မင်းကို မနာကျင်စေချင်ဘူး

ကိုယ် နာကျင်ရသလို 
မင်းကို 
ဘယ်တော့မှ 
မနာကျင်စေချင်ဘူး ။ 

ဘာကြောင့်လည်းမေးရင်
မင်းက 
ရင့်ကျက်ချင်ယောင်ဆောင်ပေမယ့်
သိပ် သိမ်ငယ်တတ်တာကို 
ကိုယ် တစ်ယောက်တည်း 
သိခဲ့တာလေ 

သိပ် သန်မာသလို နေပြတတ်တတ်ပေမယ့်
တစ်ဖက်မှာ
သိပ် ပြိုလဲလွယ်တာကို 
ကိုယ် သိခဲ့ရတယ် ။

ဖြစ်နိုင်ရင် 
ဝဋ်ဆိုတဲ့ အရာကလည်း
လွတ်စေချင်တယ်

ချစ်တဲ့လူတစ်ယောက်ရဲ့ လက်မှာ
ပျော်ပျော်ရွှင်ရွှင်ရှိစေချင်တယ် 
ဘ၀တစ်လျှောက်လုံး အေးချမ်းစေချင်တယ် 

ကိုယ်က
ချစ်မိခဲ့တဲ့သူလေ
ကိုယ်က 
ချစ်ခဲ့ရတဲ့သူလေ

ကိုယ် ပေးနိုင်တဲ့ မေတ္တာ
မင်းအပေါ် 
အဆုံးစွန်ထိ နွေးစေချင်ပါတယ် ။

#ကျေးကို

Comments

VTbank4u

Na Theih Ko Lai

Ruahsur caan naa dornak thlam💔

Thinlung Innka😔

စိတ်အရမ်းညစ်နေတဲ့ သူတယောက်ဖြစ်ခဲ့ရင်

ရူးတတ်နေပြီ

☀️

Na caah thinlung innka khar caan um te hnga maw😔

Velhle