KIA စစ်ဦးစီးချုပ်၏စိတ်သဘောထား
🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩

🔥ဒုတိယကမ္ဘာစစ်  ဥရောပမဟာမိတ်တပ်ပေါင်းစု၏စစ်ဦးစီချုပ် ကြယ်ငါးပွင့်ဗိုလ်ချုပ်ကြီး Eisenhower ဟာဥရောပစစ်မျက်နှာပြင်အတွက်သူ့ရဲ့အမေရိကန်စစ်သားသိန်းပေါင်းများစွာကို စစ်မြေပြင်သို့စေလွတ်ခဲ့ပါတယ် ။ အမေရိကန်စစ်သားများစစ်မြေပြင်သို့ထွက်ခွာခါနီး သူငေးကြည့်ပြီးဝမ်းနည်း တဲ့အကြောင်း ရင်းကတော့ကျန်းမာသန်စွမ်းပြီးခန့်ညားလှတဲ့ သူ့ရဲ့အမေရိကန်စစ်သားများ တိုက်ပွဲအပြီး မိမိတို့ နိုင်ငံသို့အသက်ရှင်လျှက် ဘယ်နှစ်ယောက်သာပြန်လာနိုင်မှာလဲ? စိုးရိမ်စိတ်များစွာရှိခဲ့ပေမဲ့ တစ်ဖက်မဟာမိတ်နိုင်ငံများ ဖက်စစ်အာဏာရှင်ဟစ်တလာအစိုးရ လက်အောက်မှလွတ်မြောက်နိုင်ရန် သူရဲ့ အဖိုးတန် အ​မေရိကန်စစ်သား​ပေါင်းများစွာ၏အသက်ကိုစတေးကာ တိုက်ပွဲဝင်ပေး ခဲ့ပါတယ်။အမေရိကန် ၏  ပေးဆပ် အနှစ်နာခံမှုကြောင့်သာ ဥရောပနိုင်ငံတော်တော်များများဟာ ဖက်ဆစ်အာဏာရှင်ဟစ်တလာ ၏အုပ်ချုပ်မှုလက်အောက်မှ လွတ်မြောက်ကာ အာဏာရှင်စနစ်ကိုလည်းအပြီးတိုင် ချုပ်ငြိမ်းဖယ်ရှားနိုင်ခဲ့ကြောင်းကမ္ဘာသမိုင်းမှာသက်သေထူနိုင်ခဲ့ပါတယ်။

🔥ကျွန်တော်တို့၏ မြန်မာပြည်ကြီးလည်းဖက်စစ်ဂျပန်လက်အောက်မှလွတ်​မြောက်နိုင်ရန်အမေရိကန်ဦးဆောင်သော မဟာမိတ်တပ်များ၏ ထိုးစစ်ဆင်တိုက်ခိုက်ပေးမှုကြောင့်သာဖက်စစ်ဂျပန်များအား အပြီးတိုင်မောင်းထုတ်နိုင်ခဲ့​​​ခြင်းဖြစ်တယ်။

🔥ယခုမြန်မာနိုင်ငံ၏လက်ရှိအခြေအနေ စစ်အစိုးရအာဏာရှင်စနစ်မှလွတ်မြောက်နိုင်ဖို့ KIA ကတော့တွေဝေ တုန့်ဆိုင်းနေခြင်းမရှိဘဲ မြန်မာပြည်ကြီးလွတ်မြောက်ဖို့တစ်တောင့်တစ်နေရာမှ တိုက်ပွဲဆင်နွဲကြိုးစားအားထုတ်​ပေး​နေပါတယ်။ ဒီတိုက်ပွဲအတွက် KIA ဟာအမေရိကန်လို လက်နက်အင်အားလူအင်အားတောင့်တင်း ခိုင်မာလို့တော့မဟုတ်ပါဘူး.. နိုင်ဖို့သေချာတဲ့ တိုက်ပွဲမို့တိုက်နေတဲ့ တိုက်ပွဲလည်းမဟုတ်ပါဘူး... ထိခိုက်ဆုံးရှုံးမှုတွေအများကြီးရှိလာနိုင်မှန်းသိသိကြီးနဲ့တိုက်တဲ့ တိုက်ပွဲပါ။  မြန်မာပြည်သူတစ်ရပ်လုံး ရွံ့ရှာမုန်းတီး နေသော စစ်အာဏာရှင်စနစ်ဆိုးကြီး အပြီးတိုင် ချုပ်ငြိမ်းပျောက်ကွယ်သွားဖို့  မိမိတို့ထက် အင်အား အဆမတန်သာလွန်​နေသော မအလစစ်တပ်အားထိုးစစ်ဆင်တိုက်ခိုက်​နေခြင်းမှာမြန်မာပြည်သူများနှင့်တစ်သားတည်းရပ်တည်ကြောင်း KIA ၏သက်သေပါ။

🔥ကျွန်တော်တို့ KIA စစ်သားတစ်ယောက်၏အသက်ဟာ ရန်သူအယောက် ၁၀၀ နှင့်နိုင်းယဥ်လို့မရပါဘူး။ကျွန်တော်တို့အတွက်အဖိုးမဖြတ်နိုင်သော KIA ရဲဘော်များကို စစ်မြေပြင်ထဲစေလွတ်ဖို့ ကျွန်တော်တို့ ၏ စစ်ဦးစီးချုပ် ကိုယ်တိုင် လည်း Eisenhower ထက်မလျော့ တဲ့ စိုးရိမ်ပူပန်မှုတွေရှိ​​​​​​​​​​နေကြောင်းပြောကြားခဲ့ပါတယ်။  ဒါပေမဲ့ သူ့ရဲ့အမှာစကားကတော့ပြတ်သားတယ်။ အမေရိကန်များဟာတိုင်းတစ်ပါးနိုင်ငံအတွက် အနစ်နာခံအသက်ပေးတိုက်ပွဲဝင်ပေးခဲ့သောကြောင့် ဥရောပနိုင်ငံအများစုမှာ ဖက်ဆစ်နာဇီ ဟစ်တလာ၏အာဏာရှင်အုပ်ချုပ်မှုလက်အောက်မှလွတ်မြောက်ကာ Demogracy နိုင်ငံတော်ကြီးတည်ဆောက်နိုင်ခဲ့ပါသည် ။ယခုကျွန်တော်တို့ KIA များတိုက်ပွဲဝင်နေတာဟာ တိုင်းတစ်ပါးနိုင်ငံမဟုတ်ဘူး မိမိတို့၏ အမိမြန်မာနိုင်ငံတော်ကြီးစစ်အာဏာရှင်စနစ်ကြီးမှလွတ်မြောက်နိုင်ဖို့ဖြစ်တယ်။ ကျွန်တော်များ KIA ၏အနစ်နာခံအသက်ပေးတိုက်ပွဲဝင်မှု​ကြောင့်အာဏာရှင်စနစ်ဆိုးမှလွတ်မြောက်ပြီး Federal Demogracy ကျင့်သုံးသောပြည်ထောင်စုမြန်မာနိုင်ငံတော်ပေါ်ပေါက်လာရေးဖြစ်စေရမည်။ KIA ၏ပေးဆပ်မှုအတွက် ထာဝရဘုရားကလည်း KIA ဘက်ရပ်တည်ကာ တိုက်ပွဲတိုင်းကိုအောင်မြင်စေမှာဖြစ်သည်။

🔥ကျွန်တော်ပိုပြီးရင်ထဲထိရှခဲ့တဲ့ KIA စစ်ဦးစီးချုပ်၏ အမှာစကားကတော့ ဒီတော်လှန်ရေးကြီးပြီးသွားခဲ့ရင်ကျွန်တော်တို့ KIA က ပိုပြီးပေးဆပ်လို့ အခွင့်အရေးပိုယူရမယ်ဆိုတဲ့စိတ်ဓာတ်မျိုးလုံးဝမထားသင့်ကြောင်း၊ မြန်မာပြည်သူတစ်ရပ်လုံး တန်းတူညီတူအခွင့်အရေးရရှိဖို့သာမိမိတို့ လိုလားကြောင်း ၊နှစ်ပေါင်း ၆၀ ကျော်မိမိတို့ လက်နက်ကိုင်တော်လှန်ရေးလုပ်နေတာဟာ တရားမျှတမှုအတွက်ဖြစ်ကြောင်း ထို့ကြောင့် မြန်မာပြည်ကြီးအတွက် အနစ်နာခံသော စိတ်ဓာတ်ဖြင့်သာတိုက်ပွဲဝင်​ကြဖို့ မှာကြားတဲ့ စကားပါ။

🔥ကျွန်တော်တို့ KIA ခေါင်းဆောင်များ၏စိတ်သဘောထားနှင့်ပေးဆပ်သောနုလုံးသားကိုမြန်မာပြည်သူအပေါင်းသိရှိနိုင်ကြပါစေ။

Crd-Gidawn Brang



Comments

VTbank4u

Na Theih Ko Lai

Ruahsur caan naa dornak thlam💔

Thinlung Innka😔

စိတ်အရမ်းညစ်နေတဲ့ သူတယောက်ဖြစ်ခဲ့ရင်

ရူးတတ်နေပြီ

☀️

Na caah thinlung innka khar caan um te hnga maw😔

Velhle