Happy Fathers' Day
+++ မျက်နှာများတဲ့ အချစ် +++
တခါတလေမှာ....ကျားတစ်ကောင်လို မာန်ဖီခက်ထန်တယ်
ဒါပေမဲ့ ချိုးငှက်တစ်ကောင်လိုအဆိပ်ကင်းပီး ရိုးသားတယ်
တခါတလေမှာ....တုတ်ရှည်ကိုင်လျှက် ရိုက်နှိက်ဆုံးမတယ်
ဒါပေမဲ့ အငြိုးမပါ နောင်ရေးအတွက် ပဲ့ပင်ဆုံးမ လမ်းပြပေးတဲ့ ဗိသုကာ ပညာရှင်ပါ
တခါတလေမှာ ....အိမ်ဦးနတ်လို သုခနဲ့ပါ ဒါပေမဲ့ ကျေးကျွန်တစ်ယောက်လို တနေခမ်း ရုန်းကန် နေနိုင်သူပါ
တခါတလေမှာ....ကြမ်းတမ်း နားခါးတဲ့ စကားလုံးတွေပြောတတ်တယ် ဒါပေမဲ့ လူရွှင်တော် တစ်ယောက်လို ပြုံးရယ် စေ နိုင် သူပါ
တခါတလေမှာ....မိသားစု ရဲ့ ဦးဆောင်ကောင်းတစ်ယောက်ဖစ်နေသလို နောက်လိုက်ကောင်း တစ်ယောက်လည်းဖစ်နေနိုင်သူပါ
တခါတလေမှာ....သားသမီးတွက် နှဖူးပေါ်လက်တင်ပီး အတွေး တွေ၊ သောကတွေ၊ စိုးရိမ်မှုတွေ တစ်ထောင့်တစ်ည ပုံပြင်ထက် ပိုမှာပါ ဒါပေမဲ့ သားသမီးရှေ့မှာ ဟန်ဆောင် နိုင်လွန်းသူပါ
ထိုကဲ့သို့သော မျက်နှာများတဲ့ အချစ်နဲ့ မိသားစုကို မားမားမတ်မတ် ကာကွယ် စောင့်ရှောက်ပေးနိုင်သူဟာ ဖေဖေပါ.......
အဖေတွေဆိုတာ မိသားစုနှင့် သားသမီးများအပေါ် မျက်နှာများတဲ့ အချစ်ကို ပိုင်ဆိုင်တဲ့သူတွေပါ.....
ဘုရားသခင်ရဲ့ ကောင်းကြီး ဖခင်တိုင်းပေါ်မှာ သက်ရောက်ပါစေ!
Comments
Post a Comment