အိမ်တိုင်း ရှိတယ်🔥

ချင်းအိမ်တိုင်းနီးပါးမှာ တူမီးသေနပ်တစ်လက်ရှိပါတယ်.. အချို့ဆို သုံးလေးလက်အထိရှိပါတယ်.. ယောကျားများရင် များများသလိုပေါ့..
ချင်းပြည်နယ်မှာ အိမ်ထောင်စုတစ်သိန်းရှိရင် တူမီးသေနပ်တစ်သိန်းဝန်းကျင်ရှိနိုင်ပါတယ်...
ချင်းယောကျားတိုင်းနီးပါးက သေနပ်ပစ်တတ်ပါတယ်.. ပြောချင်တာ သေနပ်မောင်းခလုတ်ဆွဲတတ်တာကို ပြောတာမဟုတ်ဘူး.. သွားနေလာနေတဲ့သားကောင်ကို snipper နဲ့ချိန်ပြီး ပစ်သလိုပစ်တာရယ်၊ ပြေးနေတဲ့သားကောင်ကို ပြေးလမ်းကြောင်းကြည့်ပြီး သေနပ်ပစ်တဲ့ပညာ..
စစ်သင်တန်းဆင်းတိုင်းမပစ်တတ်ဘူး.. ချင်းတွေပစ်တတ်တယ်.. ချင်းတောင်မှာ အရွယ်ရောက်ပြီးသား ယောကျား ၁ သိန်းခွဲရှိရင် တစ်သိန်းလောက်က သေနပ်ပစ်တတ်တယ်..
ဒါပေမယ့် ချင်းတွေကစည်းကမ်းရှိကြတယ်။ ရွာသားချင်းဖြစ်ဖြစ် တခြားရွာကလူတွေနဲ့ဖြစ်ဖြစ် ရန်ဖြစ်ရင် အိမ်မှာသေနပ်ယူပြီး မပစ်ကြဘူး.. သေနပ်ကို ဘေးချ၊ လွယ်ထားတဲ့ ဓားဘလိုင်းကို ဘေးချပြီး လက်သီးနဲ့ထိုး နပန်းသတ်ကြပါတယ်။ ဒါကြောင့် အိမ်တိုင်းမှာ သေနပ်ရှိတဲ့ချင်းတောင်မှာ လူသတ်မှုအရမ်းရှားပါတယ်... သစ္စာရှိတာလို့ ခေါ်တယ်.. ဒေသအခေါ်အရဆို ယောကျားပီသတယ်လို့လည်း ခေါ်ကြတယ်..
ဒါပေမယ့် ချင်းတွေက လူတစ်ယောက်ကို သတ်ချင်ပြီဆိုရင်တော့ မိုးမြေအဆုံးထိလိုက်ပြီးသတ်ကြတယ်။ သွေးအေးအေးနဲ့ အချိန်ယူပြီး အမဲချောင်းသလို ချောင်းသတ်တာများတယ်။ head hunting လို့ခေါ်တယ်... ခေါင်းမုဆိုးပေါ့.. တူမီးသေနပ်တချက်ဆို လူတစ်ယောက်အသက်သေတာဘဲ.
ပြောချင်တာ ချင်းတွေက လက်နက်ကိုင်အင်အားလည်းမရှိ ဘာညာ ခဏခဏနှိမ်ကြလို့ပါ... လက်နက်ကိုင်အင်အားမရှိတာလည်း ဟုတ်ပါတယ်။ မောင်းပြန်ရိုင်ဖယ်တွေ အမြောက်တွေ မရှိတာလည်း ဟုတ်ပါတယ်... စစ်သင်တန်းဆင်းတွေ မရှိတာလဲ ဟုတ်ပါတယ်။ တိုက်ပွဲဖြစ်ရင် အမြောက်ကြီးတွေနဲ့ မောင်းပြန်ရိုင်ဖယ်တွေနဲ့ တရစပ်ပစ်တဲ့ နေရာမှာ တူမီးသေနပ်စွံချင်မှ စွံမယ်.. ဒါပေမယ့် ချင်းတောင်မှာ ခေါင်းမုဆိုးသေနပ်သမား တစ်သိန်းကျော်လောက်တော့ လိုအပ်ရင်လိုအပ်သလို အဆင်သင့် ရှိနေတယ်... အမဲပစ်ဖို့ဝယ်ထားတဲ့ သေနပ် အခုလို စစ်ကောင်စီကို ပစ်ရလိမ့်မယ်လို့ မတွေးခဲ့ဘူးပေမယ့်.......ခုတော့...ခုတော့...စစ်အာဏာရှင်စနစ်ဆိုးကြီး ကျဆုံးစေဖို့တွက် အရေးတော်ပုံအောင်မြင်ပီးဆုံးသည်အထိ အသက်ပေး ဆက်လက်တိုက်ပွဲဝင်နေကြဦးမာပါဗျာ
#အရေးတော်ပုံအောင်ရမည်
#ကျဆုံးသွားသောကြယ်ပွင့်တိုင်းတွက်ကမ်ဘာမကြေဘူး





Comments

VTbank4u

Na Theih Ko Lai

Ruahsur caan naa dornak thlam💔

Thinlung Innka😔

စိတ်အရမ်းညစ်နေတဲ့ သူတယောက်ဖြစ်ခဲ့ရင်

ရူးတတ်နေပြီ

☀️

Na caah thinlung innka khar caan um te hnga maw😔

Velhle