ဘဝမှာ တစ်ခါလောက်တော့
ကိုယ်မှကိုယ်ဖြစ်တဲ့ ရင်ခွင်မှာ ခိုလှုံချင်တယ်။

ကိုယ့်ကို မျက်ရည်တွေအစား
အပြုံးတွေဖန်တီးပေးသူဆီမှာ ရှင်သန်ချင်တယ်။

ကိုယ့်ကို ဆုံးရွုံးရမွာ ကြောက်တဲ့
သူဆီမှာ ကိုယ့်အချစ်တွေ မြှပ်နှံချင်တယ်။

ကိုယ့်အတွက် အမြဲကတိတည်ပေးနိုင်ပြီး
သစ္စာရှိနိုင်သူကိုပဲ ကိုယ့်အချစ်တွေ ပေးချင်တယ်။

ကိုယ့်တစ်ယောက်ဆီမှာပဲ သူ့အချစ်တွေ
မြှပ်နှံထားပြီး ကိုယ်မှကိုယ်ဖြစ်နေသူကိုပဲ ချစ်ချင်တယ် ။



ကိုယ့်အတွက် မအားဘူးဆိုတာမရွိပဲ 
အချိန်ပြည့် ဦးစားပေးနိုင်သူကို လိုချင်တယ်။

တည်ကြည်ဖြောင့်မတ်ပြီး အမြဲတမ်းကိုယ့်ကို
ကလေးတစ်ယောက်လို ချစ်ခင်ဂရုစိုက်သူကိုပဲ တမ်းတချင်တယ်။
ကိုယ့်ကိုကလေးတစ်ယောက်လို ဆူစရာရွိဆူ
ဆုံးမစရာရှိဆုံးမတတ်တဲ့ လူကြီးပုံစံလေးပဲ မြတ်နိူးတယ်။

အတ္တကြီးတတ်တဲ့ ကိုယ့်အတွက် အမြဲတမ်း
ကိုယ့်အကြိုက်ဆောင်နေပေးသူကိုပဲ လိုချင်တယ်။

ဘယ်တော့မှမထားခဲ့ပါဘူးဆိုတဲ့ ကတိကို
အဆုံးတိုင် တည်နိုင်သူကိုပဲ တွယ်တာချင်တယ်.... 


Credit
@#P

Comments

VTbank4u

Na Theih Ko Lai

Ruahsur caan naa dornak thlam💔

Thinlung Innka😔

စိတ်အရမ်းညစ်နေတဲ့ သူတယောက်ဖြစ်ခဲ့ရင်

ရူးတတ်နေပြီ

☀️

Na caah thinlung innka khar caan um te hnga maw😔

Velhle