***တန်ဖိုး****
"ကိုယ်" ဘယ်လောက်ပဲ အဖိုးတန်တဲ့လူတစ်ယောက်ဖြစ်နေပါစေ တန်ဖိုးသိသူနဲ့ တွေ့မှ တန်ဖိုးထားခံရမှာပါ။🍁 "ကိုယ်" ဘယ်လောက်ပဲ ပေးဆပ်ခဲ့တဲ့ လူတစ်ယောက်ဖြစ်နေပါစေ အလေးထားတဲ့သူနဲ့ တွေ့မှ ကိုယ့်ရဲ့ပေးဆပ်မှုဟာ အရာထင်ပါလိမ့်မယ်။🍁 "ကိုယ်" ဘယ်လောက်ပဲ ရိုးသားနေပါစေ မှန်ကန်တဲ့ လူတစ်ယောက်နဲ့ ဆုံတွေ့နိုင်မှသာ ကိုယ့်ရဲ့ ကောင်းသတင်းတွေဟာ ကျော်ဇောနိုင်မှာပါ ။🍁 "ကိုယ်" ဘယ်လောက်ပဲ အလျှော့ပေးတဲ့ လူတစ်ယောက် ဖြစ်နေပါစေ ကိုယ့်အပေါ် ညှာတာထောက်ထားတဲ့ လူတစ်ယောက်နဲ့ တွေ့မှ ဒါတွေကို သိတတ်ခံစားနိုင်မှာပါ ။🍁 တစ်ကယ်လို့ ကောင်းမွန်တဲ့ သူတွေနဲ့ မဆုံတွေ့ခဲ့ရဘူးဆိုရင် ကိုယ့်ကိုယ်ကို ကောင်းမွန်စွာ နေထိုင်သွားဖို့..... သတိပေးနေရင် ရပါပြီ။🍁 နားမလည်သူများရဲ့..... အကြည့်တွေ အပြောတွေကို ခဏ ဖယ်ထုတ်လိုက်ပါ။🍁 #Amo