ဖြေရှင်းစာ........



လူတစ်ချို့က ကျမကိုပြောတယ် ဒီလို 
ပုံစံကြီးဝတ်တာ မလိုက်ဘူး အ့လိုကြီး မဝတ်နဲ့ ဘာညာ
တစ်ချို့က ကောင်းစေချင်တဲ့အရင်းခံနဲ့ပြောတာရှိတယ်
တစ်ချိုကျတော့ ကျမ ဘာဝတ်ဝတ် မျက်စိကျမယ့်ပုံ မပေါ်ဘူး☺

ပြောချင်တာက ကျမမိဘတေက ငယ်"ကတည်းက
ကျမကို ရွေးချယ်မှု အပြည့်ပေးထားတာပါနော် ဘယ်ရာသီဥတုမှာ
ဘယ်လို ဝတ်ရသလဲဆိုတာ တတ်အောင်သင်ပေးထားပါတယ်
ဘယ်လို ပွဲ မျိုးမှာ ဘာကို ဝတ်သင့်တယ်ဆိုတာ ကျမ အတွက် 
ဟိုး....ကတည်းက ထမင်းစား ရေသောက်သလောက် ပါဘဲ😌

ဘုန်းကြီးကျောင်းကို သွားရမယ့်ပွဲမျိုးမှာ jean pants ကြီးတကားကားနဲ့ တောရောက်တောင်ရောက်တေ ကျမ မဝတ်ပါဘူး😊
အိမ်မာနေရင်းကတော့ ကျမစိတ်ကို လွတ်လပ်စေမယ့် ပေါ့"ပါး" ရှိမယ့်
အဝတ်အစားတွေကိုသာ ဝတ်လေ့ရှိတာပါနော်😚 အိမ်မာနေရင်း
အသစ်တေဝတ်ပီး ဟိတ်ကြီးဟန်ကြီးနဲ့ နေနိုင်လောက်တဲ့ သူဋ္ဌေးသမီး
မဟုတ်လို့ပါ ....အလုပ်နဲ့ကိုက်ညီမှု ရှိတဲ့ ပုံစံပဲ ဝတ်ပါတယ်😁

လူတစ်ချို့ကပြောကြတယ်.....
ပွဲတစ်ခုခု သွားရင်ဖြစ်ဖြစ် အပြင်သွားရင်ပဲ ဖြစ်ဖြစ်
ဒီတိုင်းပဲ လိုက်မာလား သနပ်ခါးကြီးပဲ လိမ်းခဲ့မာလား အစရှိသဖြင့်ပေါ့
ပြောလေ့ မေးလေ့ရှိကြတယ်.....💁

ကျမက အိမ်မာနေရင် သနပ်ခါးလိမ်းတယ် ဆိုတာသိပ်ရှားပါတယ်
မိုးလင်းက မိုးချုပ်ထိ အလုပ်နဲ့လက် မပြတ်လုပ်နေရတာပါ
သနပ်လိမ်းဖို့တောင် အချိန်မရှိတာမျိုးမဟုတ်ပါဘူး ရှိရင်တောင်
လိမ်းရမာ ပျင်းပါတယ် စိတ်တေ အရမ်းကြည်နေ့တဲ့နေ့မျိုးဖစ်"
ညနေစောစောလေး ရေချိုးပီးလို့ လှချင်စိတ်ရှိတဲ့ အခါမျိုးဖစ်"
လိမ်းပါတယ် 😉 အပြင်တေသွားရင်တော့ သနပ်ခါး လိမ်းတာများတယ် ဘာလို့ဆို သနပ်ခါးက ကျမ ငယ်ကတည်းက အကျွမ်းကျင်ဆုံး
အလှပြင်နည်း ဖြစ်လို့ပါ😁 တစ်ခါတစ်လေ သူငယ်ချင်းတေနဲ့
သွားလို့ လှချင်စိတ်ရှိရင် မိတ်ကပ် လိမ်းချင်လိမ်းတတ်ပါတယ်😌
မိတ်ကပ်လိမ်းတာက အချိန်နည်းနည်းကြာရင် ဘယ်နားကကွက်သွားမလဲ ညီမှ ညီပါ့မလား ဆိုတဲ့ အတွေးတေက ကျမကို ကွန်ဖီးဒန့် မရှိစေပါဘူး ဒါကြောင့် ကျမ အပြင်သွားရင် ပွဲသွားရင် သနပ်ခါးလိမ်းတယ်😌
အနည်းဆုံးတော့ စိတ်ကို လုံခြုံစေတယ်💁

နောက်ဆုံး တစ်ခု ဖြေရှင်းချင်တာက ကျမကို
အရမ်း Feel တာပဲနော်လို့ ပြောတတ်တဲ့ လူအချို့ကိုပါ😁

ကျမမှတ်မိသလောက်ဆိုရင် 4 တန်းလောက်ကတည်းက
ကျမက ကဗျာတေကို စိတ်ဝင်စားခဲ့တဲ့သူပါ😛
သီချင်းတေ နားထောင်ရင် အဆွေး သီချင်းကို ပိုပီး ရင်ထဲ ထိပါတယ်
ကဗျာတေ စာတေဆိုလည်း ဆွေးရတဲ့ စာကို ပိုကြိုက်ပါတယ်😊
ဇာတ်ကားတေကြည့်ရင်တောင် ဟာသ ကားထက် Drama ကားမျိုး
ပိုကြိုက်တတ်ပါတယ် ☺ ကျမ စိတ်ကကို အဆွေး ဓာတ်ခံ ရှိတာမျိုးပါ

တစ်ယောက်ယောက်ကို ရည်ရွယ်ပီး feel နေခြင်းမျိုး လုံးဝ မဟုတ်ပါဘူး 🙅🙅ဘာလို့ဆို ကျမ လူတစ်ယောက်အတွက် အ့လောက် အချိန်ကုန်မခံပါဘူး😊 အထူးသဖြင့် ကျမ ဘက်ရှိမနေဘဲ ကျမ အတွက်မဟုတ်တဲ့ လူတေကို ဘယ်တော့မှ တမ်းတ နေမာ မဟုတ်ပါဘူး☺
စိတ်ထဲကို တကယ်ရောက်တဲ့စာမျိုး တိုက်ဆိုင်မှု ရှိသလို ခံစားရတဲ့စာမျိုးတေကို share ဖြစ်တာ များပါတယ် 😌 

လူတေက ကျမကို အထက်ပါ နည်းတေအတိုင်း မေးလေ့ ပြောလေ့
ရှိတဲ့အခါ တစ်ခါတစ်ရံ ကျမ "အင်းဘာ" လို့ လိုက်တတ်ပါတယ်
တစ်ခါခါကျ ရယ်နေပါလိမ့်မယ် သိစေချင်တာက ☝ကျမက ပြန်မပြောတတ်တဲ့လူမျိုး မဟုတ်ဘူးရှင့် အ နေတယ်ထင်မာစိုးလို့ဘာ 😌
တစ်ချိုလူတေကျ ကျမ ပြန်ပြောဖို့တောင် ဥာဏ်ရည်မှီမာ မဟုတ်လို့ဘာ😐 

#Pti´
16.8.2020(Sunday)

Comments

VTbank4u

Na Theih Ko Lai

Ruahsur caan naa dornak thlam💔

Thinlung Innka😔

စိတ်အရမ်းညစ်နေတဲ့ သူတယောက်ဖြစ်ခဲ့ရင်

ရူးတတ်နေပြီ

☀️

Na caah thinlung innka khar caan um te hnga maw😔

Velhle