လူတွေက ခိုးစားတဲ့လူကိုပိုအထင်ကြီးကြတယ်

လူတွေက ရိုးသားတဲ့သူထက် ခိုးစားတဲ့လူကိုပိုအထင်ကြီးကြတယ်။ ဟန်မဆောင်တတ်တဲ့သူထက် အရေခြုံ ထားတဲ့ကလိမ်ကကျစ်တွေကို ပိုအရေးပေးကြတယ်။ ပွင့်ပွင့်လင်းလင်းပြောတတ်နေတတ်တဲ့သူထက် မြုံ စိစိညောင်နာနာကုတ်ကမြင်းတွေကို ပိုသဘောကျကြတယ်။ စေတနာရှေ့ထားဆုံးမတတ်သူတွေထက် ကိုယ့်အကြိုက်လိုက်မြှောက်ပင့်ပြောတတ်သူ တွေကိုပိုနှစ်သက်ကြတယ်။ အမှားကိုအမုန်းခံပြီးထောက်ပြသူထက် မှားမှားမှန်မှန်လိုက်ထောက်ခံတတ်တဲ့သူ တွေကိုပိုပြီးခင်မင်တတ်ကြတယ်။ မေတ္တာစစ်နဲ့ခင်မင်တတ်သူတွေထက် အတုအယောင်တွေနဲ့ကိုယ့်နားလာပြီး သာပေါင်းညာစားတတ်သူတွေကိုပိုပြီး မိတ်ဆွေဖွဲ့ကြတယ်။ အပြောဆိုးဆိုးနဲ့ရှေ့တင်အားမနာစတမ်းဝေဖန် တတ်သူတွေထက် အပြောချို ချို နဲ့နောက်ကွယ်ကနေကဲ့ရဲ့အတင်းတုတ် နောက်ကျောဓားနဲ့ထိုးတဲ့သူတွေကိုပိုပြီးယုံကြည် အားကိုးတတ်ကြတယ်။ ထုတ်ဖော်မပြောတတ်ရင်ထဲကလေးနက်ထား မြတ်နိုးတတ်သူထက် လူမြင်ကောင်းအောင်ပြာယာခတ်ဂရုစိုက်တတ်သူ တွေကိုပိုတန်ဖိုးထားတယ်။ မျက်နှာမွဲဆင်းရဲသူထက် ချမ်းသာကြွယ်ဝပြည့်စုံသူကိုပိုအားကျကြတယ်။ လမ်းဘေးဆင်းလျှောက်နေသူထက် ကားပေါ်ကသူကိုပိုအထင်ကြီးကြတယ်။ အမှန်တကယ်ဖြူ စင်အပြစ်ကင်းသူထက် အပေါ်ယံအရေခြုံ အတွင်းစိတ်ပုတ်သိုးနေသူ တွေကိုပိုလေးစ...