Posts

Showing posts from 2024

2025 is starting with WTF

Image
2025 is starting with WTF

Hlam Zuun

Image
Hlam zuun Kan coka a hlung ti lo Rawl bel fangpawng a zor Kan tingtang hri a tling lo Kan chumtual ai bingbo Ih zaunak a lawngkang Nan aw-ann a dai tuk ee u nau hna Mah siarem nak cio ah i pheu in ai zul diahmah mitthli hna Atang unau hmuh sianh lo khin Kan mitthlam ah nan i manh lo ning Nan chuah hnu kan buuk Zion in babilon  Zanriah cabuai ah unau hna an bau Phungbuar kecek thong an tla hnga maw Ka vaih mit he nan i tong lo Ka zuu hrai tal van ka khawng hen u Nan kal thai tak ko lai maw Kanmah he ai hlat nak hmun ah khin #Salai Chuncha
"ဘာသာရပ်အလိုက် ရည်းစားစကား ပြောနည်း" ********************************* #မြန်မာစာသင်သောဆရာမလေး_သို့ ဆရာမလေး တကယ်တော့ … နင်ဟာ "ရွှေနှင့်ယိုးမှား ပန်းစကားလို"လှပပြီး "ဘုန်းနှင့် ကံနှင့် ရွှေသဇင်"လို တန်းဖိုးမြင့်မြတ်လှသူပါ။ ငါ့အချစ်က သိင်္ဃသူ့သမီးရဲ့ ဆုတောင်းလို ရမ္မက်ကြီးခြင်း သစ္စာမဲ့ခြင်း ကင်းပါတယ်။ မင်းအတွက်ဆို … ငါက ဗျည်းနွဲ့လို သူရဲကောင်းဖြစ်ချင်သူပါ။ ရေသည်ယောက်ျားလို လောဘမကြီးရပါဘူး ဥဒယမင်းကြီးရဲ့စွန့်လွှတ်မှုမျိုးနဲ့ နင့်အချစ်တွေ စွန့်ကြဲပေးပါလား။ နာမဝိသေသနတွေ မရှိခြင်းနဲ့ ကြိယာတွေလို များများ ချစ်ပါရစေ။ …………… #အင်္ဂလိပ်စာသင်သောဆရာမလေး_သို့ ဆရာမလေး… ငါ့အချစ်က Calender နှင့် Clocks တွေလို ခေတ်အဆက်ဆက်ဖြတ်သန်းလာခဲ့တာပါ နင်နဲ့တွေ့တိုင်း … ငါဟာ Too Much Knowledge Maketh Fools ထဲက ဇာတ်ကောင်လေးယောက်လို အလွဲလွဲအမှားမှားဖြစ်ရတယ်။ တကယ်တော့ … အချစ်ဆိုတာ "Hellen Keller" လိုပဲလား နင့်နှလုံးသားက Robots ဆန်လွန်းတယ်ဟာ "Dreams Do Come True " ဖြစ်လာမယ့်နေ့ကို ငါ "Sleep and Dreams" ရင်း စောင့်နေမယ်။ …………………………………… #သင်္ချာသင်သောဆရာမလေး_သို့...

လျော့ပါ

Image
အရမ်းချစ်လာရင် ဖုန်းလျှော့ဆက်ပါ။ အရမ်းသတိရလာရင် မက်စေ့လျှော့ပို့ပါ။ အရမ်းလိုအပ်လာပြီဆိုရင် ခဏတာမေ့ထားလိုက်ပါ။ ဘာလို့ဆို ....... (အချစ်ရဲ့ နိယာမ သဘောတရားကိုက ကို့ကိုပစ်ထားတဲ့လူ၊ကို့ကိုနာကျင်စေတဲ့လူ၊ကို့ကို မျက်ရည်ကျစေတဲ့လူဆိုရင် မမေ့နိုင်အောင် ချစ်တတ်ပြီး... မလွတ်သွားအောင် စွဲထားတတ်ပြီး... ကို့ကိုဂရုစိုက်တဲ့လူ၊တန်ဖိုးထားတဲ့လူ၊အမြဲအဆင်သင့်ဖြစ်နေတဲ့လူမျိုးကြ စိတ်ကုန်လွယ်၊ငြီးငွေ့လွယ်တတ်တယ်။) တစ်ချို့ဆို တကယ်ချစ်လာပြီဆိုရင်၊သူ့တို့တကယ်လိုအပ်လာပြီဆိုရင်.. တစ်ဖက်လူဒဏ်မခံနိုင်တော့တာပဲ။ တစ်ဖက်လူရဲ့ အသေးဖွဲကစ သူတို့နမ်မည်တွေ ဖြစ်ချင်လာတယ်။ ဆုံးရှုံးရမှာ ကြောက်တဲ့စိတ်နဲ့ပဲ ဂရုစိုက်ခြင်းအသွင်ကနေ  တဖက်လူကိုကျင်းကျတ်စေတဲ့အသွင်းပြောင်းသွားတတ်ပြီး အရာရာဟာ ကို့အမှားတွေပဲဖြစ်လာတယ်။ မမှားလဲ မှားတော့တယ်။ မှန်နေရဲ့နဲ့တောင်းပန်ရတဲ့အဖြစ်တွေ ကြုံရတယ်။ တစ်ဖက်လူလဲ မပျော်ရ၊ကို့ဘက်လဲ မပျော်ရနဲ့ နောက်ဆုံး... ပိုအနီးကိုသွားလေလေ... ပိုဝေးလာလေလေဖြစ်တော့တာပဲ။ ကျနော်ပြောတာကို ယုံပါ။ အနီးမှာနေလိုက ခပ်ခွာခွာနေပါ။ တကယ်ချစ်ရင် အရမ်းဂရုစိုက်မပြပါနဲ့။ #YTL

လောကမှာ👇👇

Image
လောကမှာ ဖုံးကွယ်လို့မရတဲ့အရာ(၃)ခု ၁။ပညာမတတ်တာ ၂။ဆင်းရဲတာ ၃။ချစ်တာ အဲ့ဒီသုံးခုက ဖုံးကွယ်လေလေ ပေါ် လွင်လေမို့ပါ ။ လောကမှာလက်မလွှတ်သင့်တဲ့အရာ(၃)ခု ၁။ယုံကြည်မူ့ ၂။မျှော်လင့်ချက် ၃။ရိုးသားမူ့ လက်လွှတ်လိုက်လေလေ နောင်တ ရလေလေမို့ပါ ။ လောကမှာ ဆိုင့်ငံ့ထားလို့မရတဲ့ အရာ(၃)ခု ၁။အသက် ၂။အချိန် ၃။ချစ်ခြင်းတရား ဆိုင်းငံ့ထားလေလေ ဝေကွားသွားလေမို့ပါ ။ လောကမှာ ဆောင်ထားရမဲ့ အရာ(၃)ခု ၁။ရိုးသားမူ့ ၂။လေးစားမူ့ ၃။ခင်မင်ဖော်ရွေမူ့ ဆောင်ထားလေလေ နောင်တ ကင်းလေလေမို့ပါ ။ လောကမှာ ရှောင်ရှားသင့်တဲ့ အရာ(၃)ခု ၁။လိုမှတမ်းတတဲ့ သူငယ်ချင်း ၂။ကွယ်ရာမကောင်းပြောတဲ့ မိတ်ဆွေ ၃။နူတ်စည်းမစောင့်သော အပေါင်းသင်း ရှောင်ရှားနိုင်လေလေ စိတ်အေးချမ်းလေလေမို့ပါ ။ လောကမှာ နောက်ကိုမရွှေ့သင့်တဲ့အရာ(၃)ခု ၁။အလှူအတန်း ၂။မိဘကျေးဇူးဆပ်ခြင်း ၃။တရားဘဝနာ နောက်ရွှေ့လေလေ နောင်တရလေလေမို့ပါ ။ Crd;

သူ ကိုယ့်ကို တကယ်ချစ်၊မချစ် ဘယ်လိုသိနိုင်မလဲ?

Image
🔹 အလေးထားတယ်။ ကိုယ့်ခံစားချက်တွေကို အလေးထားပြီးနားထောင်ပေးတယ်။ ကိုယ့်အတိတ်ကို နားလည်ပေးတယ်။ Trauma တွေကို သူတတ်သလိုပုံစံနဲ့ heal ပေးတယ်။ Research တစ်ခုမှာ "ယောကျ်ားလေးတစ်ယောက် တကယ်ချစ်ရင် သူ့မိန်းကလေးကို မျက်ရည်တွေနဲ့ အိပ်ရာမဝင်စေဘူး'' လို့ရေးထားတယ်။။ ပြောချင်တာက သူ့ကြောင့်အတွေးများတဲ့ အိပ်ပျက်ညတွေ မဖြစ်စေဘူး။ 🔹 စိတ်လုံခြုံမှုပေးတယ်။ တိုင်ပင်လို့ရတယ်။  " ကိစ္စများမြောင် လူတို့ဘောင်'' ဆိုသလို ဘယ်လောက် Strong ဖြစ်တဲ့လူဖြစ်ဖြစ် အခက်အခဲရှိတတ်တယ်။ ဒီလိုချိန်တိုင်း သူနဲ့တိုင်ပင်လို့ရတယ်။အကြံဥာဏ်ကောင်း ရတယ်ဆိုရင် ဒါက ချစ်သူလိုရော မိတ်ဆွေကောင်းလိုပါ ဖြစ်သွားပြီ။အဲ့လိုမဟုတ်ပဲ တစ်ခုခုဆို ကိုယ့်ကို အပြစ်မြင်ဝေဖန် ရှုံချတတ်တဲ့သူ ဆိုရင် မဟုတ်သေးဘူး။  🔹ကိုယ့်ကို appreciate လုပ်တဲ့သူလား? Ignore လုပ်တတ်တဲ့သူလား?  ကလေးတွေ လမ်းစလျှောက်ချိန် ခဏခဏ လဲကျချိန်မှာ အမေတွေ ဘာပြောလဲ?"မေ့မေ့သမီးလေးတော်လိုက်တာ။ မေု့မေ့ဆီ ရောက်အောင်လာခဲ့နော် ''ပဲပြောတာနော်။ " နင်က အဖြစ်မရှိဘူး'' လို့မပြောဘူး။ ချစ်သူချင်းလည်း ဒီလို appreciate လုပ်မှ ရေရှည်အဆင်ပြေမှာပေါ့။ မဟုတ်ရ...

မင်းကို မနာကျင်စေချင်ဘူး

ကိုယ် နာကျင်ရသလို  မင်းကို  ဘယ်တော့မှ  မနာကျင်စေချင်ဘူး ။  ဘာကြောင့်လည်းမေးရင် မင်းက  ရင့်ကျက်ချင်ယောင်ဆောင်ပေမယ့် သိပ် သိမ်ငယ်တတ်တာကို  ကိုယ် တစ်ယောက်တည်း  သိခဲ့တာလေ  သိပ် သန်မာသလို နေပြတတ်တတ်ပေမယ့် တစ်ဖက်မှာ သိပ် ပြိုလဲလွယ်တာကို  ကိုယ် သိခဲ့ရတယ် ။ ဖြစ်နိုင်ရင်  ဝဋ်ဆိုတဲ့ အရာကလည်း လွတ်စေချင်တယ် ချစ်တဲ့လူတစ်ယောက်ရဲ့ လက်မှာ ပျော်ပျော်ရွှင်ရွှင်ရှိစေချင်တယ်  ဘ၀တစ်လျှောက်လုံး အေးချမ်းစေချင်တယ်  ကိုယ်က ချစ်မိခဲ့တဲ့သူလေ ကိုယ်က  ချစ်ခဲ့ရတဲ့သူလေ ကိုယ် ပေးနိုင်တဲ့ မေတ္တာ မင်းအပေါ်  အဆုံးစွန်ထိ နွေးစေချင်ပါတယ် ။ #ကျေးကို

မဝေဖန်ပါနဲ့

🍁 လူတွေကို_မဝေဖန်ပါနဲ့ မင်းမြင်နေရသလောက်က သူတို့ ဘဝ အကုန်မဟုတ်သေးဘူး...♥ 🍁 မင်းကြားသမျှတိုင်းလည်း သူတို့ စိတ်ရင်းအမှန်တွေချည်းမဟုတ်နိုင်ဘူး 🍁 သူတို့ ဘဝမှာ မင်းကို မမြင်စေချင်တဲ့ ဘဝ အစိတ်အပိုင်းတွေရှိသေးတယ်။ သူတို့ပြ သလောက်ပဲ မင်းမြင်ခွင့်ရနေတာမို့ အတုမှန်း အစစ်မှန်း မင်းသေချာ မသိနိုင်ဘူး။ 🍁 သူတို့ မင်းကို မကြားသိစေချင်တဲ့ ရင်ထဲက စကားတွေ ရှိသေးတယ်။ သူတို့ပြောသလောက်ပဲ မင်းကြားနေရတာမို့ အမှန်လား အလိမ်အညာလား မင်းသေချာ မသိနိုင်ဘူး။ 🍁 ဘယ်အရာက အစစ် အတုဆိုတာကို မင်းခွဲခြားဖို့ခက်အောင် လူပေါင်းများစွာက အတုအစစ်တွေရောထွေးပြီး ချပြနေတတ်ကြတယ်။ 🍁 ကိုယ့်အသံရဲ့ အမှားအမှန်နဲ့ ကိုယ်ပုံရိပ်ရဲ့ အတုအစစ်ကိုတောင် မင်းရှာတွေ့ဖို့ ခက်ခဲလှတဲ့ တစ်ချို့အချိန်တွေရှိတတ် ပြန်သေးတယ်မလား။ 🍁 ဒါကြောင့် သူများအကြောင်း အမှန်အမှား အတုအစစ် ခွဲခြားစစ်ဆေးနေခြင်းထက်......♥ 🍁 ကိုယ့်အကြောင်း ကိုယ် ပိုသိအောင် မင်း ကြိုးစားသင့်တယ်မလား။ 🍁 ကိုယ့်ကိုယ်ကိုနဲ့ ကိုယ့်စိတ်ကို အမှန်အတိုင်း နားလည်ဖို့တောင် ငါတို့ အကြိမ်ကြိမ် လွဲမှားချင်နေကြတုန်း။ 🍁 တစ်ခါတစ်လေကျရင် ကိုယ့်ကိုယ်ကိုတောင် ပျောက်ဆုံးလို့ ငါတောင် ငါမဟုတ်ပြန်ဘူးရယ်...။ #...

အိမ်ထောင် တစ်ခု

အိမ်ထောင်တစ်ခုမှာ..     အချစ်တစ်ခုထဲနဲ့လည်း မပြည့်စုံသလို ငွေတစ်ခုထဲနဲ့လည်း မသာယာနိုင်ဘူး.. ...... တစ်ယောက်နဲ့ တစ်ယောက်    ယုံကြည်မှု နားလည်မှုတွေလည်း လိုအပ်တယ်.. .. သူ့မိသားစု ကိုယ့်မိသားစု        နှစ်ဖက်လုံးကို နားလည်ပေးနိုင်ဖို့လဲလိုတယ်.. .. ဝမ်းဝရုံ ခါးလှရုံ       ထားနိုင်နေနိုင်ရုံနဲ့လည်း အိမ်ထောင်ဦးစီးတာဝန် မကျေပွန်သေးဘူး.. ....... ဇနီးအပေါ်မှာ ကြင်နာမှု ဂရုစိုက်မှု သည်းခံခွင့်လွှတ်မှု တွေလည်း ပိုင်ဆိုင်ထားရမယ်.. ... အိမ်မှုကိစ္စ နိုင်နင်းရုံနဲ့လည်း    ဇနီးမယားတစ်ယောက်ရဲ့တာဝန် မကျေပွန်သေးဘူး...... ခင်ပွန်းအပေါ်မှာ ယုံကြည်မှု လေးစားမှု   ရိုသေမှု အားကိုးထိုက်မှုတွေနဲ့ ချစ်ခင်မှုတွေလည်း            ပိုင်ဆိုင်ထားရမယ်.. ......... အဓိက တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် နားလည်မှု ယုံကြည်မှု ချစ်ခင်မှုတွေလည်း ရှိရမယ်.. ...... ချစ်လို့ယူထားကြတာပဲ                              ဘာ့ကြောင့်.. ..... ယူပြီးမှ တစ်ယောက်နဲ့တ...

Relationship 🤗

ကိုယ်နဲ့ အတူတူ တိုးတက်ဖို့ စိတ်အားထက်သန်တဲ့ သူနဲ့ လက်တွဲသင့်တယ် ။ Relationship တစ်ခုကို ဖန်တီးသင့်တယ် ။ အချိန်ပြည့် ချစ်ကြောင်းတွေ ပြောနေတဲ့သူမဟုတ်ဘူး အရပ်ရှည်တဲ့ သူမဟုတ်ဘူး ။ အရမ်းချောတဲ့သူ မဟုတ်ဘူး ။ ဒါက အတိုင်းအတာ တစ်ခုအထိတော့ ကြည်နူးစရာပါပဲ ။  အချိန်အတိုင်းအတာ တစ်ခုရောက်ရင် ဘဝ တစ်ခုကိုအတူ တည်ထောင်လိုက်တဲ့ အချိန်ကြရင် အချစ်တစ်ခုတည်းနဲ့ မပြည့်စုံနိုင်တော့မယ့် အရာတွေ ဖြစ်လာတော့မယ် ။  ဒါတွေသာ လိုအပ်တာထက် ပိုများလာရင် အချစ်က  Auto ခုန်ထွက်သွားမှာပဲ ။ အတူ ရုန်းကန်ရမှာ ကြောက်တဲ့သူဆို ပိုဆိုးတယ် ။ လူတစ်ယောက်ကို ချစ်တဲ့အခါ အကောင်းဆုံးတွေကို အတူပျော်နိုင်ပြီး အဆိုးဆုံးတွေကို ရင်ဆိုင်ပေးနိုင်ရမယ် ကိုယ့်ဘဝထဲ လူတစ်ယောက်ကို ခေါ်ထားနိုင်တဲ့ အရည်ချင်းမျိုး ရှိနေမှ ရမယ် ။ လူတွေက စက်ရုပ်မဟုတ်ဘူး ။ မပြည့်စုံတာတွေ ရှိမယ် အားနည်းချက်တွေရှိမယ် ။ ငါတို့တွေဟာ ချောချင်မှချောမယ် ။ မလှပတဲ့ အရေပြားတွေ ရှိရင်ရှိမယ် ။ အသားညိုရင် ညိုမယ် ။ အရပ်နိမ့်ရင် နိမ့်မယ် ပညာတွေ ဆုံးခန်းမတိုင်တာမျိုးရှိမယ် ။ ချို့ယွင်းခဲ့တဲ့ အတိတ်တွေ ရှိမယ် ။ မိသားစု အသိုင်းအဝိုင်း မကောင်းတာတွေ ရှိမယ် ။ ဒါတွေကို အားနည်းချက်လို...

💡💡ဆုံတတ်တယ် 💡💡

•• ``လူကောင်း´´တစ်ယောက်က … လူယုတ်မာအများစုနှင့် ဆုံတတ်တယ် ~~~ •• ``လူရိုး´´ တစ်ယောက်က လူလိမ်ညာအများစုနှင့် ဆုံတတ်တယ် ~~~ •• ``လူဖြောင့့်မှန်´´ တစ်ယောက်က လူကောက်ကျစ်အများစုနှင့် ဆုံတတ်တယ် ~~~ •• ထိုလူ (၃) ဦးဟာ … အဲ့ဒီ လူ(၃)မျိုး အများစုနှင့် မလွဲမသွေ  ဆုံရကြုံရကြလိမ့်မယ် ~~ •• ထိုကဲ့သို့ ဆုံရကြုံရလို့ … သီးမခံနိုင် ' ခွင့်မလွှတ်နိုင် ' ဥပေက္ခာမပြုနိုင်လျှင် … !"' လူကောင်းတစ်ယောက်နေ လူယုတ်မာကြီး ဖြစ်သွားတတ်တယ် !"' !"' လူရိုးတစ်ယောက်ကနေ လူလိမ်လူညာကြီး ဖြစ်သွားတတ်တယ် !"' !"' လူဖြောင့်မှန်ကနေ လူကောက်ကျစ်သမားကြီး ဖြစ်သွားတတ်တယ် ~~~ •• ဆုံသည်ဖြစ်စေ မဆုံသည်ဖြစ်စေ ဘယ်သူမပြု မိမိမှုဆိုသလို သီးခံခြင်း ခွင့်လွှတ်ခြင်း ဥပေက္ခာပြုခြင်းဖြင့် မိမိဘဝကိုယ်သာ ကောင်းမွန်စွာရှင်သန်ခြင်းသည် ဘုရှားရှင်တော်၏ မင်္ဂလာတရားတော်နှင့်ညီပေမည်။ Credit_