အချိန်တော်တော်များများမှာ
မဖြေရှင်းတာဟာ ဝန်ခံတာမဟုတ်ပါဘူး။
အလေးကို မထားချင်တာပါ။

အချိန်တော်တော်များများမှာ နှုတ်ဆိတ်နေ
တာဟာ ပြောစရာ စကားမရှိလို့ မဟုတ်ပါဘူး။
ပြောတော့လည်း ထူးလာမှာ မဟုတ်လို့ပါ။

အချိန်တော်တော်များများမှာ အငြင်းမပွား
တာဟာ သည်းခံစိတ်ကောင်းလွန်းလို့ မဟုတ်ပါဘူး။
ဒေါသဖြစ်ဖို့ကို မထိုက်တန်လို့ပါ။

လူ့ဘဝက တိုတောင်းပါတယ်။ ဒီဘဝမှာ
တွေ့ဆုံတဲ့လူတွေနဲ့ နောက်ဘဝမှာ
ပြန်တွေ့ရဖို့ အာမမခံနိုင်ပါဘူး။

ကိုယ့်ကိုယ်ကိုယ် သိလွန်း
တတ်လွန်းတယ် မထင်ပါနဲ့။
တကယ်တော့ တခြားသူလည်း မအ,ပါဘူး။

တခါတလေမှာ တုံးအချင်ဟန်ဆောင်တိုင်း
သူတကယ် အ,နေတာ မဟုတ်ပါဘူး။
နှုတ်ဆိတ်ခြင်းအနုပညာကို သူနားလည်လို့ပါ။

ငါက ဘာလဲဆိုတာ အရေးမကြီးဘူး။
ဘယ်သူက ဘာဆိုတာလည်း အရေးမကြီးဘူး။
ရှင်သန်ခြင်းကသာ တန်ဖိုးကြီးတယ်။

မလိုအပ်တဲ့အရာတွေအပေါ်
သိပ်မဖြုန်းမိပါစေနဲ့။

ကိုယ့်ဘဝထဲကို လူတွေအများကြီး
ဖိတ်ဝင်စရာ မလိုသလို လူအများ
ကိုယ့်ကို နှစ်သက်ဖို့လည်း မမျှော်လင့်ပါနဲ့။

သင့်အပေါ် နားမလည်သူတွေကို
ဖြေရှင်းချက် ထုတ်နေစရာမလိုသလို

သင့်အပေါ် နားလည်သူတွေက
သင့်ရဲ့ဖြေရှင်းချက်တွေကို မလိုပါဘူး။

ဒီလောကမှာ လူတိုင်း ကိုယ့်ကို
နှစ်သက်ကြမှာမဟုတ်ဘူး။

တချို့က သင့်ကို အားကျတယ်။
တချို့က သင့်ကို မုန်းတယ်။

တချီု့က သင့်ကို မနာလိုဘူး။
တချို့က သင့်ကို ချစ်ခင်တယ်။

ဘဝဆိုတာ ဒီလိုပါပဲ...

ကိုယ်လုပ်သမျှက လူတိုင်းကို
ကျေနပ်စေမှာ မဟုတ်ဘူး။

တခြားသူနှစ်သက်လာအောင်
လုပ်ဆောင်ရင်း ကိုယ့်နဂိုကို
မပျောက်ဆုံးပါစေနဲ့။

လူတိုင်းမှာ ကိုယ့်ခံယူချက်
ကိုယ့်ယုံကြည်မှုတွေ ရှိကြတယ်။

ကိုယ့်ယုံကြည်မှုကို တဖွဖွပြောရင်း
တခြားသူရဲ့ယုံကြည်မှုကိုလည်း မနင်းချေမိပါစေနဲ့။

တခြားသူရဲ့ပါးစပ်ထဲက သင်ဟာ
စစ်မှန်တဲ့သင် မဟုတ်ပါဘူး။

ကိုယ့်ကိုယ်ကိုယ်သာ အကောင်းဆုံးလုပ်ပါ။
ကိုယ်နှစ်သက်တဲ့ ကောင်းမွန်တဲ့ အလုပ်ကို လုပ်ပါ။

တခြားသူရဲ့အကြည့်ကို ဂရုစိုက်နေစရာမလိုပါဘူး။

ကိုယ့်လမ်း ကိုယ်လျှောက်
ကိုယ့်စတိုင်လ်နဲ့ ကိုယ်နေပါ။

သူတို့ပြောချင်တာ ပြောပါစေ။

ကင်းခြေများလို တခြားသူစကား
နားယောင်ပြီး ကိုယ်ဘယ်ခြေလှမ်း
စလှမ်းရမှန်း မသိတော့တာမျိုး မဖြစ်ပါစေနဲ့။

ရှင်သန်နေတယ် ဆိုတာနဲ့ အကောင်းဆုံး
ရှင်သန်မှုနဲ့ပဲ ဆက်လက်ရှင်သန်သွားပါ။




Credit to 99စနေ

Comments

VTbank4u

Na Theih Ko Lai

Ruahsur caan naa dornak thlam💔

Thinlung Innka😔

စိတ်အရမ်းညစ်နေတဲ့ သူတယောက်ဖြစ်ခဲ့ရင်

ရူးတတ်နေပြီ

☀️

Na caah thinlung innka khar caan um te hnga maw😔

Velhle