ကိုယ့်ဘဝနဲ့ ကိုယ်ပါပဲ ******************
ဖတ်ကြည့်နော်…
အဆင်မပြေတာတွေ
သိပ်မဖော်နဲ့။
ကြိတ်ပျော်နေသူတွေ
ရှိတတ်တယ်။
အဆင်ပြေတာတွေလည်း
သိပ်မကြွားနဲ့။
မအိပ်နိုင် မစားနိုင်သူတွေလည်း
ရှိတတ်တယ်။
လောကကြီးကိုလည်း
အရွဲ့မတိုက်နဲ့။
ဖဲ့ပစ်လိုက်မယ်ဆိုသူတွေလည်း
အများကြီးရှိတယ်။
သူများသနားအောင်လည်း
ပြောမနေနဲ့။
သနားပေးတဲ့သူထက်
အမှားပေးတဲ့သူက ပိုများလိမ့်မယ်။
ဘယ်သူ့ဘယ်သူကိုမှလည်း
တအားမယုံနဲ့။
ယုံရသူတွေကပဲ
အကုန်ချပြတာတွေ လုပ်ကြလိမ့်မယ်။
သေချာပါတယ်။
လောကသားတွေက
မောဟအားတွေ များနေကြတော့
ပြောသမျှစကားတွေက အစ
သောကပွားစရာပဲလေ။
အမှားတစ်ခုအတွက်
အားပြုပေးဖို့ထက်
ဝိုင်းထုကြမယ်ဆိုတဲ့ သူတွေက
ခပ်များများရယ်…
ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ်တောင်
မယုံရတဲ့ အနေအထားမှာ
သူများတွေကို ယုံရမလား ဆိုပြီး
အကုန်ချမပြမိစေနဲ့ပေါ့…
အားလုံးက အုံကြွပြီး
ဖိကြမယ်ဆိုတာချည်းပဲလေ။
ကိုယ့်ဘဝနဲ့ကိုယ်
ကိုယ့်လောကနဲ့ကိုယ် ဆိုတော့
ကိုယ့်သောကလည်း
ကိုယ်ပဲ ဖြေရမှာပေါ့။
အဖြေရဖို့အတွက်တော့
အများရှေ့မှာ ဖြေချပြလို့မရဘူး။
အသေချမယ်ဆိုတဲ့သူတွေက
အများသား မဟုတ်လား…
ကိုယ့်တစ်ယောက်ရဲ့ အကုသိုလ်ဟာ
အများအကုသိုလ်တော့ မဖြစ်စေနဲ့ပေါ့။
Credit-
မနာပ ဒါယီ ဆရာတော်အရှင်ဝိစိတ္တ
Comments
Post a Comment