အချိန်မပေးနိုင်ရင် ရည်းစားမထားနဲ့။
ပေးစရာအချိန်လေးနည်းနည်းပါးပါးတောင်မရှိရင်
ဘာလ်ို့ သူများသာသမီးကို သွားနှိပ်စက်နေမှာလဲ?
တစ်ယောက်တည်းနေလေ မဟုတ်ဘူးလား?
ရည်းစားထားတယ်ဆိုတာက အပျော်ပဲဖြစ်ဖြစ်၊ အတည်ပဲ ဖြစ်ဖြစ်၊ အချိန်တော့ပေးရမှာပေါ့။
ဘယ်သူ့ကိုမှ အချိန်မပေးချင်၊ တစ်ယောက်တည်းအေးဆေးနေချင်တယ်ဆိုရင် အစကတည်းက ရည်းစားမထားသင့်ဘူး။
ရည်းစားရှိတယ်ဆိုရင်တော့...ကိုယ့်မှာရှိထားတဲ့ ရည်းစားကို 24/7 အချိန်ပေးဖို့မလိုပေမယ့် တစ်နေ့မှာ စကားလေးတစ်ခွန်းနှစ်ခွန်းအနည်းဆုံးပြောသင့်တယ်။ ဘယ်လောက်ပဲ မအားဘူးလို့ပြောပြော၊ သူ့အတွက် အချိန်ဆိုတာ သက်သက်ဖယ်ပေးသင့်တယ်။ ဖယ်ပေးဖို့ အချိန်မရှိရင်တောင် ရှိတဲ့အချိန်ထဲက ရသလောက်ပေးရတယ်။
“ငါနင့်ကိုချစ်တယ်” ဆိုပြီး တစ်ပတ်လောက်ပစ်ထားလို့မရဘူးလေ။ ကိုယ့်ရည်းစားကို နည်းနည်းပါးပါးတော့ အချိန်ပေးရမှာပေါ့။
ပြောချင်တာက...
အချိန်မပေးချင်ရင် တစ်ယောက်တည်းအေးဆေးနေ။ မနေနိုင်လို့ရည်းစားထားရင်လည်း ကိုယ့်ရည်းစားကို အချိန်ပေး... ဒါပါပဲ။
@#Crd S&M
Comments
Post a Comment