***မောင်တဲ့****
ချွဲနွဲ့မှုမရှိ ချီနှောင်မှုမရှိ ခပ်မာမာလေးခေါ်လိုက်တာ
ကျင်နာမှုကတော့ အပြည့်အဝ အလျှံအပယ်ဘဲ
ကလေးတစ်ယောက်လိုမဆိုးချင်ဘူး
လူကြီးတစ်ယောက်လိုလဲ အာဏာမပြချင်ဘူး
ဘေးမှာနေပြီး ရှေ့ဆောင်လမ်းပြမဟုတ်ရင်တောင် ဖေးမကူညီ ပြီးထာဝရရှိနေသွားမဲ့ သူမျိုး
ဒါမလုပ်ရဘူး ဟိုဟာမလုပ်နဲ့ဆိုပြီး မချုပ်ခြယ်ဘူး
မောင် လုပ်သမျှအရာတိုင်းလက်ခံပေးမှာ မကောင်းဘူးထင်ရင် ဖြောင်းဖျပေးမှာ အမိန့်ဆန်တဲ့ ညွန်ကြားမှုတွေမရှိစေရ
ဆိုးသမျှကို နားလည်ခွက့်လွှတ်မယ်
မောင်က ကိုယ့်အမြင်မှာ ကလေးဘဲ
ဆိုးနွဲ့လို့လဲ စိတ်မပျက်ဖူး အနိုင်ကျင့်လို့လဲ အပြစ်မမြင်ရက်ဖူး မောင်ဘာလုပ်လုပ် ခွင့်လွတ်နားလည်မှုနဲ့ ဘေးမှာအမြဲရှိနေမဲ့ သူမျိုး
အစ်မတစ်ယောက်လိုလဲ ချစ်မှာဘဲ
သူငယ်ချင်းတစ်ယောက်လိုလဲ ပေါင်းမှာဘဲ
မိခင်တစ်ယောက်လိုလဲ စောင့်ရှောက္မှာဘဲ
ချစ်သူတစ်ယောက်လိုလဲ ကျင်နာမှာဘဲ
ချစ်တာကိုဗန်းပြပြီး သူများတွေလို မဆိုးနွဲ့ချင်ဘူး
ချစ်တာကလေးကို သက်သေထူပြီး ကျင်ကျင်နာနာနဲ့ ဂရုစိုက်ပြီး ချစ်သွားချင်တဲ့ သူမျိုး
ရင့်ကျက်နေတဲ့ လူတစ်ယောက်တော့မဟုတ်ဖူး
မောင့် အတွက်ဆိုရင်တော့ အရာရာ နားလည်ခွင့်လွတ်နိုင်တဲ့ လူတစ်ယောက်ဆိုတာတော့ သေချာပါတယ်
မ တွေကို ချစ်ပါ တန်ဖိုးထားပါ ဂရုစိုက်ပါ
မိဘပြီးရင် " မ " တွေက ဒုတိယ ဘုရားပေးတဲ့လက်ဆောင်ပါ !!
#Credit
Comments
Post a Comment