မေ့ပစ်ကြပေမဲ့
သင်ကဒါကို မှတ်ထားရမယ်....
သူတို့အမှတ်မရှိကြပေမဲ့
သင်ကဒါကို အမှတ်ထားတတ်ရမယ်...
ဒါဟာ
သင်အောင်မြင်လာဖို့အတွက်
တွန်းအားဆိုတာ မမေ့လိုက်ပါနဲ့..
ကံဆိုးနေတုန်း...
ပြောသမျှ မပေါက်
လုပ်သမျှ မအောင်မြင်
ဖြစ်သမျှ တွေ ကို
အံကျိတ်ခံပြီးသွားရင်လေ...
မှတ်ထားရမှာက...
တနေ့ငါအလှည့် လာမယ်ဆိုတာပဲ!
လူတွေနဲ့ဆက်ဆံတဲ့အခါ...
တစ်ခုတည်းသော နိုင်ကွက်က
"သူတကာထက် ပိုအလုပ်လုပ်ပြီး
အားလုံးထက် ပိုကြိုးစားပြခြင်း"ပဲ ဖြစ်တယ်...
Credit:Original writer
3.4.2020
Comments
Post a Comment