Capo ဆိုတာ ဘာလဲ.. ဘယ်လိုသုံးရမလဲ...ကောင်းကျိုး ဆိုးကျိုးနဲ့
ရှောင်ရန်၊ဆောင်ရန် သိထားသင့်သည်. အချက်များ......😍😍
Capo ဆိုတာ ဘာလဲ..🤔🤔
Capo ဆိုတဲ့ အသုံးအနှုန်းအခေါဝေါက အီတလီ မူရင်းဘာသာစကား Capotasto က ဆင်းသက်လာပြီး ဦးခေါင်းနှင့်တူသော ဖလပ် (Head of fretboard )တနည်း (Movable Nut ) ရွေ့လာနိူင်သော ဦးခေါင်း လို့ သတ်မှတ်ခေါဆိုကြပါတယ်။
ဦးခေါင်း (Nut ) နဲ့ Bridge ကြားမှာ ရှိတဲ့ အကွာအဝေး (Scale Length )ဒီအကွာအဝေးကြားက တီးခက်လို့ ထွက်ပေါလါတဲ့ အသံရဲ့ တန်ဖိုး ( Pitch )ကို အသံမြှင့်လိုတဲ့အခါ..နိမ့်လိုတဲ့အခါ လွယ်လင့်တကူ တီးခက်၊သီဆိုနိုင်ရန်အတွက် ကြိုးတပ်တူရိယာတွေမှာ Capo ကို အထောက်ကူပြုပစ္စည်းအနေနဲ့ အသုံးပြုကြပါတယ်။
Capo ကို ဘာကြောင့်သုံးရတာလဲ....😎😎
Capo ကို သုံးကြတဲ့ ရည်ရွယ်ချက် (၂ )မျိုးရှိပါတယ်။
ပထမတမျိုးကတော့ ...
၁။ Open Strings ( လွတ်ကြိုးအသံ) ကို ကီးမြှင့်အသံ လိုချင်တဲ့အခါ..
Capo မသုံးခင် ဂီတာတလတ်ရဲ့ မူလအသံဟာ
6 ကြိုး( E) ၊5 ကြိုး( A) ၊ 4 ကြိုး( D ) ၊3 ကြိုး( G )၊2ကြိုး( B )၊ 1 ကြိုး ( E )ဖြစ်ပြီး..၊
Capo ကို 2nd fret မှာ ညှပ်လိုက်တဲ့အခါ လွတ်ကြိုးရဲ့ မူလအသံတွေဟာ မြှင့်တတ်လာစေမှာပါ...
6 ကြိုး ( F#) , 5 ကြိုးက ( B) , 4 ကြိုးက (E), 3ကြိုးက (A) , 2ကြိုးက ( C#) , 1ကြိုးက ( F# )ဆိုပြီး မူလ လွတ်ကြိုးရဲ့ အသံတန်ဖိုးတွေဟာ မြှင့်တတ်လာပါမယ်။
ဒုတိယတမျိုးကတော့ ....
မူလ Key ကိုမြှင့်ပြီး Open Chord Posationအတိုင်း ကိုင်ပြီး တီးခက်၊တီးဆိုချင်လို့ပဲ ဖြစ်ပါတယ်။
မူလသဘာဝ သံစဥ် Key များဖြစ်တဲ့
ဒို (C) ,ရေ ( D ), မီ( E ), ဖာ ( F),
ဆို ( G ), လာ (A), ဒီ (B ), ဒို( C)... အစရှိတဲ့ Keyတွေကို အသံ (Pitch )အသံရှိန်မြှင့်တင်လိုတဲ့အခါ၊ အသံရှိန် နိမ့်ပြီး တီးခက်၊သီဆို
လိုတဲ့အခါ Capo ကို အသုံးပြုကြပါတယ်။
အထူး သိထားရမယ့်အချက်က - 😱😱
Capo ကို သက်ဆိုင်ရာ အကွက်တွေမှာ ရွေ့လျားညှပ်ပေးလိုက်တဲ့ အခါ .....
Key ရဲ့ Pitch (အသံ)သည် အသံရှိန်တွေ ပြောင်းသွားမယ်။
Chord နာမည်တွေ ပြောင်းသွားပါမယ်။
Chord Posation ကိုင်ပုံကတော့ ပုံစံပြောင်းမသွားပါ။
Capo ကို ဘယ်လို သုံးရမလဲ....☺☺
ဥပမာ -သီချင်းစာအုပ် ဘေးထိပ်တွေမှာဆို Key - ( D,A,E စသဖြင့်ရေးထားတာ တွေ့ကြမှာပါ။
အဆိုတော် မိန်ကလေးက Key -C နဲ့ဆိုထားတယ်.
သို့ပေမဲ့ ကိုယ်တိုင်က ဂီတာတီးပြီး သီဆိုတဲ့အခါ သူအသံထက် ပိုမြှင့်ပြီး သီဆိုချင်တဲ့အခါ Key -Dကို မြှင့်ဖို့.. ပြောင်းဖို့ကို
Capo ကို အသုံးပြုကြပါတယ်။
ဒါကတော့
C -Key မြှင့်ချင်တဲ့အခါ...
D -key ဖြစ်ဖို့ကို Capo ကို ဖလပ်ရဲ့ ၂ ကွက်မြောက်မှာ ညှပ်ပြီး သူ့ကောဒ်အတိုင်း မပြောင်းပဲတီးခက်သီဆိုကြပါတယ်..
ထူးခွားတာက ...
Key Pitch ( အသံရှိန် ပြောင်းသွားမယ်)
Chord အမည်သာ ပြောင်းသွားမယ်။
သူ့ Chord Posationအတိုင်သာ မပြောင်းလဲပဲ ကိုင်လို့ တီးခက်သီဆိုနိူင်မှာပါ။
ဒီလိုပဲ Key တွေ မြင့်လို၊နိမ့်လိုတဲ့အခါ Capo နဲ့အသုံးပြု
တီးခက်နိူင်ဖို့ကို အောက်မှာရေးပေးထါးပါတယ်။
Key -C မှ D ပြောင်းရန် ( 2 )အကွက်ကို Capo ရွေ့
Key -C မှ E ပြောင်းရန် ( 4 )အကွက်ကို Capo ရွေ့
Key -C မှ F ပြောင်းရန် ( 5 )အကွက်ကို Capo ရွေ့
Key -C မှ G ပြောင်းရန် ( 7 )အကွက်ကို Capo ရွေ့
Key - D မှ E ပြောင်းရန် ( 2 )အကွက်ကို Capo ရွေ့
Key - D မှ F ပြောင်းရန် ( 3 )အကွက်ကို Capo ရွေ့
Key - D မှ G ပြောင်းရန် ( 5 )အကွက်ကို Capo ရွေ့
Key - D မှ A ပြောင်းရန် ( 7 )အကွက်ကို Capo ရွေ့
Key - E မှ F ပြောင်းရန် ( 1)အကွက်ကို Capo ရွေ့
Key - E မှ G ပြောင်းရန် ( 3 )အကွက်ကို Capo ရွေ့
Key - E မှ A ပြောင်းရန် ( 5 )အကွက်ကို Capo ရွေ့
Key - E မှ B ပြောင်းရန် ( 7 )အကွက်ကို Capo ရွေ့
Key - F မှ G ပြောင်းရန် ( 2 )အကွက်ကို Capo ရွေ့
Key - F မှ A ပြောင်းရန် ( 4 )အကွက်ကို Capo ရွေ့
Key - F မှ B ပြောင်းရန် ( 6 )အကွက်ကို Capo ရွေ့
Key - F မှ C ပြောင်းရန် ( 7 )အကွက်ကို Capo ရွေ့
Key - G မှ A ပြောင်းရန် ( 2 )အကွက်ကို Capo ရွေ့
Key - G မှ B ပြောင်းရန် ( 4 )အကွက်ကို Capo ရွေ့
Key - G မှ C ပြောင်းရန် ( 5 )အကွက်ကို Capo ရွေ့
Key - G မှ D ပြောင်းရန် ( 7 )အကွက်ကို Capo ရွေ့
Key - A မှ B ပြောင်းရန် ( 2 )အကွက်ကို Capo ရွေ့
Key - A မှ C ပြောင်းရန် ( 3 )အကွက်ကို Capo ရွေ့
Key - A မှ D ပြောင်းရန် ( 5 )အကွက်ကို Capo ရွေ့
Key - A မှ E ပြောင်းရန် ( 7 )အကွက်ကို Capo ရွေ့
Key - B မှ C ပြောင်းရန် ( 1 )အကွက်ကို Capo ရွေ့
Key - B မှ D ပြောင်းရန် ( 3 )အကွက်ကို Capo ရွေ့
Key - B မှ E ပြောင်းရန် ( 5 )အကွက်ကို Capo ရွေ့
Key - B မှ F ပြောင်းရန် ( 7 )အကွက်ကို Capo ရွေ့
စသဖြင့် ရွေ့ပြီးညှပ်ရုံနဲ့ Key တွေ Pitch အသံတွေ မြှင့်ချင်သော်လည်းကောင်း၊နိမ့်ချင်သောလည်းကောင်း Capo ညှပ်လို့ အသုံးပြုကြပါတယ်။(မှတ်ချက် - Key ပြောင်းသွားပေမဲ့ သူ့ကောဒ်အတိုင်း တီးနိူင်သည်)
Capo ရဲ့ နက်နဲ ကျယ်ပြန့်စေတဲ့အချက် တခုရှိပါမယ်
E ကနေ D ချချင်တာ အသံ နိမ်ချင်လို့ဆိုတဲ့ အယူအဆက မဟုတ်သေးပါဘူး..
capo ကို အဓိကသုံးတာ လွတ်ကြိုသံပါနေတဲ့ ကောဒ်ကို အသံလုံး ပိုလှစေချင်လို့ သုံးတာပါ
ဥပမာ
key E မှ D ကို ပြောင်းမယ်
အဲ့ D ကိုမှ လူကြီးမင်းတို့
ဘယ် Chord Shape နဲ့ တီးမှာလဲ..
C Chord shape posation ကောဒ်တွေနဲ့ကိုင်.. တီးမှာလား
G chord shape posation နဲ့တီးမှာလား
D ကို C Chord posation နဲ့ တီမယ်ဆို
အဲ့စာထဲကအတိုင် ဖလပ် ၂ ကွက်ထာပီတီးရင် D အသံပဲ
ကိုယ်က D ကိုမှ
ကိုယ် G Family Chord shape တွေနဲ့ တီးမယ်ဆို ဖလပ် ၇ အကွက်မှာ ညှပ်ပီ
G family ကောဒ် နဲ့ တီးလိုက် အဲ့ဒါ D ပဲ...
ပြောချင်တာ
C ဒို ,D ရေ , E မီ ,F ဖာ ,G ဆို ,Aလာ ,B ဒီ, C ဒို သိထားရပါမယ်
ကြားအသံ note တွေကိုလည်း သိထားရပါမယ်
Chord Shape postion ပိုင်နိူင်အောင် ကောဒ်တိုင်းရဲ့family.ကောဒ် တွေလည်း သိထားရပါမယ်
ဒါမှ Capo သုံးရခြင်းကို အနစ်တွေ့စေမှာပါ
Capo သုံးခြင်းဖြင့် ကောင်းကျိုးနှင့် ဆိုးကျိုး😨😨
ကောင်းကျိုးအနေနဲ့ကတော့ ...
Open String( လွတ်ကြိုး) အသံများ ,Plucking ,Finger Styleများ၊ကြားအသံများ တီးခက်တဲ့အခါ အသံလုံး လှအောင် Supporting အထောက်ကူပြုပေမဲ့
ဆိုးကျိုးအနေနဲ့ကတော့....
Beginer စပြီး သင်ယူသူအနေနဲ့ Capo အလွယ်သုံးနေမယ်ဆိုရင်တော့
Open Chord posation လက်ကွက် မသိမှုအားနည်းချက်တွေ၊
Chord အနိမ့်အမြင့် ပြောင်းနိူင်စွမ်းရှိတဲ့ Chord Theory Thinking မှတ်ဥာဏ်တွေ အားနည်းသွားပါလိမ့်မယ်။
ဖြစ်နိူင်မယ်ဆို Rhythm တီးတဲ့အခါ Open Chord လောက်တီးမယ်ဆို Capo အသုံးမပြုစေလိုပါ။
Capo အတွက် ရှောင်ရန်ကတော့..😮😮
Capo ကို ဖလပ်ရဲ့ ၅ ကွက်မြောက်နောက်ပိုင်း... (သို့မဟုတ် ) Optic နေရာမျိုးမှာ Capoညှပ်တီးတဲ့အခါ
မိမိတို့ရဲ့ ဂီတာ (Tunner )ကို ကြိုးတစ်ကြိမ်ပြန် ညှိပြီးမှ တီးစေလို့ပါတယ်။
ဘာကြောင့်လဲဆိုတော့ ..
ဂီတာ တစ်လုံးနဲ့ တစ်လုံးဟာ Scale Length အကွာအဝေးချင်း မတူသလို..
ဂီတာတလုံးချင်းစီဟာ ဖလပ်ရဲ့ ကြံ့ခိုင်မှုအား မတူညီတာကြောင့်... အဲလိုနေရာမှာများ Capo ကိုအသုံးပြုရင်..
ဂီတာကို ကြိုးညှိပြီးမှ တီးစေလိုပါတယ်။
သို့မဟုတ် မဟုတ်ရင် ကျူနီတွေ မကိုက်လို့..
ကိုယ်သီဆိုတဲ့ခါ လိုရာမရောက်.. အသံမပေါက်လို့ စိတ်ညစ်နေရမှာပါ
ခုလို ဂီတနှင့်ပတ်သတ်ပြီ သိမှတ်သလောက်များ မျှဝေခွင့်ရတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။😍😍
ဒီ Knowledge လေးဖြစ်မြောက်ဖို့
Melody Rose ဆရာ ( Ko Tun) နှင့်အတူ
ဆရာလင်းနစ်၊အနုပညာရပ်ဝန်း မှ admin ကိုလည်း အများကိုယ်စား ထပ်တူ ကျေးဇူးတင်ရှိလျက်ပါကြောင်း ......
#Crd
Comments
Post a Comment