မင်းဘဝမှာ ဥာဏ်ရှိရင် ချမ်းမယ်နော်🤗

ကျွန်တော့်မှာ ကြက်ဥတစ်လုံးရှိခဲ့တယ်။

အဲ့ဒီကြက်ဥလေးကို ကျွန်တော် ကြော်စားလို့ရတယ်။ အဲ့လိုကြော်စားမယ်ဆို ဒီညအတွက်တော့ ဟင်းကောင်းတစ်ခွက်ရမှာပေါ့လေ။
ဒါပေမယ့် ကျွန်တော် အဲ့လိုမလုပ်ခဲ့ဘူး။

အဲ့ဒီကြက်ဥလေးကို အကောင်ဖောက်ဖို့ ကြိုးစားခဲ့တယ်။ ကြက်ဥလေးအကောင်ဖောက်နေတုန်းတော့ ကျွန်တော့် ညစာမှာ ဟင်းမပါခဲ့ဘူးပေါ့။ 

တဖြေးဖြေးနဲ့ အချိန်တစ်ခုမှ ကြက်ဥလေးကနေ ကြက်ကလေးတစ်ကောင် ပေါက်လာခဲ့တယ်။ ဒီအချိန်မှာ ကျွန်တော် ဒီကြက်ကလေးကိုချက်စားမယ်ဆို ကြက်သားဟင်းတစ်ခွက်ရမှာတော့အမှန်ပါပဲ။

ဒါပေမယ့် ဟင်းမပါတဲ့ ညစာကိုပဲဆက်စားရင်း ကြက်ကလေးကို ပြုစုပျိုးထောင်ခဲ့တယ်။
ဒီလိုနဲ့ နှစ်တွေကြာလာတာနဲ့အမျှ ကြက်ကလေးက ကြက်ဥတွေအများကြီးဥပေးပြီး ဥသမျှတွေကနေ ကြက်ကလေးတွေ ထပ်ပြီးပေါက်ကြတယ်။

အချိန်တစ်ခုရောက်လာခဲ့တဲ့အချိန်မှာတော့ ကျွန်တော့်ခြံထဲမှာ ကြက်တွေရော ကြက်ဥတွေရော တော်တော်လေးကို များပြားစွာ ပိုင်ဆိုင်ခဲ့ပြီ။

ကဲအခု ကျွန်တော် ကြက်ဥကြော်တင်မကဘူး
ကြက်သားချက်ပါ နေ့တိုင်းစားလဲ မကုန်တော့ပါဘူး။ 

အဲ့လိုပဲ လူတိုင်းမှာလဲ ကြက်ဥတစ်လုံးစီရှိခဲ့ကြပါတယ်။ 
အဲ့ဒီကြက်ဥကို တချို့က တစ်ခါထဲကြော်စားပစ်လိုက်ကြတယ်။ 

နောင်အနာဂတ်မှာ သင်ဘာဖြစ်မလဲဆိုတာ သင့်ကြက်ဥကို သင်ဘာလုပ်ခဲ့သလဲဆိုတာက အဖြေပါပဲ။

အဲ့ဒါကြောင့် ကြက်ဥကိုအကောင်ဖောက်ဖို့ကြိုးစားပါ။

အခုဆရာပြောထားတာက ဥပမာလေးဘဲဖြစ်ပါတယ်။
ရောင်းဝယ်လုပ်တယ်အခါမှာ ဥာဏ်ပညာသွားသူနဲ့
သူများစီမှာ အလုပ်ဝင်လုပ်တယ်သူနဲ့မတူပါဘူး။

အားလုံးဘဲ အသိဥာဏ်အသစ်တွေ တိုးပွားနိုင်ကြပါစေ။

#credit to writer📖📖🖋🖋✏✏✏

Comments

VTbank4u

Na Theih Ko Lai

Ruahsur caan naa dornak thlam💔

Thinlung Innka😔

စိတ်အရမ်းညစ်နေတဲ့ သူတယောက်ဖြစ်ခဲ့ရင်

ရူးတတ်နေပြီ

☀️

Na caah thinlung innka khar caan um te hnga maw😔

Velhle