ဖြစ်ချင်မိတယ်
ကျွန်မကတော့ သန်မာတဲ့၊နွေးထွေးကြင်နာတတ်တဲ့ အမျိုးသမီးတစ်ယောက်ပဲ ဖြစ်ချင်တာ..။💛
ထက်မြတ်တဲ့အမျိုးသမီးတစ်ယောက်လည်း မဖြစ်ချင်ဘူး။ပျော့ညံ့ညံ့အမျိုးသမီးတစ်ယောက်လည်း မဖြစ်ချင်ဘူး..။သန်မာတတ်တဲ့၊နွေးထွေးကြင်နာတတ်တဲ့အမျိုးသမီးတစ်ယောက်ပဲ ဖြစ်ချင်တာ..။
ချစ်ရတဲ့ မိသားစု၊ချစ်လာရမယ့် အမျိုးသားတစ်ဦး ၊
ရှိလာမလားတော့မသိတဲ့ အနာဂတ်က မိသားစုတွေကို
အရေးကြုံရင် ကာကွယ်ပေးနိုင်တဲ့...
ညဏ်အားဖြင့်လည်း ကူနိုင်မဲ့...
လုပ်အားနဲ့လည်း ကယ်နိုင်မဲ့...
အဆုံးငွေကြေးပါလိုအပ်ရင်ထောက်နိုင်မဲ့
နွေးနွေးထွေးထွေး အမျိုးသမီးတစ်ယောက်ပဲ
ဖြစ်ချင်တာ...။
ထက်မြတ်ချင်တာထက် သိက္ခာရှိပြီး တည်ငြိမ်တဲ့အမျိုးသမီးတစ်ယောက်ပဲ ဖြစ်ချင်တာ။
ကိုယ်ချစ်ရတဲ့လူတွေ စိတ်ပင်ပန်းလာတဲ့အခါ
ဖြောင်းဖြတတ်တဲ့၊အကြံညဏ်ကောင်းတွေပေးတတ်ပြီး သူတို့ရဲ့အပူတွေကို ကျွန်မရဲ့မေတ္တာနဲ့ အေးချမ်းစေတာမျိုးပဲ ဖြစ်စေချင်တာ..။
ကျွန်မက လူတကာကိုမချစ်ပါဘူး..။
ဒီအတွက် ကျွန်မဘယ်လိုလူဆိုတာဖြစ်ပြီး ဘယ်သူ့ကမှကျွန်မအပေါ်လိုတာထက်လာပြီး မျှော်လင့်နေတာမျိုးလည်း မလိုချင်ဘူး။အချစ်ကို သိနားလည်တဲ့လူဆီမှာတော့ မင်းငါ့ကိုချစ်လားဆိုတာမျိုးမဟုတ်ဘဲ၊
ငါမင်းကို ချစ်တယ်ဆိုတာမျိုးပဲရှိတယ်။
သေချာတာတော့လူတိုင်းကိုတော့မချစ်ပါဘူး..။
ချစ်ရတဲ့လူတွေ ကျွန်မဆီက ခွဲခွာသွားကြရင်လည်း
ကျွန်မက တာဝန်ကျေတဲ့အပြုံးနဲ့ပဲ
သတ္တိရှိရှိ ကျန်ခဲ့ချင်တာ။
တစ်စုံတစ်ယောက်ဆီက သစ္စာဖောက်ခံရတဲ့အခါလည်း အေးအေးဆေးဆေးလေးပဲ ပြုံးပြချင်တာ။
ပျက်စီးသွားတဲ့အရာတွေအတွက်ခံနိုင်ရည်ရှိချင်တာ
အပြောင်းအလဲများတဲ့လောကဓံတွေကြား
ကျွန်မစိတ်တွေအရောင်မပြောင်းဖို့က
ကျွန်မရဲ့မှတ်တိုင်တစ်ခုပါ။
ချစ်ရတဲ့လူတွေအတွက် ဟင်းကောင်းကောင်းချက်
ပေးချင်တာ..။ကျွန်မချစ်ရတဲ့လူတွေကို ကျွန်မသူတို့လိုချင်တဲ့လက်ဆောင်တွေဝယ်ပေးချင်တာ။
ဆောင်းတွင်းမှာ ကျွန်မချစ်ရတဲ့
အမျိုးသားတစ်ယောက်အတွက်
မာဖလာလေးထိုးပေးချင်တာ..
ကိုယ်ခြေထောက်ပေါ်ကိုယ်ရပ်ရင်း
ကိုယ်ချစ်ရတဲ့လူတွေ အပေါ် တတ်နိုင်သလောက်လေး
ချစ်ပေးသွားချင်တာ..။
ကျွန်မဖြစ်ချင်တာ သန်မာပြီး နွေးထွေးတတ်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်ချင်တာပါ..။
ထက်ထက်မြက်မြက်အမျိုးသမီးတစ်ယောက်ဖြစ်ချင်တာမဟုတ်ပါဘူး။
Crd..Htet2ShweSin
Comments
Post a Comment