သူ ကိုယ့်ကို တကယ်ချစ်၊မချစ် ဘယ်လိုသိနိုင်မလဲ?
🔹 အလေးထားတယ်။
ကိုယ့်ခံစားချက်တွေကို အလေးထားပြီးနားထောင်ပေးတယ်။ ကိုယ့်အတိတ်ကို နားလည်ပေးတယ်။ Trauma တွေကို သူတတ်သလိုပုံစံနဲ့ heal ပေးတယ်။ Research တစ်ခုမှာ "ယောကျ်ားလေးတစ်ယောက် တကယ်ချစ်ရင် သူ့မိန်းကလေးကို မျက်ရည်တွေနဲ့ အိပ်ရာမဝင်စေဘူး'' လို့ရေးထားတယ်။။ ပြောချင်တာက သူ့ကြောင့်အတွေးများတဲ့ အိပ်ပျက်ညတွေ မဖြစ်စေဘူး။
🔹 စိတ်လုံခြုံမှုပေးတယ်။ တိုင်ပင်လို့ရတယ်။
" ကိစ္စများမြောင် လူတို့ဘောင်'' ဆိုသလို ဘယ်လောက် Strong ဖြစ်တဲ့လူဖြစ်ဖြစ် အခက်အခဲရှိတတ်တယ်။ ဒီလိုချိန်တိုင်း သူနဲ့တိုင်ပင်လို့ရတယ်။အကြံဥာဏ်ကောင်း ရတယ်ဆိုရင် ဒါက ချစ်သူလိုရော မိတ်ဆွေကောင်းလိုပါ ဖြစ်သွားပြီ။အဲ့လိုမဟုတ်ပဲ တစ်ခုခုဆို ကိုယ့်ကို အပြစ်မြင်ဝေဖန် ရှုံချတတ်တဲ့သူ ဆိုရင် မဟုတ်သေးဘူး။
🔹ကိုယ့်ကို appreciate လုပ်တဲ့သူလား? Ignore လုပ်တတ်တဲ့သူလား?
ကလေးတွေ လမ်းစလျှောက်ချိန် ခဏခဏ လဲကျချိန်မှာ အမေတွေ ဘာပြောလဲ?"မေ့မေ့သမီးလေးတော်လိုက်တာ။ မေု့မေ့ဆီ ရောက်အောင်လာခဲ့နော် ''ပဲပြောတာနော်။ " နင်က အဖြစ်မရှိဘူး'' လို့မပြောဘူး။ ချစ်သူချင်းလည်း ဒီလို appreciate လုပ်မှ ရေရှည်အဆင်ပြေမှာပေါ့။ မဟုတ်ရင် ချစ်သူဆိုတာ သူစိမ်းနဲ့ ဘာကွာတော့မှာလဲ?
🔹 အချစ်ခံရတယ်လို့ ခံစားရတယ်။
တစ်ဖက်က ဘာကြီးဖြစ်နေပါစေ။"သူငါ့ကိုချစ်တာပဲ ''ဆိုတာကိုယ့်စိတ်က အမြဲသိတယ်။ အဆက်အသွယ် အမြဲရှိသလို သူအဆက်အသွယ်ပြတ်တဲ့နေရာ သွားရရင် တောင် သေချာပြောထားတယ်။ ကိုယ့်ချစ်သူအကြောင်း သူများပြောမှ သိရတာမျိုး လုံးဝမရှိဘူး။
🔹 လက်တွေ့ဆန်တယ်
ကိုယ်ကဘာကိုကြိုက်တယ်။ဘာကိုမကြိုက်ဘူး ဆိုတာသူသိတယ်။ကိုယ်မကြိုက်တာကို မလုပ်ဘူး။သူပြောထားတဲ့ အရာတွေကိုလည်း လက်တွေ့ဆောင်ရွက်တယ်။ကတိ တည်တယ်။ Commitment ပေးတယ်။ ကိုယ်နဲ့ပတ် သက်တဲ့ အနာဂါတ်လည်း သူ့မှာရှိတယ်။
🔹သစ္စာရှိတယ်။
ချစ်သူ နှစ်ယောက်ကြားမှာ အခြေခံစည်းမျဥ်းက သစ္စာတရားပါ။ ဒီတစ်ခုပျက်ပြယ်သွားတာနဲ့ ချစ်သူအဖြစ်က အလိုလိုရပ်စဲပြီးဖြစ်တယ်။ ဆက်သွားရင်လည်း နာကျင်မှုတွေကလွဲပြီး ဘာအဓိပ္ပါယ်မှ မရှိတော့ဘူး။
ဒီအချက်တွေနဲ့ သူကိုယ့်ကိုတကယ်ချစ်မချစ် ဆန်းစစ်ကြည့်ပါ။ ချစ်သူပေါသလောက် လက်တွဲဖော်ရှားနေတဲ့ ခုခောတ်ကြီးမှာ နှလုံးသားရော ဦးနှောက်ပါ ပြိုင်တူ အလုပ်လုပ်မှ အဆင်ပြေလိမ့်မယ်။
အားလုံး စစ်မှန်သောချစ်ခြင်းများ ပိုင်ဆိုင်ကြပါစေ။
🫶🏻🫶🏻Credit....
Comments
Post a Comment