စိတ်မညစ်ပါနဲ့
ဟော့ဒီကမ္ဘာ ပေါ်မှာ
ငါတို့ မရောက်ဖူးသေးတဲ့
နေရာတွေမှအများကြီးပဲ
ငါတို့ နဲ့မတွေ့ရသေးတဲ့
သုခ တွေကအများကြီးပဲ …
ဒုက္ခ တွေထဲ ကူးခတ်ပြီးတိုင်း
ကိုယ့်ကမ္ဘာလေးကို
ဝမ်းနည်းစရာရှုထောင့်တွေထဲအမြဲ
ထည့်မထားနဲ့ …
ငါတို့စီမှာ မမြင်နိုင်တဲ့
အရာရာပေါင်းများစွာရှိသေးတယ်………
မနက်ဖြန်ပေါင်းများစွာရှိကျန်သေးတယ်…
အသစ်လွင်ဆုံးအပြုံးတွေကျန်သေးတယ်…
လမ်းတွေအများကြီးကျန်ပါသေးတယ်
ကန္တာရ တွေအများကြီးကျန်သေးတယ်
မြက်ခင်းစိမ်းစိမ်းနဲ့တောင်ကုန်းတွေလည်း
အများကြီးဖြတ်ကျော်ရအုံးမယ်
ပင်လယ်ကမ်းစပ်မှာ ကမာခွံတွေ
ဖန်ပုလင်းထဲကောက်ထည့်ပြီး
အမှတ်တရအဖြစ်ကောက်သိမ်းရအုံးမယ်…
ကမ္ဘာပေါ်မှာ ကိုယ်မရောက်ဖူးသေးတဲ့
ခရီးတွေအများကြီးကျန်သေးတယ်
မသောက်ဖူးတဲ့ ကော်ဖီ တွေ
ဝိုင်တွေ အရက်တွေ
နားမထောင်ရသေးတဲ့သီချင်းတွေ
အများကြီးကျန်သေးတယ်…
ကိုယ်မစားသုံးဖူးသေးတဲ့အစားအသောက်တွေ
ကိုယ်မမြင်ဖူးတဲ့အပြုံးတွေ
ကိုယ် နဲ့မတွေ့ရသေးတဲ့ လူတွေ
ကိုယ်မထိတွေ့ရသေးတဲ့
နှင်းစက်တွေ မိုးဖွဲဖွဲလေးတွေ
နေရောင်ခြည်နုနုလေးတွေကျန်သေးတယ်…
ဒုက္ခ တွေ တလှည့် သုခ တွေတလှည့်ပဲ
နေ့နဲ့ည တွေအပိုင်းအခြားလိုက်
ဒီကမ္ဘာ ထဲမှာ လှည့်ပြောင်းလဲလို့
ရာသီတွေ နဲ့ပြက္ခဒိန်တွေတရွေ့ရွေ့ကုန်ဆုံးဆဲပဲ
ဝန်ရိုးစွန်းတွေရဲ့ အလှတရားတွေကိုလည်း
တစ်ခါမှ မမြင်ဖူးရသေးဘူး…
ပြိုလဲ သွားတဲ့အခိုက်အတန့်တွေကို
ကျော်လွန်ပြီး တဲ့တစ်နေ့မှာ
နွမ်းခဲ့သမျှကို ငုံ့ကြည့်ပြီး
ပြုံးနိုင်တဲ့အချိန်တစ်ခုအထိ
ရောက်ဖို့ ငါတို့ရှေ့ဆက်ရအုံးမယ် ……
free youtube video downloader
ReplyDelete