Posts

Showing posts from December, 2023

သိပ်ကိုကောင်းတဲ့ ဥပမာ လေးပါ

Image
ကိုယ်က ဘယ်လောက်ဖြောင့်ဖြောင့်  ကိုယ့်ကို လက်ခံမယ့် မျက်နှာပြင်က  ကောက်နေမယ်ဆိုရင်.....  အဖြောင့်ရဲ့ပုံရိပ်က  အကောက်ပဲထင်ပါတယ်…. ဒါကြောင့်တခါတလေ ကိုယ်က အကောင်းပြောပေမယ့် ကိုယ့်အပေါ်တမျိုးထင်လျှင်... လက်ခံတဲ့မျက်နှာပြင် က  ကောက်နေတယ် လို့ ပဲမှတ်လိုက်ပါ ။ #crd_to_owner_with_respect

မင်းဘဝမှာ ဥာဏ်ရှိရင် ချမ်းမယ်နော်🤗

ကျွန်တော့်မှာ ကြက်ဥတစ်လုံးရှိခဲ့တယ်။ အဲ့ဒီကြက်ဥလေးကို ကျွန်တော် ကြော်စားလို့ရတယ်။ အဲ့လိုကြော်စားမယ်ဆို ဒီညအတွက်တော့ ဟင်းကောင်းတစ်ခွက်ရမှာပေါ့လေ။ ဒါပေမယ့် ကျွန်တော် အဲ့လိုမလုပ်ခဲ့ဘူး။ အဲ့ဒီကြက်ဥလေးကို အကောင်ဖောက်ဖို့ ကြိုးစားခဲ့တယ်။ ကြက်ဥလေးအကောင်ဖောက်နေတုန်းတော့ ကျွန်တော့် ညစာမှာ ဟင်းမပါခဲ့ဘူးပေါ့။  တဖြေးဖြေးနဲ့ အချိန်တစ်ခုမှ ကြက်ဥလေးကနေ ကြက်ကလေးတစ်ကောင် ပေါက်လာခဲ့တယ်။ ဒီအချိန်မှာ ကျွန်တော် ဒီကြက်ကလေးကိုချက်စားမယ်ဆို ကြက်သားဟင်းတစ်ခွက်ရမှာတော့အမှန်ပါပဲ။ ဒါပေမယ့် ဟင်းမပါတဲ့ ညစာကိုပဲဆက်စားရင်း ကြက်ကလေးကို ပြုစုပျိုးထောင်ခဲ့တယ်။ ဒီလိုနဲ့ နှစ်တွေကြာလာတာနဲ့အမျှ ကြက်ကလေးက ကြက်ဥတွေအများကြီးဥပေးပြီး ဥသမျှတွေကနေ ကြက်ကလေးတွေ ထပ်ပြီးပေါက်ကြတယ်။ အချိန်တစ်ခုရောက်လာခဲ့တဲ့အချိန်မှာတော့ ကျွန်တော့်ခြံထဲမှာ ကြက်တွေရော ကြက်ဥတွေရော တော်တော်လေးကို များပြားစွာ ပိုင်ဆိုင်ခဲ့ပြီ။ ကဲအခု ကျွန်တော် ကြက်ဥကြော်တင်မကဘူး ကြက်သားချက်ပါ နေ့တိုင်းစားလဲ မကုန်တော့ပါဘူး။  အဲ့လိုပဲ လူတိုင်းမှာလဲ ကြက်ဥတစ်လုံးစီရှိခဲ့ကြပါတယ်။  အဲ့ဒီကြက်ဥကို တချို့က တစ်ခါထဲကြော်စားပစ်လိုက်ကြတယ်။  နောင်အနာဂတ်မှာ သင်ဘာဖြစ်မလဲ...

2023 နှစ်ကုန်တော့မယ် မိတ်ဆွေများ

Image
2023 နှစ်ကုန်ခါနီးပြီ၊ ဒီနှစ်မှာ သင့်အတွက် ဘုရားသခင်ရဲ့ အကာအကွယ်နဲ့ ချစ်ခြင်းမေတ္တာကို ခံစားမိတယ်ဆိုရင် ကျေးဇူးပြုပြီး အာမင် ဟုအကြောင်းပြန်ပေးပါ။ 2023 ခုနှစ်ကို ပြန်ကြည့်လျှင် ကျွန်ုပ်တို့အားလုံးက အဆင်မပြေမှုများ၊ ဘေးအန္တရာယ်အမျိုးမျိုး၊ ဘဝတွင်ခက်ခဲမှုများ၊ ကျောင်းနှင့်အလုပ်မှ ဖိအားများကြုံတွေ့ခဲ့ရသော်လည်း၊ ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင်၏ကာကွယ်မှုအောက်တွင် ငြိမ်းချမ်းစွာရောက်ရှိနေကြပါပြီ။  ဤအရာအားလုံးသည် ကျွန်ုပ်တို့အတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် အကာအကွယ်ဖြစ်သည်။  အောက်တွင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ ရှုထောင့်နှင့် ပတ်သက်သော ဘုရားသခင်၏ နှုတ်ကပတ်တော် စာပိုဒ်တစ်ပိုဒ်ကို မျှဝေပါမည်၊ 2024 ခုနှစ်၌ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၏ အကာအကွယ်အောက်တွင် သင်သည် ရှေ့ဆက်သွားနိုင်မည်ဟု မျှော်လင့်ပါသည်။  ဘုရားသခင်မိန့်ဆိုသည်က“လူ့ဘဝ၏ ရှည်လျားသော လမ်းကြောင်းတွင်၊ လူအယောက်စီတိုင်းနီးပါး အန္တရာယ်ရှိသော အခြေအနေများစွာကို ကြုံဖူးသကဲ့သို့ ဖြားယောင်း သွေးဆောင်မှုများစွာကို ရင်ဆိုင်ဖူးကြ၏။ ဤသည်မှာ စာတန်သည် သင်၏အနားတွင် ရပ်နေသောကြောင့်၊ ၎င်း၏မျက်လုံးတို့သည် သင့်အပေါ် စဉ်ဆက်မပြတ် စူးစိုက်ကြည့် ...

မြန်မာစကားပုံ တွေနဲ့လည်း မဝေးစေချင်လို့

မြန်မာစကားပုံတွေနဲ့လည်း မဝေးစေချင်❣ "က"မှ"အ"အထိ (၄၅၆)ပုဒ်ပါသည်။ 👉( က) ၁. “ကြက်ကန်း ဆန်အိုးတိုး” ၂. “ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ” ၃. “ကိုယ်ကကျူး ကိုယ့်ဒူးတောင်မယုံရ” ၄. “ကိုယ်ထင် ကုတင်ရွှေနန်း” ၅. “ကျွဲပါး စောင်းတီး” ၆. “ကတုံးပေါ် ထိပ်ကွက်” ၇. “ကျေးဇူးရှိမှ ကျေးစွပ်” ၈. “ကြမ်းကျွံရင် နှုတ်ရ..စကားကျွံရင် နှုတ်မရ” ၉. “ကျန်းမာခြင်းသည်..လဘ်တစ်ပါး” ၁၀. “ကြက်တူရွေးကတော်တော် မယ်ဘော်က ကဲ” ၁၁. “ကျူပင်ခုတ်..ကျူငုတ်ပါမကျန်” ၁၂. ကျားဆရာကြောင်...ကြောင်ဆရာကြွက်” ၁၃. “ကြွက်မနိုင်..ကျီမီးနဲ့ရှို့” ၁၄. “ကျီစားသန်က..ရန်များ၏” ၁၅. “က ရိုး မက ဆန်း၍က နှပ်ပစ်ခံရ” ၁၆. “ကျားကြောက်လို့...ရှင်ကြီးကိုး..ရှင်ကြီး.ကျားထက်ဆိုး ၁၇. “ကံကိုယုံတော့..စုံလုံးကန်း” ၁၈. “ကျော်တော့..လှေသူကြီး...ညားတော့..လှေထိုးသား ၁၉. “ကံကိုယုံပြီး...ဆူးပုံနင်း” ၂၀. “ကျားရှေ့...မှောက်ရက်လဲ” ၂၁. “ကြာကြာဝါးမှ..ခါးမှန်းသိ” ၂၂. “ကြာကြာဝါးမယ့်သွား...အရိုးကြည့်ရှောင်” ၂၃. “ကျားကြီး..ခြေရာကြီး” ၂၄. “ကံဆိုးမသွားရာ...မိုးလိုက်လို့ရွာ” ၂၅. “ကြွေတစ်လှည့်...ကြက်တစ်ခုန်” ၂၆. “ကြောင်သူတော်..ကြွက်သူခိုး” ၂၇. “ကျောသားကလည်းသား...ရင်သ...

လူတွေရဲ့ ဘဝမှ မကြိုးစားသင့်တဲ့အရာတစ်ခု😍

Image
ကျွန်တော်တို့ရဲ့ ဘဝမှာ ဘယ်တော့မှ မကြိုးစားသင့်တဲ့  အရာတစ်ခုလေးတော့ ရှိတယ် ❣အဲ့တာ အချစ်ခံရဖို့ပဲ .... 🔸ဘာလို့လဲဆိုတော့ လူဆိုတာ သူချစ်ချင်တဲ့သူကိုကျ ဘယ်လောက်ဆိုးဆိုး ချစ်နေတတ်ပြီး 🔸မချစ်ချင်တဲ့သူများကျတော့ ဘယ်လောက်ကောင်းကောင်း  မချစ်လာနိုင်တတ်တာမျိုး 🔸ဆိုးလို့မချစ်တာ ကောင်းလို့ချစ်တာဆိုတာ အလကားအကြောင်းပြချက်တွေပဲ 🔴ချစ်တဲ့လူက  ချစ်ကိုချစ်တယ်  #crd_to_owner_with_respect