မချစ်ခဲ့ဘူး💔
တစ်ကယ်တော့ ခင်ဗျားကျွန်တော့ကိုမချစ်ခဲ့ဘူး
ခင်ဗျားကအထီးကျန်တာကို မကြိုက်တာနေမှာပါ၊
ပြီးတော့ ကျွန်တော်က ခင်ဗျားနိုင်ချင်တိုင်းနိုင်လို့
ရနေလို့ ဖြစ်မယ်။
ဒါမှမဟုတ် ကျွန်တော်နဲ့အတူရှိနေတဲ့အချိန်တွေမှာ
ခင်ဗျားရဲ့ ဒဏ်ရာတွေကို မေ့ပြစ် နိုင်ခဲ့တာလည်း
ဖြစ်ရင် ဖြစ်လိမ့်မယ်။
'ဒါပေမယ့် ခင်ဗျား ကျွန်တော့ကို မချစ်ခဲ့ဘူး'
လူတွေဟာ ကိုယ်တကယ်ချစ်ရပါတယ်ဆိုတဲ့တစ်ယောက်ယောက်ကို လုံးဝပြိုလဲသွားအောင်
မလုပ်ကြဘူးမဟုတ်လား ခင်ဗျားကျွန်တော့ကို
ဘယ်တုန်းကမှ မချစ်ခဲ့ဘူး။
ဒါဟာ ကျွန်တော်တို့ဝေးသွားကြတာထက်
ပိုပြီး နာကျင်စရာ ကောင်းပါတယ်..... ။
- 𝐒𝐡𝐚𝐧e-
Comments
Post a Comment