
Capo ဆိုတာ ဘာလဲ.. ဘယ်လိုသုံးရမလဲ...ကောင်းကျိုး ဆိုးကျိုးနဲ့ ရှောင်ရန်၊ဆောင်ရန် သိထားသင့်သည်. အချက်များ......😍😍 Capo ဆိုတာ ဘာလဲ..🤔🤔 Capo ဆိုတဲ့ အသုံးအနှုန်းအခေါဝေါက အီတလီ မူရင်းဘာသာစကား Capotasto က ဆင်းသက်လာပြီး ဦးခေါင်းနှင့်တူသော ဖလပ် (Head of fretboard )တနည်း (Movable Nut ) ရွေ့လာနိူင်သော ဦးခေါင်း လို့ သတ်မှတ်ခေါဆိုကြပါတယ်။ ဦးခေါင်း (Nut ) နဲ့ Bridge ကြားမှာ ရှိတဲ့ အကွာအဝေး (Scale Length )ဒီအကွာအဝေးကြားက တီးခက်လို့ ထွက်ပေါလါတဲ့ အသံရဲ့ တန်ဖိုး ( Pitch )ကို အသံမြှင့်လိုတဲ့အခါ..နိမ့်လိုတဲ့အခါ လွယ်လင့်တကူ တီးခက်၊သီဆိုနိုင်ရန်အတွက် ကြိုးတပ်တူရိယာတွေမှာ Capo ကို အထောက်ကူပြုပစ္စည်းအနေနဲ့ အသုံးပြုကြပါတယ်။ Capo ကို ဘာကြောင့်သုံးရတာလဲ....😎😎 Capo ကို သုံးကြတဲ့ ရည်ရွယ်ချက် (၂ )မျိုးရှိပါတယ်။ ပထမတမျိုးကတော့ ... ၁။ Open Strings ( လွတ်ကြိုးအသံ) ကို ကီးမြှင့်အသံ လိုချင်တဲ့အခါ.. Capo မသုံးခင် ဂီတာတလတ်ရဲ့ မူလအသံဟာ 6 ကြိုး( E) ၊5 ကြိုး( A) ၊ 4 ကြိုး( D ) ၊3 ကြိုး( G )၊2ကြိုး( B )၊ 1 ကြိုး ( E )ဖြစ်ပြီး..၊ Capo ကို 2nd fret မှာ ညှပ်လိုက်တဲ့အခါ လွတ်ကြိုးရဲ့ မူလအသံတွေဟာ မြှင့်တတ်လာစေမှာပါ...