အိမ်ထောင် တစ်ခု


အိမ်ထောင်တစ်ခုမှာ..
    အချစ်တစ်ခုထဲနဲ့လည်း မပြည့်စုံသလို
ငွေတစ်ခုထဲနဲ့လည်း မသာယာနိုင်ဘူး.. ......

တစ်ယောက်နဲ့ တစ်ယောက်
   ယုံကြည်မှု နားလည်မှုတွေလည်း လိုအပ်တယ်.. ..

သူ့မိသားစု ကိုယ့်မိသားစု
       နှစ်ဖက်လုံးကို နားလည်ပေးနိုင်ဖို့လဲလိုတယ်.. ..

ဝမ်းဝရုံ ခါးလှရုံ 
     ထားနိုင်နေနိုင်ရုံနဲ့လည်း အိမ်ထောင်ဦးစီးတာဝန်
မကျေပွန်သေးဘူး.. .......

ဇနီးအပေါ်မှာ ကြင်နာမှု ဂရုစိုက်မှု
သည်းခံခွင့်လွှတ်မှု တွေလည်း ပိုင်ဆိုင်ထားရမယ်.. ...

အိမ်မှုကိစ္စ နိုင်နင်းရုံနဲ့လည်း
   ဇနီးမယားတစ်ယောက်ရဲ့တာဝန် မကျေပွန်သေးဘူး......

ခင်ပွန်းအပေါ်မှာ ယုံကြည်မှု လေးစားမှု
  ရိုသေမှု အားကိုးထိုက်မှုတွေနဲ့ ချစ်ခင်မှုတွေလည်း 
          ပိုင်ဆိုင်ထားရမယ်.. .........

အဓိက တစ်ယောက်နဲ့ တစ်ယောက်
အပြန်အလှန် နားလည်မှု ယုံကြည်မှု
ချစ်ခင်မှုတွေလည်း ရှိရမယ်.. ......

ချစ်လို့ယူထားကြတာပဲ
                             ဘာ့ကြောင့်.. .....
ယူပြီးမှ တစ်ယောက်နဲ့တစ်ယောက် တစ်ယောက်
        ရန်လိုမှုတွေ သည်းမခံနိုင်တာတွေ  စကားတွေအမှားမခံကြတော့တာလဲ.. ....

အိမ်ထောင်မပြုခင်
           သေချာစဉ်းစားကြပါ.. ..
ချစ်နေတဲ့အချိန်မှာ သူဘာပြောပြော
   ကိုယ်ဘာလုပ်လုပ် ခွင့်လွှတ်နိုင်ကြတယ်.....

အဲ့သလိုပဲ လက်ထပ်ပြီးတဲ့အခါကျရင်လည်း
       နားလည်မှုတွေ သည်းခံမှုတွေ
     ချစ်ခြင်းတရားတွေ ခိုင်မြဲကြပါစေ.. .....
.
.ချစ်တဲ့သူတိုင်း ပေါင်းစည်းကြရပါစေ❤❤❤
.

credit.

Comments

VTbank4u

Na Theih Ko Lai

Ruahsur caan naa dornak thlam💔

Thinlung Innka😔

စိတ်အရမ်းညစ်နေတဲ့ သူတယောက်ဖြစ်ခဲ့ရင်

ရူးတတ်နေပြီ

☀️

Na caah thinlung innka khar caan um te hnga maw😔

Velhle