စွန့်လွှတ်လိုက်ပါ
စွန့်လွှတ်လိုက်ပါ
* မင်းချစ်သလောက် မင်းကိုတန်းဖိုးမထားတဲ့
လူတစ်ယောက်ကို စွန့်လွှတ်လိုက်ပါ …
* မင်းယုံကြည်မှုတွေကို အလွဲသုံးစားလုပ်ပြီး မင်းကွယ်ရာမှာ လိမ်လည်တတ်တဲ့ လူတစ်ယောက်ကို စွန့်လွှတ်လိုက်ပါ …
* မင်းကောင်းသလောက် မင်းအနစ်နာခံခဲ့ရသလောက်
အကောင်းမမြင်ပေးတဲ့ လူတစ်ယောက်ကို စွန့်လွှတ်လိုက်ပါ …
* မင်းဘက်က ဘာမဆို သူ့အတွက် အသင့်ရှိပေးနေတာတောင် မင်းအတွက်ဆို အချိန်လေးတောင် မပေးနိုင်တဲ့ လူတစ်ယောက်ကို စွန့်လွှတ်လိုက်ပါ …
* မိဘတွေကို ပုန်ကန်ပြီး သူ့ကိုချစ်တဲ့စိတ်တွေကြောင့် အရာရာ စိုးရိမ်ပေးနေတာတောင် စိုးရိမ်မှုက ချုပ်ချယ်ပါတယ်ဆိုပြီး ရုန်းထွက်သွားတဲ့ လူတစ်ယောက်ကို စွန့်လွှတ်လိုက်ပါ …
* မင်းအပေါင်းအသင်းတွေက တားတာတောင် မင်း သူ့ကို ရူးသွပ်ပြီး သူလုပ်သမျှ အကောင်းဆုံး နားလည်ပေးခဲ့တာတောင် လူရှေ့သူရှေ့ မင်းလက်ကို မတွဲရဲတဲ့ လူတစ်ယောက်ကို စွန့်လွှတ်လိုက်ပါ …
* မင်းဘက်က သတိရလို့ စဖုန်းခေါ်တာတောင် မအားသေးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖုန်းချတတ်တဲ့ လူတစ်ယောက်ကို စွန့်လွှတ်လိုက်ပါ …
* မင်းဘက်က ချစ်လွန်းလို့ သဝန်တိုမိတာတောင် စွတ်စွဲတယ် စိတ်ရှုပ်တယ်ဆိုပြီး အပြစ်ပြောတတ်တဲ့ လူတစ်ယောက်ကို စွန့်လွှတ်လိုက်ပါ …
* မင်းနဲ့ချစ်သူဖြစ်နေတာတောင် အများတကာရှေ့မှာ အောင်နိုင်သူကြီးလို နိုင်တဲ့ အထာမျိုးချိုးတတ်တဲ့ လူတစ်ယောက်ကို စွန့်လွှတ်လိုက်ပါ...
* မင်းက သူနဲ့ပတ်သတ်လာရင် ဦးစားပေးခဲ့သလောက် မင်းအပေါ်
အလေးမထား ဆက်ဆံတတ်တဲ့ လူတစ်ယောက်ကို စွန့်လွှတ်လိုက်ပါ ...
# နောက်ဆုံး သူ့ကို သတိရတဲ့စိတ် ချစ်တဲ့စိတ် ဂရုစိုက်တတ်တဲ့စိတ် သူနဲ့ပတ်သတ်လာရင် အစိုးရိမ်လွန်တဲ့စိတ်ကိုပါ တစ်ခါတည်း စွန့်လွှတ်လိုက်ပါ။
@crd:

Comments
Post a Comment