အိမ်တိုင်း ရှိတယ်🔥

ချင်းအိမ်တိုင်းနီးပါးမှာ တူမီးသေနပ်တစ်လက်ရှိပါတယ်.. အချို့ဆို သုံးလေးလက်အထိရှိပါတယ်.. ယောကျားများရင် များများသလိုပေါ့.. ချင်းပြည်နယ်မှာ အိမ်ထောင်စုတစ်သိန်းရှိရင် တူမီးသေနပ်တစ်သိန်းဝန်းကျင်ရှိနိုင်ပါတယ်... ချင်းယောကျားတိုင်းနီးပါးက သေနပ်ပစ်တတ်ပါတယ်.. ပြောချင်တာ သေနပ်မောင်းခလုတ်ဆွဲတတ်တာကို ပြောတာမဟုတ်ဘူး.. သွားနေလာနေတဲ့သားကောင်ကို snipper နဲ့ချိန်ပြီး ပစ်သလိုပစ်တာရယ်၊ ပြေးနေတဲ့သားကောင်ကို ပြေးလမ်းကြောင်းကြည့်ပြီး သေနပ်ပစ်တဲ့ပညာ.. စစ်သင်တန်းဆင်းတိုင်းမပစ်တတ်ဘူး.. ချင်းတွေပစ်တတ်တယ်.. ချင်းတောင်မှာ အရွယ်ရောက်ပြီးသား ယောကျား ၁ သိန်းခွဲရှိရင် တစ်သိန်းလောက်က သေနပ်ပစ်တတ်တယ်.. ဒါပေမယ့် ချင်းတွေကစည်းကမ်းရှိကြတယ်။ ရွာသားချင်းဖြစ်ဖြစ် တခြားရွာကလူတွေနဲ့ဖြစ်ဖြစ် ရန်ဖြစ်ရင် အိမ်မှာသေနပ်ယူပြီး မပစ်ကြဘူး.. သေနပ်ကို ဘေးချ၊ လွယ်ထားတဲ့ ဓားဘလိုင်းကို ဘေးချပြီး လက်သီးနဲ့ထိုး နပန်းသတ်ကြပါတယ်။ ဒါကြောင့် အိမ်တိုင်းမှာ သေနပ်ရှိတဲ့ချင်းတောင်မှာ လူသတ်မှုအရမ်းရှားပါတယ်... သစ္စာရှိတာလို့ ခေါ်တယ်.. ဒေသအခေါ်အရဆို ယောကျားပီသတယ်လို့လည်း ခေါ်ကြတယ်.. ဒါပေမယ့် ချင်းတွေက လူတစ်ယောက်ကို သတ်ချင်ပြီဆိုရင်တော့ မိုးမြေအဆု...