လူတွေက ခိုးစားတဲ့လူကိုပိုအထင်ကြီးကြတယ်

လူတွေက ရိုးသားတဲ့သူထက် ခိုးစားတဲ့လူကိုပိုအထင်ကြီးကြတယ်။ ဟန်မဆောင်တတ်တဲ့သူထက် အရေခြုံ ထားတဲ့ကလိမ်ကကျစ်တွေကို ပိုအရေးပေးကြတယ်။ ပွင့်ပွင့်လင်းလင်းပြောတတ်နေတတ်တဲ့သူထက် မြုံ စိစိညောင်နာနာကုတ်ကမြင်းတွေကို ပိုသဘောကျကြတယ်။ စေတနာရှေ့ထားဆုံးမတတ်သူတွေထက် ကိုယ့်အကြိုက်လိုက်မြှောက်ပင့်ပြောတတ်သူ တွေကိုပိုနှစ်သက်ကြတယ်။ အမှားကိုအမုန်းခံပြီးထောက်ပြသူထက် မှားမှားမှန်မှန်လိုက်ထောက်ခံတတ်တဲ့သူ တွေကိုပိုပြီးခင်မင်တတ်ကြတယ်။ မေတ္တာစစ်နဲ့ခင်မင်တတ်သူတွေထက် အတုအယောင်တွေနဲ့ကိုယ့်နားလာပြီး သာပေါင်းညာစားတတ်သူတွေကိုပိုပြီး မိတ်ဆွေဖွဲ့ကြတယ်။ အပြောဆိုးဆိုးနဲ့ရှေ့တင်အားမနာစတမ်းဝေဖန် တတ်သူတွေထက် အပြောချို ချို နဲ့နောက်ကွယ်ကနေကဲ့ရဲ့အတင်းတုတ် နောက်ကျောဓားနဲ့ထိုးတဲ့သူတွေကိုပိုပြီးယုံကြည် အားကိုးတတ်ကြတယ်။ ထုတ်ဖော်မပြောတတ်ရင်ထဲကလေးနက်ထား မြတ်နိုးတတ်သူထက် လူမြင်ကောင်းအောင်ပြာယာခတ်ဂရုစိုက်တတ်သူ တွေကိုပိုတန်ဖိုးထားတယ်။ မျက်နှာမွဲဆင်းရဲသူထက် ချမ်းသာကြွယ်ဝပြည့်စုံသူကိုပိုအားကျကြတယ်။ လမ်းဘေးဆင်းလျှောက်နေသူထက် ကားပေါ်ကသူကိုပိုအထင်ကြီးကြတယ်။ အမှန်တကယ်ဖြူ စင်အပြစ်ကင်းသူထက် အပေါ်ယံအရေခြုံ အတွင်းစိတ်ပုတ်သိုးနေသူ တွေကိုပိုလေးစားကြတယ်။ ယုတ်မာတယ်… ကောက်ကျစ်တယ်… စိတ်ထားမကောင်းဘူး… ဒါပေမဲ့… သူ့ရဲ့ပြည့်စုံကြွယ်ဝမှု တွေက အရာအားလုံးကိုဖုံးလွှမ်းပစ်လိုက်တယ်။ ဖြူ စင်ပါတယ်… အပြစ်ကင်းပါတယ်… ရိုးသားပါတယ်… ဟန်မဆောင်တတ်ဘူး… ပွင့်လင်းပါတယ်… ဒါပေမဲ့… သူ့ရဲ့မပြည့်စုံမှု တွေက သူ့ရိုးသားမှု ကိုပေါ်လွင်အောင်ဖော်ပြမပေး နိုင်ဘူး။ ဘာကြောင့်လဲ…? အဖြေကရှင်းပါတယ်… ဆေးဆိုးပန်းရိုက်ကိုမှအထင်ကြီးတတ်တဲ့ လူ့စရိုက်ကြောင့်ပဲ… အပေါ်ယံရွှေမှုန်ကြဲ အောက်ခြေကကျောက်ခဲသလဲဖြစ်နေတာကို သေချာမဆန်းစစ်တတ်တဲ့လူ့သဘာဝကြောင့်ပဲ… အပုတ်အသိုးကိုမှ ဟုတ်နိုးနိုးထင်နေတဲ့သူတွေရှိနေသမျှ မျက်နှာဖုံးအောက်ကလူတွေ စင်ပေါ်မှာအောင်ပွဲခံနေဦးမှာပဲ… ဘာပဲပြောပြော ကျွန်တော်ကတော့ဖြတ်လမ်းကနေစင်ပေါ်ရောက်သွား တဲ့ဆေးဆိုးပန်းရိုက်မျက်နှာတွေထက်… ပုံမှန်လမ်းကနေအေးအေးချမ်းချမ်းကိုယ်လိုရာ လျှောက်လှမ်းနေတဲ့ပင်ကိုယ်အလှပိုင်ရှင်ရိုးသား သူတွေကိုပိုအထင်ကြီးတယ်။ ။
From google


Vtbank4u
 

Comments

VTbank4u

Na Theih Ko Lai

Ruahsur caan naa dornak thlam💔

Thinlung Innka😔

စိတ်အရမ်းညစ်နေတဲ့ သူတယောက်ဖြစ်ခဲ့ရင်

ရူးတတ်နေပြီ

☀️

Na caah thinlung innka khar caan um te hnga maw😔

Velhle