ကာယလုပ်သားနှင့် ဉာက်နလုပ်သား

" Enginnerတွေက (၆)နှစ်တောင်တက်ရတာ အကြာကြီးဘဲ မပျင်းဘူးလား ငါသာနင့်နေရာမှာဆိုရင် အဝေးသင်တက် အလုပ်လုပ်ပြီး ပိုက်ဆံရှာနေလောက်ပြီ '' လို့လာအကြံဉာက်လာပေးတဲ့ သူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ်။

😊 သူငယ်ချင်းတို့ ပြောသလို(၆)နှစ်တက်ရတာတကယ် စိတ်မဝင်စားသူတွေအတွက်တော့ အတော့်ကိုကြာတဲ့ အချိန်တွေပါ။ ဒါပေမယ့် တခုလိုချင်ရင် တခုတော့ပေးဆပ်ရမှာ သဘာဝပါ။ ဘယ်အရာမှ မကြိုးစားဘဲ ရင်းနှီးမြုပ်နှံမှုမရှိဘဲ တိုးတက်လာတယ်ဆိုတာမရှိပါဘူး။ Sandarလည်းတခါတလေ စဥ်းစားမိပါတယ် မိဘတွေကို ကိုယ်လုပ်အားခနဲ့ရတဲ့ ပိုက်ဆံအပ်ဖူးချင်လိုက်တာပေါ့။ (၁၈)တောင်ပြည့်နေပြီ မိဘဆီက ခုထိလက်ဖြန့်တောင်းနေရတာ ရှက်တတ်လာပြီ။ ကိုယ်ရှာတဲ့ပိုက်ဆံ ကိုယ်သုံးချင်လာတယ်။ ကိုယ့်စီးပွား​ရေး ကိုယ်ရှာရှင်လာတယ် ။

ဒီချိန်မှာ Sandarတွေးမိတာက အစထဲက enginnerဖြစ်ချင်လို့ ငါဒီလမ်းကို ရွေးချယ်ခဲ့တာဘဲ။(၆)နှစ်ဆိုတာ ကြာတယ်ထင်ရပေမယ့် တကယ်တမ်းကျ လေ့လာစရာတွေ စူစမ်းစရာတွေနဲ့  တကယ်စိတ်ဝင်စားတဲ့သူတွေ ရည်မှန်းချက်ကြီးတဲ့သူတွေ အတွက်တော့ ခနလေးလိုပါဘဲ။ 

💢 အခုချိန် အလုပ်လုပ်ပြီး ရတဲ့ပိုက်ဆံနဲ့ ကျောင်းပြီး​အောင်တက်ပြီး ရတဲ့ပိုက်ဆံက တူသလိုလိုနဲ့ တကယ်တမ်းကြ ဆီနဲ့ရေပါ။ ခုချိန်အလုပ်လုပ်လို့ရတဲ့ ပိုက်ဆံက ကာယအားနဲ့ရတဲ့ပိုက်ဆံဖြစ်ပြီး ကျောင်းပြီးမှ ရတဲ့ပိုက်ဆံက  ဉာက်နအားနဲ့ ရတဲ့ပိုက်ဆံဖြစ်ပါတယ်။ဘယ်လိုမှ မတူညီနိုင်ပါဘူး💢

ဒါကြောင့် မိမိရွေးချယ်ခဲ့တဲ့လမ်းကို တွန့်ဆုတ်နားမယောင်နေဘဲ လက်ရှိအချိန်ကို အကောင်းဆုံး ကြိုးစားနေသ၍ တနေ့မှာ ဒီရင်းနှီးမြုပ်နှံမှုရဲ့ အကျိုးရလဒ်ကို ခံစားရမှာမလွဲဧကန်ပါ။ (၆)နှစ်ဆိုတဲ့အချိန်နဲ့တန်အောင် စူစမ်းလေ့လာစုဆောင်းရမှာက Sandarတို့ တာဝန်ပါ။ မိုးကတော့ တူတူရွာပေးလိုက်တာဘဲ။ အိုးကြီးကြီးနဲ့ခံရင် အိုးကြီးကြီးနဲ့ရမှာဘဲ။ အိုးသေးသေးနဲ့ခံရင် အိုးသေးသေးလေးလောက်ဘဲ ရမှာဘဲ။ အခွင့်ရေးရတုန်း အကောင်းဆုံးကြိုးစားထားပါ။ Sandar အခုလို စာရေးရတာလည်း သဘောမကျပါဘူး။ဒါမဲ့ Sandar သူငယ်ချင်းပြောတဲ့ စကားလေးတွေက်ို သဘောကျ စပ်လျဥ်းပြီး ရေးချင်စိတ်ပေါ်လာလို့ပါ။ အဓိက Sandarပြောချင်တာက ပညာရှာတဲ့အချိန်မှာ🤗 ပညာရှာပါ။ ပညာရှာပြီးရင် မလွဲဧကန် စီးပွားရှာရမှာပါ။ ပညာရှာတဲ့အရွယ်မှာ ပညာရေးကို အာရုံမစိုက်ဘဲ စီးပွားရှာနေရင်တော့ ကိုယ်ကိုတိုင်တောင် မသိလိုက်ဘဲ ကာယလုပ်သားလုံးလုံးဖြစ်သွားပါလိမ့်မယ်။🙅 ဒီတော့ Sandarကတော့ ကိုယ်ရွေးချယ်ခဲ့တဲ့လမ်းကို အဆုံးထိဆက်လျောက်လှမ်းသွားမှာပါ။

(Sandarထင်မြင်ချက်လေးရေးကြည့်တာပါ မည်သူ့ကိုမျှ ရည်ရွယ်ပြီး ရေးခြင်းမဟုတ်ပါ❌💯)


Originalwriter - SandarOo
Crd : SDO
(11.6.2020)


Comments

VTbank4u

Na Theih Ko Lai

Ruahsur caan naa dornak thlam💔

Thinlung Innka😔

စိတ်အရမ်းညစ်နေတဲ့ သူတယောက်ဖြစ်ခဲ့ရင်

ရူးတတ်နေပြီ

☀️

Na caah thinlung innka khar caan um te hnga maw😔

Velhle