လူတစ်ယောက်ကို ရွေးတဲ့အခါပေါ့
စိတ်ဓာတ်တစ်ခုတည်းကိုပဲ ကြည့်ပြီးရွေးတယ်...။

သူ ပညာတွေဘယ်လောက်တတ်လဲ၊ရာထူးတွေဘယ်လောက်ရှိသလဲ ဆိုတာကို စိတ်မဝင်စားသလို.. တစ်လဝင်ငွေ ဘယ်လောက်ရှိသလဲ၊စည်းစိမ်ဥစ္စာဘာတွေပိုင်လဲဆိုတာမျိုးကတော့ ကိုယ်နဲ့မသက်ဆိုင်တဲ့အပိုင်းလို့ခံစားရလို့ စိတ်ထဲတောင်မထည့်ဖူးပါဘူး..။

နင် ဘယ်လိုလူမျိုးကိုရွေးမလဲတဲ့ အမေးခံရတဲ့အပေါ်
ငါကတော့...
သူကြောင့် ငါသိက္ခာမကျရရင် ရပြီ...။
သူကြောင့် ငါမျက်နှာမငယ်ရရင် ရပြီ..။
သူကြောင့်စိတ်မညစ်ရရင် လုံလောက်ပြီ...။
ငါတွေးခေါ်သလို သူလိုက်တွေးခေါ်နိုင်စွမ်းရှိရင်ကို ရပြီလို့ပဲ အမြဲ ပြန်​ပြောခဲ့တယ်...။

ကျွန်တော်ကိုယ်တိုင်ကလည်း..လူတစ်ယောက်ကိုရွေးချယ်ပြီးရင် ကိုယ်ဘာလုပ်လုပ်အစစအရာရာ သူ့အတွက်ပါစဥ်းစားပေးတတ်တဲ့သူမို့..အဲ့လိုလူမျိုးကို
စိတ်ရှည်ရှည်စောင့်မှရမယ်..။

လက်တွေ့ဘဝမှာ အချစ်တစ်ခုတည်းမျက်နှာလိုက်နေလို့မရဘူး...။
လက်တွေ့ဘဝက ဝတ္တုမဟုတ်ဘူး..
ဘယ်တော့မှတစ်ခန်းမရပ်ဘူး...
လူတစ်ယောက်ဟာ ကိုယ့်ဘဝထဲကို ဝင်လာပါပြီရက်
ချစ်တယ်..ကြိုက်တယ်ဆိုတာနဲ့တင်မပြီးဘူး
တစ်ချိန်မှာ ကိုယ့်မိသားစုထဲကိုသူဝင်ရမယ်. .
သူ့မိသားစုနဲ့ကိုယ်ကော အပ်စပ်မှုရှိရဲ့လားလေ့လာရမယ်..။

အဆုံး..တစ်ချိန်မှာ သူဟာ ကိုယ့်ရင်သွေးလေးတွေရဲ့စံပြပုဂ္ဂိုလ်ဖြစ်လာရမယ့်သူ..။
အဲ့အတွက် စိတ်ဓာတ်ကိုပဲ ကြည့်ရွေးတယ်..။

လူတစ်ယောက်ဟာ ကိုယ့်ကိုဘယ်လောက်ချစ်တယ်၊
မချစ်ဘူးဆိုတာထက်..သူဟာ ကိုယ့်ကိုဘယ်လောက်ပျော်အောင်ထားနိုင်လဲ..ကိုယ့်ဘဝကိုဘယ်လောက်ထိ Supportလုပ်ပေးနိုင်မလဲ..ကိုယ့်အတွေးတွေနဲ့ကိုယ့်အပေါ်ဘယ်လောက်အလေးထားလဲဆိုတာကိုပဲ ပိုစဥ်းစားပါ....။

စိတ်ဓာတ်ပြည့်ဝတဲ့လူတစ်ယောက်က သူ့အနာဂတ်သူဘယ်လိုဆောက်ရမလဲသိလား..သူ့Imageကို သူဘယ်လိုထားရမလဲသိတယ်..။တန်ဖိုးရှိတဲ့လူတစ်ယောက်ကိုပဲလိုချင်တယ်...။ကိုယ့်ကိုကိုယ်ချစ်တတ်တာမျိုးပေါ့ ကိုယ့်ကိုချစ်တယ်ဆိုတာ..ဒီလုပ်ရပ်မျိုးငါမလုပ်နိုင်ဘူး..စည်းတွေကိုငါမချိုးဖောက်ဘူးဆိုတဲ့ ကိုယ့်တန်ဖိုးကို ထိန်းတတ်တဲ့သူမျိုးပေါ့။

ကိုယ့်ကြောင့်လည်းမင်းကို ဂုဏ်ပဲယူစေရမယ်..
အဲ့လိုပဲ မင်းကြောင့်လည်း ကိုယ်ဂုဏ်ယူရတာမျိုးပဲ ဖြစ်စေချင်တယ်...။မကျရှုံးရဘူးဆိုတာမဆိုလိုဘူး..
ကိုယ်ဟာ လောကဓံတွေအကြောင်းသိထားပြီးသား..

သို့ပေမယ့်..စိတ်ဓာတ်မပြည့်ဝတဲ့ကိစ္စတွေကြောင့်
ကိုယ်စိတ်ညစ်မခံနိုင်တဲ့အတွက် စိတ်ထားပြည့်ဝတဲ့သူကိုပဲ ရွေးမယ်...။

ဘဝလမ်းကအကြာကြီးလျှောက်ရဦးမှာ..
အခက်ခဲတွေကအများကြီး ကိုယ်တို့စိတ်တွေ ကြည်နေမှအဲ့အခက်အခဲတွေကိုကျော်ဖြတ်နိုင်မှာ♥️♥️🤝


Credit original writer


Comments

VTbank4u

Na Theih Ko Lai

Ruahsur caan naa dornak thlam💔

Thinlung Innka😔

စိတ်အရမ်းညစ်နေတဲ့ သူတယောက်ဖြစ်ခဲ့ရင်

ရူးတတ်နေပြီ

☀️

Na caah thinlung innka khar caan um te hnga maw😔

Velhle