"ဘာသာရပ်အလိုက် ရည်းစားစကား ပြောနည်း"
*********************************
#မြန်မာစာသင်သောဆရာမလေး_သို့
ဆရာမလေး
တကယ်တော့ … နင်ဟာ
"ရွှေနှင့်ယိုးမှား ပန်းစကားလို"လှပပြီး
"ဘုန်းနှင့် ကံနှင့် ရွှေသဇင်"လို
တန်းဖိုးမြင့်မြတ်လှသူပါ။
ငါ့အချစ်က သိင်္ဃသူ့သမီးရဲ့ ဆုတောင်းလို
ရမ္မက်ကြီးခြင်း သစ္စာမဲ့ခြင်း ကင်းပါတယ်။
မင်းအတွက်ဆို … ငါက
ဗျည်းနွဲ့လို သူရဲကောင်းဖြစ်ချင်သူပါ။
ရေသည်ယောက်ျားလို လောဘမကြီးရပါဘူး
ဥဒယမင်းကြီးရဲ့စွန့်လွှတ်မှုမျိုးနဲ့
နင့်အချစ်တွေ စွန့်ကြဲပေးပါလား။
နာမဝိသေသနတွေ မရှိခြင်းနဲ့
ကြိယာတွေလို များများ ချစ်ပါရစေ။
……………

#အင်္ဂလိပ်စာသင်သောဆရာမလေး_သို့
ဆရာမလေး…
ငါ့အချစ်က Calender နှင့် Clocks တွေလို
ခေတ်အဆက်ဆက်ဖြတ်သန်းလာခဲ့တာပါ
နင်နဲ့တွေ့တိုင်း … ငါဟာ
Too Much Knowledge Maketh Fools ထဲက
ဇာတ်ကောင်လေးယောက်လို
အလွဲလွဲအမှားမှားဖြစ်ရတယ်။
တကယ်တော့ … အချစ်ဆိုတာ
"Hellen Keller" လိုပဲလား
နင့်နှလုံးသားက Robots ဆန်လွန်းတယ်ဟာ
"Dreams Do Come True " ဖြစ်လာမယ့်နေ့ကို
ငါ "Sleep and Dreams" ရင်း စောင့်နေမယ်။
……………………………………

#သင်္ချာသင်သောဆရာမလေး_သို့
ဆရာမလေး…
ငါ့အချစ်က " Remainder " လိုတော့
အကြွင်းရှိမှာ မဟုတ်ဘူး။
မင်းကြိုက်သလို Differentiate နိုင်ပါတယ်
မင်းကြိုက်တဲ့ Angle ကနေ ကြိုက်တဲ့ ဒီဂရီနဲ့ တွက်ပါ
ငါ့ရဲ့တစ်ခုတည်းသော သီအိုရီကတော့
နင့်ကို ချစ်ခြင်း ပါပဲ။
………………………………………

#ရူပဗေဒသင်သောဆရာမလေး_သို့
ဆရာမလေး…
နယူတန်ရဲ့နိယာမနဲ့ နင့်ရဲ့အလှတရားမှာ
ကြွေကျခဲ့တဲ့ ပန်းသီးတစ်လုံးဟာ … ငါပါ။
အလွမ်းတွေ Pressure များလာတယ်
နင့်ပုံရိပ်တွေ မြင်ယောင်မိတိုင်း
ငါ့ရင်ဟာ Vibrating အမျိုးမျိုးနဲ့ တုန်ခါတယ်။
နင်က Modern Physics လို 
နားလည်ရခက်လှတယ်ကွယ်။
မင်းဆီက စိုးရိမ်ပူပန်မှုတွေကို
Transfer of Heat လုပ်ယူပြီး
ငါပဲ ခံယူပါရစေ။
ငါက နင့်ရဲ့ Electric Field နယ်မြေမှာပဲ
နေချင်သူလေ။
နင်က ငါ့ရဲ့ Light ပါ
ငါ့ရဲ့သတိရခြင်းအလင်းရဲ့အလျှင်နဲ့ 
နင်အဆင်ပြေပါစေ။
…………………………………

#ဓါတုဗေဒသင်သောဆရာမလေး_သို့
ဆရာမလေး…
ငါ့အချစ်တွေက နင့်အတွက်ပါ
နင့်ရဲ့ဓါတ်ခွဲခန်းထဲကို ငါ့နှလုံးသားကိုထည့်
နင်လိုသလို စမ်းသပ်လှည့်ပါ
အရည်အခြေအနေ လိုသလား
အခဲအခြေအနေ လိုသလား
နင်မလိုအပ်တော့တဲ့အခါ
ငါက … အငွေ့လို ပျောက်ကွယ်ပေးဦးမယ်။
ငါ့အချစ်က နင့်အတွက်
အမြဲတမ်းမှန်တဲ့ Law တစ်ခုပါ
နင့်ရဲ့ ချစ်ခြင်းဖော်မြုလာလေး 
ငါ့ကို … စွန့်ကြဲပါ။
…………………………………

#ဇီဝဗေဒသင်သောဆရာမလေး_သို့
ဆရာမလေး……
အချစ်ဆိုတာ Reproduction ထက်
ကြီးကျယ်ခမ်းနားပြီး မြင့်မြတ်ပါတယ်။
သစ်တစ်ပင် ရှင်သန်ဖို့ အလင်းရယ် ရေရယ်လိုတယ်
ငါ့နှလုံးသားရှင်သန်ဖို့ နင့်အချစ်လိုတယ်
ငါ့ရဲ့လွမ်းတခြင်းတွေက
Mitosis လို ကြီးထွားနေပေါ့။
နင်က ငါ့အတွက် မရှိမဖြစ် သွေးဆဲလ်လေး
ငါဟာ … နင့်အတွက် သီးသန့်ဖြစ်တည်နေတဲ့
ဧဒင်ဥယျာဉ်ထဲက သစ်ပင်လေးတစ်ပင်ပေါ့
နင့်အချစ်တွေ … 
ငါ့ထံ ဝတ်မှုံကူးလှည့်ပါ။
ဟောဒီ လောကကမ္ဘာမြေကြီးထဲ
ငါတို့အချစ်တွေကို လှပတဲ့ သဘာဝဂေဟစနစ်လို
အလှဆင်ကြရအောင်။
……………………………………

#ပထဝီသင်သောဆရာမလေး_သို့
ဆရာမလေး…
ငါ့အချစ်တွေကို စာရွက်ပေါ်ချပြီး
ဂရပ်ဆွဲလို့ကတော့ မောရုံပဲရှိမယ်။
ငါ့အချစ်တွေက ကမ္ဘာကြီးတည်ရှိကတည်းက
ဖြစ်တည်လာတာပါ။
ငါ့ကမ္ဘာကြီးထဲ … လာလှည့်ပါ
သဘာဝအလှတရားတွေ ရှိတယ်
စိမ်းစမ်းရေတံခွန်တွေရှိတယထ
လှပတဲ့ သက်တံ့တွေရှိတယ်
စိမ်းလန်းတောအုပ်တွေရှိတယ်
ပြီးတော့ … ရင်တွင်းသယံဇာတတွေရောပေါ့
နင့်အတွက် အချစ်တွေ
ဟောဒီ ပထဝီမြေကြီးတည်ရှိသရွေ့ ချစ်နေမယ်။
…………………………

#သမိုင်းသင်သောဆရာမလေး_သို့
ဆရာမလေး…
သမိုင်းထဲမှာ ပထမကမ္ဘာစစ်
ပြီးတော့ ဒုတိယကမ္ဘာစစ်
ငါ့အချစ်ကတော့ … မင်းအတွက်
အလံဖြူတစ်လက်ပါ။
သေနတ်တွေ မလိုဘူး
အဏုမြူဗုံးတွေ မလိုဘူး
ချစ်ခြင်းမေတ္တာနဲ့ ရင်တွင်းနယ်မြေ ချဲ့နိုင်တယ်
ဘာလိုသေးလဲ
ငါတို့အချစ်တွေနဲ့ သမိုင်းရေးကြစို့။
………………………………

#ဘောဂဗေဒသင်သောဆရာမလေး_သို့
ဆရာမလေး…
လူတို့ရဲ့လိုအင်ဆန္ဒတွေက အတောမသတ်နိုင်ဘူးတဲ့လား
ငါက နင့်ကိုချစ်တဲ့အချစ်တွေနဲ့
ရောင့်ရဲဝံ့တဲ့သူပါ။
ငါ့ရဲ့ထုတ်လုပ်နိုင်မှုအခြေပြမျဉ်းကွေးမှာ
အလွမ်းက ထိပ်ဆုံးက ရပ်တည်နေတယ်။
မင်းရဲ့ တစ်ဦးတည်းပိုင်စျေးကွက်စီးပွားရေးစနစ်မှာ
ငါ့နှလုံးသားကို ၁၅၀၀ နဲ့ လေလံတင်ပါရစေ။
ငါ့နှလုံးသားမှာ သစ္စာတရားတွေ Infinity ရှိမှန်းသိရင်
ငါ့ကို ပြန်ချစ်ပါ။

*ဖြည့်စွက်
ကွန်ပြူတာဆရာမအတွက်
ငါအချစ်က Mouseလို မကစားတက်ဘူး ။
နင် ညွှန်းရာကိုတော့ အသုံးချခွင့်ရှိမှာပါ။ 
Monitar ဖန်သားပြင်ထဲ
 Photoshop သုံး နင်ပုံတွေမြင်တိုင်း ရင်ခုန်နေရသူပါ။
ငါဟာ Keyboard ဖြစ်ချင်သူပါ။ 
ဘာကြောင့်လဲဆိုတော့ နင်လက်ကလေးတွေနဲ့ အမြဲထိတွေ့ရအောင်လို့ပါ။
Crd&ဆရာထွန်း

crd ကျမ်းပြုစုသူ…
ဆြာ J မှူးနော်

Comments

VTbank4u

Na Theih Ko Lai

Ruahsur caan naa dornak thlam💔

Thinlung Innka😔

စိတ်အရမ်းညစ်နေတဲ့ သူတယောက်ဖြစ်ခဲ့ရင်

ရူးတတ်နေပြီ

☀️

Na caah thinlung innka khar caan um te hnga maw😔

Velhle