စဥ်းစားပါ
ပုရွက်ဆိတ် အမဲ အကောင် ၁၀၀ နဲ့ အနီ အကောင် ၁၀၀ ကို ဖန်ပုလင်း တစ်ခုထဲ ထည့်ရင် ဘာမှ မဖြစ်ပါဘူး
ဒါပေမဲ့ ခင်ဗျားက ဖန်ပုလင်းကို ခပ်ကြမ်းကြမ်းလေး လှုပ်ပြီး ပုရွက်ဆိတ်တွေကို စားပွဲပေါ် လွှတ်ပေးလိုက်တာနဲ့ သည်ကောင်တွေ တစ်ကောင်နဲ့ တစ်ကောင် တိုက်ခိုက် သတ်ဖြတ်ကြတော့တာပါပဲ
ပုရွက်ဆိတ် အနီကောင်တွေက အမဲ ကောင်တွေကို ရန်သူလို့ ထင်သွားတဲ့ အချိန်မှာ ပုရွက်ဆိတ် အမဲကောင်တွေကလည်း အနီကောင်တွေဟာ သူတို့ရဲ့ ရန်သူလို့ ယုံကြည်သွားကြပါတယ်
တစ်ကယ့် ရန်သူ အစစ်ကတော့ ဖန်ပုလင်းကို လှုပ်လိုက်တဲ့ သူပါ
ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာလည်း သည်အတိုင်းပါပဲ
မိန်းမ နဲ့ ယောက်ျား
လက်ဝဲ နဲ့ လက်ယာ
ချမ်းသာ နဲ့ ဆင်းရဲ
ဘာသာတရားယုံကြည်မူ့ နဲ့ သိပ္ပံပညာ
အတင်းအဖျင်း နဲ့ ကောလဟာလ
စသဖြင့်...
တစ်ယောက်နဲ့ တစ်ယောက် မတိုက်ခိုက် ခင်မှာ ကျွန်တော်တို့ မိမိကိုယ်ကို သေချာအောင် ပြန်မေးသင့်ပါတယ်
"ဘယ်သူက ဖန်ပုလင်း ကို လှုပ်လိုက်တာလဲ"
Credit
Comments
Post a Comment