ကူညီတတ်တဲ့စိတ်



ကူညီတတ်တဲ့စိတ်ဟာ ကောင်းပါတယ်။ ဒါပေမယ့်တကယ်ကူညီနိုင်မှ ကူညီတာက ပိုကောင်းပါတယ်။ မကူညီနိုင်တဲ့အခါ ငြင်းပါ။ ပြဿနာအားလုံးက သင်နဲ့ မဆိုင်ပါဘူး။ သင်ဟာလူတိုင်းရဲ့ အလိုမှန်သမျှကို လိုက်လုပ်ပေး နေစရာမလိုဘူး။ ကြာလာရင် လိုသုံးတစ်ယောက်ဖြစ် သွားနိုင် ပါတယ်။ လူတွေက အလွယ်တကူ ရနိုင်တဲ့ အရာဆိုရင် တန်ဖိုးမထားတတ်ကြပါဘူး။ ကြာလာရင် သင်ဟာ အပေါစားတစ်ယောက် ဖြစ်လာနိုင်ပါတယ်။ သင့်ရဲ့တန်ဖိုးကို အကျမခံပါနဲ့။ အပေါင်းအသင်းပေါတာ ကောင်းပါတယ်။ ဒါပေမယ့်ကိုယ့်ကို တန်ဖိုးမထားတဲ့ မိတ်ဆွေ အယောက်တစ်ရာရှိတာထက် ကိုယ့်ကို တန်ဖိုးထားတဲ့ သူငယ်ချင်းအနည်းငယ် ရှိတာက ပိုကောင်းပါတယ်။ တစ်ချို့လူတွေရဲ့ လိုမှအသုံးခံရတဲ့ လိုသုံးတစ်ယောက် အဖြစ်မခံပါနဲ့။ ပြတ်သားသင့်တဲ့အခါ ပြတ်သားတာက ပိုကောင်းပါတယ်။

Comments

VTbank4u

Na Theih Ko Lai

Ruahsur caan naa dornak thlam💔

Thinlung Innka😔

စိတ်အရမ်းညစ်နေတဲ့ သူတယောက်ဖြစ်ခဲ့ရင်

ရူးတတ်နေပြီ

☀️

Na caah thinlung innka khar caan um te hnga maw😔

Velhle