စိတ်ဓာတ်ကျတဲ့အခါ ဖတ်ပါ
တစ်ခါတစ်လေ ဘာကိုမှ မလုပ်ချင်တော့အောင်ကို
စိတ်ဓာတ်ကျဖူးတယ် မလား။ ဒါဆိုရင် အောက်မှာရှိတဲ့
စာကို ဆက်ဖတ်ဖို့ လိုနေပါပြီ။
အားလုံးက ခဏပါ။ အခုချိန်မှာ စိတ်ဓာတ်တွေ အရမ်းကျ
နေမယ်။ အရမ်းကို ဝမ်းနည်းနေမယ်။ အသည်းတွေကွဲ
ချင်ကွဲနေမယ်။ အရှက်ရစရာတွေ၊ အမှားတွေ၊ အရှုံးတွေ၊
နာကျင်မှုတွေနဲ့ ပူဆွေးမှုတွေကို ရင်ဆိုင်ကြုံတွေ့ နေရ
တယ်ဆိုရင်တောင် ဒါဟာ ခဏပဲဆိုတာ မှတ်ထားပါ။
ခဏဆို ခဏလေးပါ။ ဒါ့ကြောင့် သိပ်ပြီး ဝမ်းနည်းမနေ
ပါနဲ့။
ကိုယ်ဟာ ပျော်ရွှင်နေတယ်။ အရမ်းကို ကြည်နူးစရာကောင်း
တဲ့ အခိုက်အတန့်နဲ့ ကြုံတွေ့နေရတယ်။ လုပ်သမျှအရာက
အကောင်းတွေပဲ ဖြစ်နေတယ်ဆိုရင်လည်း ဒါဟာ ခဏပါ။
သိပ်ပြီးလည်း ပျော်မနေနဲ့။
ဒါဘာမှမဖြစ်ပါ။သဘာဝဆန်တဲ့၊ ငြင်းပယ်လို့မရတဲ့
စိတ်ညစ်ခြင်းမျိုးပါပဲ။စိတ်မညစ်နဲ့ ၊ စိတ်ဓာတ်မကျနဲ့
၊စိတ်တင်းထား ဆိုပြီးအတင်းကြီးထိန်းထားဖို့မသင့်ပါ။
ထိန်းမထားဘဲစိတ်ကိုလွှတ်နိုင်သလောက်လွှတ်ပေးလိုက်
မှသာ စိတ်ဓာတ်ကျခြင်းကို လက်ခံလာနိုင်မှာပါ။
ဆိုလိုချင်တာက အခုအချိန်မှာ စိတ်ညစ်နေရင် ညစ်လိုက်။
အဆုံးအစွန်ထိရောက်အောင် ညစ်လိုက်။ ဘယ်သူ့မှ
ဂရုမစိုက်ပဲ သီချင်းတွေကို အော်ဆိုပစ်လိုက်။ ဖြစ်ချင်ရာဖြစ်
နေကြည့်လိုက်။ အားလုံးက ခဏပဲ။ ကြာရင်ပြီးသွားမှာ။
ဝမ်းနည်းစရာပြီးရင် ဝမ်းသာစရာနဲ့ ကြုံရမှာပဲ။ ဝမ်းသာစရာ
ပြီးရင် ဝမ်းနည်းစရာနဲ့ ပြန်တွေ့ချင် တွေ့အုံးမှာပဲ။
ဗုဒ္ဓဘာသာဆရာကြီး Pema Chodron က...
"စိတ်ဓာတ်ကျတာ၊ အရှက်ကွဲခဲ့ရတာ၊ စိတ်တိုတာ၊
မနာလိုဖြစ်တာတွေ၊ အကြောက်တရားတွေစတဲ့
ဒုက္ခတွေကနေ ကျွန်ုပ်တို့ကို ရှင်းရှင်းလင်းလင်း
သင်ကြားပေးနိုင်ပါတယ်။ ကျွန်ုပ်တို့ ကံကောင်းကြ
ပါတယ်။ ဒုက္ခရောက်တဲ့အချိန်ဟာ ပြည့်စုံတဲ့
ဆရာသမားကောင်းနဲ့ ကြုံကြိုက်ရတဲ့ အခိုက်အတန့်လေး
တစ်ခုပါ" လို့ဆိုထားပါတယ်။
တစ်ကယ်တော့ ကိုယ်ထင်နေသလို လောကမှာ ကိုယ်တစ်ယောက်တည်း စိတ်ညစ်နေတာမဟုတ်ပါဘူး။
ကိုယ့်ထက်ဆိုးတဲ့အခြေအနေတွေကိုရင်ဆိုင်နေရလို့
စိတ်ဓာတ်ကျနေသူတွေ အများကြီးရှိပါတယ်။
စိတ်ဓာတ်မကျနဲ့လို့ မပြောလိုပါဘူး။ အဓိက ကတော့
စိတ်ဓာတ်ကျပြီးရင် သတ္တိအပြည့်နဲ့ အစက ပြန်စရဲတဲ့
အင်အားတွေကို မွေးမြူလိုက်ပါ။
ဝမ်းနည်းစရာကောင်းတဲ့ ညတစ်ညကို ဖြတ်သန်းပြီးရင်
ပျော်ရွှင်စရာကောင်းတဲ့ နံနက်ခင်းအလင်းရောင်ခြည်ကို
တွေ့မြင် လာရမှာပါ။
Vtbank4u
Comments
Post a Comment