"တပည့် ( ၄ ) မျိုး"
********************
၁။  "တင်း"ပည့်
၂။  "တု"ပည့်
 ၃။  "သ"ပြည့်
 ၄။  "တ"ပည့်
_________________________

၁။ ဆရာဖြစ်သူရဲ့အတင်းအဖျင်းကို အရသာခံပြောတတ်တဲ့ အရှက်မဲ့ကျေးဇူးမသိတတ်သော
    #တင်းပည့်။

၂။ အတတ်ပညာလေး မတောက်တစ်ခေါက်စုံလာတော့
    ဆရာကိုယှဉ်ပြိုင်အံတု နေရာယူဖို့ကြိုးစားတတ်သော
    #တုပည့်။

၃။ အရာရာမှာ အလိုက်သိတာဝန်ကျေပြီး စာပေ၊ ပညာကိုသာ အလေးထားဆည်းပူးသင်ယူသဖြင့် ဆရာဖြစ်သူ၏ ချီးမြှောက်ပသမှုခံယူရသော
    #သပည့်။

၄။ အနေအထိုင်ပိရိ၊ ပညာလည်းကြိုးစား၊ ကျောင်းလည်းမြဲ၊ ဆရာသမား၏ကွယ်ရာမှာကော ရှေ့မှာပါ စိတ်ချရသဖြင့် အမြဲတသတမ်းတနေရမည့်
    #တပည့်။

ဤတပည့် လေး မျိုးထဲမှာ (၁) နဲ့ (၂) တပည့်တွေက မက္ခပလာပ ကျေးဇူးတရားဖျက်စီးစော်ကားသူတွေ  ဖြစ်တာကြောင့် "သက်ရှည်လို့ဘုန်းမကြီး  ဘုန်းကြီးလို့သက်မရှည်" ဖြစ်တတ်တယ် ရှောင်ကြဉ်ကြ။     

နံပါတ် (၃) (၄) တပည့်မျိုးတွေဖြစ်အောင် အကောင်းဆုံးပြုပြင်နေထိုင်ကြ။

ကိုယ်ကတပည့်ကောင်းဖြစ်ခဲ့ဖူးမှ နောင်တစ်ချိန်မှာ ဆရာကောင်းပြန်ဖြစ်နိုင်တယ်။

ဥုးမဟောသဓာပဏ္ဍိတာလင်္ကာရ
(အမေရိကန်၊သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ပိဋကတ်တိုက်မှူးဟောင်း) စာချရင်းပြောခဲ့ဖူး တဆင့်ကြားဖူးသည်ကား
စစ်ကိုင်းသက်တော်ရှည်ရွှေဟင်္သာ
ဆရာတော်ကြီးသြဝါဒပါ ...

 Credit : အရှင်ဣန္ဒာသိရီ(မန္တလေး)



Comments

VTbank4u

Na Theih Ko Lai

Ruahsur caan naa dornak thlam💔

Thinlung Innka😔

စိတ်အရမ်းညစ်နေတဲ့ သူတယောက်ဖြစ်ခဲ့ရင်

ရူးတတ်နေပြီ

☀️

Na caah thinlung innka khar caan um te hnga maw😔

Velhle