မင်းအောင်လှိုင် လွယ်လွယ်နဲ့လက်လျော့မယ် မထင်ပါဘူး ..UN တို့ဘာတို့ကိုလဲ သူ ဂရုစိုက်မှာမဟုတ်ဘူး ..သူ့ဘက်ကလဲ အလောင်းအစား ကြီးကြီးထပ်ပြီး play ထားရတဲ့ Game ဆိုတော့

ပေါ့ပေါ့တွေးကြမှာစိုးလို့....
အရေးကြီးတဲ့အချက်တစ်ချက်ကိုပြောပြမယ်၊ဒါကလူတိုင်းလည်းသိသင့်တယ်ဗျ။

မင်းအောင်လိူင်ကိုလျှော့မတွှက်နှင့်
နေဝင်းအာဏာသိမ်းတဲ့ခေတ်.....
သန်းရွှေအာဏာသိမ်းတဲ့ခေတ်.....
နှစ်ဆက်လုံးကိုကြုံတွေ့ဖူးတဲ့စစ်သား။

နေဝင်းဘယ်လိုလုပ်တယ်၊သန်းရွှေဘယ်လိုလုပ်တယ်ဆိုတာအကုန်သိနေတဲ့ စစ်သားတစ်ယောက်.....

ပြောပြမယ်နောက်တစ်ခု၊သူ့ရှေ့မှာ
စီနီယာစစ်ဗိုလ်ချူပ်ကြီးတွေဆိုတာရိုက်သတ်လို့မကုန်တဲ့ကြားထဲက ကာကွယ်ရေးဦးစီးချူပ်ဖြစ်လာတဲ့သူတစ်ယောက်ဆိုတာမမေ့နှင့်.....

ခုအာဏာသိမ်းတယ်ဆိုတာဖြစ်သလိုသိမ်းလိုက်ပါ တယ်ဆိုတာလုံးဝမဟုတ်ဘူးဆိုတာယုံလိုက်၊ သေချာအကွက်ချပြီးလွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ခြင်း အိမ်ကစပြီး ကြိုတင်လေ့လာထားတာ။

ဒါကြောင့် ညဘက်တွေအိမ်ထိတန်းမောင်းဝင်လာပြီးဖမ်းခေါ်ဖို့ ပြင်ဆင်ထားကြတဲ့ထိဘဲ။

နောက်တစ်ချက်ကအာဏာကိုခဏလေးဘဲကိုင်ထားသလိုလိုပြောဆိုနေပြီးတော့
ချက်ချင်းဝန်ကြီးနေရာတွေ၊အစိုးရနေရာတွေကို စတင်ဖွဲ့စည်းလိုက်တယ်။

နိုင်ငံတကာကဖိအားတွေဒီလောက်ပေးထားတယ်၊မနက်ကျရင် လွှတ်တော်မှာ
သံရုံးကိုယ်စားလှယ်တွေကိုဖိတ်ကြားထားတာတောင် ညတွင်းချင်းအာဏာကိုသိမ်းလိုက်တယ်ဗျ။

အဲဒီအချက်ကသူ ဘာကိုမှဂရုမစိုက်တော့တဲ့အချက်ဘဲ၊ တရုတ်ကထုတ်ပြန်တာ သူ့တို့ထုတ်ပြန်တာဘဲရှိတယ်။

မင်းအောင်လိူင်ဘက်ကိုမပါသလိုလိုဆိုတာ
သူတို့တရုတ်နိူင်ငံဂုဏ်သိက္ခာအရကမ္ဘာကြီးကိုပြော ခြင်းသာဖြစ်တယ်။
နောက်ကွယ်ကစောက်ကျင့်ယုတ်တာအကုန်သိထားကြတာဘဲလေ။

လွယ်လွယ်မှတ်ယူလို့မရတဲ့အချက်ကတော့ဒီအချက်ဘဲဆိုတာသိထားကြ
ကမ္ဘာကကြီးကဒီလိုအာဏာသိမ်းတာကိုဘယ်လိုမှ လက်မခံဘူးဆိုတာကိုသူသိတယ်။ မြန်မာပြည်သူကလက်မခံဘူးဆိုတာလည်းသူသိတယ်။

ဒီကိစ္စအလျှော်အစားသိပ်ကြီးတဲ့ကိစ္စကြီးနော်ဗျ၊ မင်းအောင်လိူင်ဟာလင်မယားနှစ်ယောက်ထဲ မဟုတ်ဘူး။

သားတစ်ယောက်၊ချွေးမတစ်ယောက်
သမီးတစ်ယောက်ရှိတယ်၊ အဲဒီထက်
ထည့်တွှက်စရာကအရွယ်မရောက်သေးတဲ့မြေးမလေးတွေ(4)ယောက်တောင်ရှိတယ်နော်။ မိန်းခလေးကြီးဘဲ။

ပြောချင်တဲ့နောက်ဆုံးအချက်ဘဲ။
သူအာဏာမရရင်သူရော သူ့မိသားစုတစ်ခုလုံးဘဝပျက်မယ်ဆိုတဲ့ထိကိုသူတွေးပြီးသားဘဲ ၊မင်းအောင်လိူင်ဟာနောက်ဆုံးထိသေမထူးနေမထူးဘဝကိုလောင်းကြေးထပ်ပြီးသားဖြစ်တယ်။ 

အဲဒါကြောင့်UNလာလို့USAကလာလို့
တရုတ်ကြီးကပြောလို့လက်လျှော့သွားမယ်လို့တော့ပေါ့ပေါ့မတွေးပါနှင့်။

လူတွေဟာဘဝကိုလောင်းကြေးထပ်တဲ့အချိန်မှာဘာမဆိုလုပ်မယ်ဆိုတဲ့အထိဖြစ်တတ်ကြတယ်၊ခုဟာကသူ့ဘဝမကသူမိသားစု၊အရွယ်မရောက်သေးတဲ့ခလေးတွေနောင်ရေးကအစလောင်းကြေးထပ်ထားခြင်းဖြစ်တယ်နော်။
အပိုအနေနှင့် စစ်တပ်နှင့်ရဲ တစ်ဖွဲ့လုံးကိုပါ မစားရတဲ့အမဲ သဲနှင့်ပက် ဆိုတာမျိုးလုပ်သွားတာ။

ခင်ဗျားတို့၊ကျနော်တို့တစ်ခါတစ်လေစိတ်ပျော့သွားသလို ခဏလေးအာဏာသိမ်းခြင်းမဟုတ်ဘူးဆိုတာစိတ်ထဲမှာမှတ်ထား၊ကျနော်ကတွေးခေါ်မှုများတော့ ပူတာအမှန်ဘဲ။

အာဏာရှင်နှစ်ဆက်အတွေ့အကြုံရင်ကျင့်ပြီးလျှင်တဲ့ စစ်သားတစ်ယောက်ဆိုတာမမေ့နှင့်၊သူ့ဘဝအဆုံးထိသူတွေးပြီးလုပ်တဲ့အာဏာသိမ်းပွဲမျိုးဖြစ်နေလို့ဘဲ။

ဒါလောက်ဆိုရင်ဘဲသဘောပေါက်ကြမယ်ထင်ပါတယ်ဗျာ

ဒီပို့စ်လေးကို များများ ရှဲပေးကြပါ ကူးယူပြီးလည်း ပြန်တင်ပေးကြပါ 
အဓိက ရည်ရွယ်ချက်က NLD အရေးသာသွားတယ်ထင်သွားပြီး CDMလုပ်နေတဲ့ လူတွေ အားလျော့သွားမှာ စိုးရိမ်လို့ပါ
.
.
မှတ်ချက်...
ပြည်သူတွေ  (CDM အောင်မြင်မယ်လို့ ယုံကြည်ချက်နဲ့) မိမိအလုပ်ကို တည်တည်တံ့တံ့ လုပ်ဖို့ အရေးကြီးပါတယ်။ 
...စားဝတ်နေရေးအလုပ်တခု စူးစိုက်လုပ်ရန်။ 
...တတ်နိုင်ရင် စစ်ကောင်စီရဲ့ mrtv.. မြဝတီ နဲ့ ရေဒီယိုများ နားမထောင်ရန်။ 
...BBC VOA RFA DVB Mizzima တခုခု ကိုပဲ နားထောင်ရန်။ 
...အသက်ကြီးတဲ့ လူကြီးစကားဝိုင်း နားမထောင်ရန်၊
... မသိကျွမ်းသူများကို စကားမပြောရန်၊
...လမ်းမပေါ်မှာ ပျောက်ကျားဆန္နပြရန်
...ဆန္နပြသူများကို အားပေးရန်၊ 
...အထိခိုက်မရှိအောင်ဆန္နပြရန်
...ဘယ်သောခါမှသွေးမအေးဘူး...
အရေးတော်ပုံ အောင်ရမည်။
#credit
Gg

Comments

VTbank4u

Na Theih Ko Lai

Ruahsur caan naa dornak thlam💔

Thinlung Innka😔

စိတ်အရမ်းညစ်နေတဲ့ သူတယောက်ဖြစ်ခဲ့ရင်

ရူးတတ်နေပြီ

☀️

Na caah thinlung innka khar caan um te hnga maw😔

Velhle