"ဘာသာရပ်အလိုက် ရည်းစားစကား ပြောနည်း" ********************************* #မြန်မာစာသင်သောဆရာမလေး_သို့ ဆရာမလေး တကယ်တော့ … နင်ဟာ "ရွှေနှင့်ယိုးမှား ပန်းစကားလို"လှပပြီး "ဘုန်းနှင့် ကံနှင့် ရွှေသဇင်"လို တန်းဖိုးမြင့်မြတ်လှသူပါ။ ငါ့အချစ်က သိင်္ဃသူ့သမီးရဲ့ ဆုတောင်းလို ရမ္မက်ကြီးခြင်း သစ္စာမဲ့ခြင်း ကင်းပါတယ်။ မင်းအတွက်ဆို … ငါက ဗျည်းနွဲ့လို သူရဲကောင်းဖြစ်ချင်သူပါ။ ရေသည်ယောက်ျားလို လောဘမကြီးရပါဘူး ဥဒယမင်းကြီးရဲ့စွန့်လွှတ်မှုမျိုးနဲ့ နင့်အချစ်တွေ စွန့်ကြဲပေးပါလား။ နာမဝိသေသနတွေ မရှိခြင်းနဲ့ ကြိယာတွေလို များများ ချစ်ပါရစေ။ …………… #အင်္ဂလိပ်စာသင်သောဆရာမလေး_သို့ ဆရာမလေး… ငါ့အချစ်က Calender နှင့် Clocks တွေလို ခေတ်အဆက်ဆက်ဖြတ်သန်းလာခဲ့တာပါ နင်နဲ့တွေ့တိုင်း … ငါဟာ Too Much Knowledge Maketh Fools ထဲက ဇာတ်ကောင်လေးယောက်လို အလွဲလွဲအမှားမှားဖြစ်ရတယ်။ တကယ်တော့ … အချစ်ဆိုတာ "Hellen Keller" လိုပဲလား နင့်နှလုံးသားက Robots ဆန်လွန်းတယ်ဟာ "Dreams Do Come True " ဖြစ်လာမယ့်နေ့ကို ငါ "Sleep and Dreams" ရင်း စောင့်နေမယ်။ …………………………………… #သင်္ချာသင်သောဆရာမလေး_သို့...
Posts
Showing posts from September, 2024