တစ်ယောက်တည်းပြန်ထနိုင်အောင်ပဲကြိုးစားပါ။
မင်းလဲကျတာ မင်းနဲ့ပဲဆိုင်တယ်။
မင်းပြန်မထတာလည်း မင်းနဲ့ပဲဆိုင်တယ်။
မင်းကို ဆွဲထူပေးဖို့ ဘယ်သူ့မှာမှ တာဝန်ရှိမနေဘူး။
တစ်ခါတစ်လေ မလိုချင်တာတွေ မင်းဆီရောက်လာတတ်
သလိုမင်းလိုချင်တဲ့ အရာတွေလည်း မင်းနဲ့အဝေးဆုံးကို
ရောက်နေတတ်တယ်။
တစ်ခါတစ်လေ ဝမ်းနည်းစရာတွေက
ငါ့ဆီကိုပဲ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတတ်သလားလို့
မင်းထင်ကောင်းထင်ရလိမ့်မယ်။
ဘယ်သူ့ကိုမှ အပြစ်မတင်ပါနဲ့
ဒါလောကဓံရဲ့ ပုံမှန်ပြကွက်တွေပါပဲ။
အရှုပ်ထဲမှာ ရှင်းအောင်နေ
အမှောင်ထဲမှာ လင်းအောင်နေတတ်ဖို့က မင်းတာဝန်ပဲ။
စိတ်မညစ်နဲ့
သိပ်ချစ်တဲ့လူတွေဝေးနေရတာ မင်းတစ်ယောက်တည်းမဟုတ်ဘူး။
လောကမှာ မင်းမလုပ်နိုင်ဘူးလို့ထင်တဲ့အရာတွေက
မင်းရဲ့ ကြောက်ရွံစိတ်ကြောက်ဖြစ်နေတာ။
မင်းကို ပါရမီလိုက်ဖြည့်ပေးနေဖို့ ဘယ်သူမှာမှ
တာဝန်ရှိမနေဘူး။
မင်းတစ်ယောက်တည်းပြန်ထနိုင်အောင်ပဲကြိုးစားပါ။
Crd: org
Vtbank4u
Crd: org
Vtbank4u
Comments
Post a Comment