မဝေဖန်ပါနဲ့

🍁 လူတွေကို_မဝေဖန်ပါနဲ့
မင်းမြင်နေရသလောက်က
သူတို့ ဘဝ အကုန်မဟုတ်သေးဘူး...♥

🍁 မင်းကြားသမျှတိုင်းလည်း
သူတို့ စိတ်ရင်းအမှန်တွေချည်းမဟုတ်နိုင်ဘူး

🍁 သူတို့ ဘဝမှာ
မင်းကို မမြင်စေချင်တဲ့
ဘဝ အစိတ်အပိုင်းတွေရှိသေးတယ်။
သူတို့ပြ သလောက်ပဲ
မင်းမြင်ခွင့်ရနေတာမို့
အတုမှန်း အစစ်မှန်း
မင်းသေချာ မသိနိုင်ဘူး။

🍁 သူတို့ မင်းကို မကြားသိစေချင်တဲ့
ရင်ထဲက စကားတွေ ရှိသေးတယ်။
သူတို့ပြောသလောက်ပဲ
မင်းကြားနေရတာမို့
အမှန်လား အလိမ်အညာလား
မင်းသေချာ မသိနိုင်ဘူး။

🍁 ဘယ်အရာက အစစ် အတုဆိုတာကို
မင်းခွဲခြားဖို့ခက်အောင်
လူပေါင်းများစွာက
အတုအစစ်တွေရောထွေးပြီး
ချပြနေတတ်ကြတယ်။

🍁 ကိုယ့်အသံရဲ့ အမှားအမှန်နဲ့
ကိုယ်ပုံရိပ်ရဲ့ အတုအစစ်ကိုတောင်
မင်းရှာတွေ့ဖို့ ခက်ခဲလှတဲ့
တစ်ချို့အချိန်တွေရှိတတ် ပြန်သေးတယ်မလား။

🍁 ဒါကြောင့် သူများအကြောင်း
အမှန်အမှား အတုအစစ်
ခွဲခြားစစ်ဆေးနေခြင်းထက်......♥

🍁 ကိုယ့်အကြောင်း ကိုယ် ပိုသိအောင်
မင်း ကြိုးစားသင့်တယ်မလား။

🍁 ကိုယ့်ကိုယ်ကိုနဲ့ ကိုယ့်စိတ်ကို
အမှန်အတိုင်း နားလည်ဖို့တောင်
ငါတို့ အကြိမ်ကြိမ် လွဲမှားချင်နေကြတုန်း။

🍁 တစ်ခါတစ်လေကျရင်
ကိုယ့်ကိုယ်ကိုတောင် ပျောက်ဆုံးလို့
ငါတောင် ငါမဟုတ်ပြန်ဘူးရယ်...။
#crd

Comments

VTbank4u

Na Theih Ko Lai

Ruahsur caan naa dornak thlam💔

Thinlung Innka😔

စိတ်အရမ်းညစ်နေတဲ့ သူတယောက်ဖြစ်ခဲ့ရင်

ရူးတတ်နေပြီ

☀️

Na caah thinlung innka khar caan um te hnga maw😔

Velhle