Posts

Showing posts from June, 2025

Isreal အကြောင်း ပိုင်း၁

"အစ္စရေးအကြောင်း နည်းနည်းပြောမယ် ( အပိုင်း-၁ )  By Kyaw Swa Min   အစ္စရေးနိုင်ငံ ကို ထူထောင်တဲ့ ဂျူးလူမျိုး တွေဟာ အလွန်ရှေးကျတဲ့လူမျိုးတမျိုး။ အရှေ့အလယ်ပိုင်းမှာ လွန်ခဲ့တဲ့ နှစ် 3500 ကျော်ကတည်းက မြို့ပြနဲ့ အခြေချနေထိုင်ခဲ့ကြတယ်။ သူတို့မြို့တော်က ဂျေရုဆလင်။ ဘုရားသခင်ရှိတယ် ကမ္ဘာကြီးကို ဘုရားသခင်က ဖန်ဆင်းတယ် ဆိုတဲ့ ဘာသာတရားမျိုး ကို ပထမဆုံး စပြီး ကမ္ဘာကို မိတ်ဆက်ခဲ့တာ အစ္စရေးက ဂျူးတွေပဲ။ ဖန်ဆင်းရှင် တဦးတည်းထားပြီး ကိုးကွယ်တဲ့ဘာသာ မို့ monotheistic ဘာသာတွေ လို့ခေါ်တယ်။ လွန်ခဲ့တဲ့ နှစ် ၃၅၀၀ လောက်က သူတို့က စပြီး God ဖန်ဆင်းရှင်အဖဘုရား ဆိုတဲ့ ကိုးကွယ်မှု စတယ်။ သူတို့ ဘာသာရေး ဆိုတာ စတည်ထောင်တဲ့အချိန် ခရစ်ယာန်၊ အစ္စလာမ်၊ ဗုဒ္ဓဘာသာ မပေါ်သေးဘူး။ လက်ရှိကမ္ဘာအထိ ရှင်သန်နေဆဲ၊ လူအများကြီးကိုးကွယ်တဲ့ ဘာသာတရားတွေထဲမှာ ဟိန္ဒူ ဘာသာက ပထမဆုံးလို့ ဆိုနိုင်တယ်။ ဒုတိယက ဂျူးဘာသာပဲ။ ဟိန္ဒူကတော့ ဘုရားသခင်တွေမျိုးစုံရှိလို့ polytheistic လို့ခေါ်တယ်။ ဗုဒ္ဓဘာသာကျတော့ ဘုရားသခင်တယောက်သော်လည်းကောင်း၊ အများကြီးသော်လည်းကောင်း ရှိတာ မယုံလို့ Non-theistic လို့ခေါ်မယ်။ ဂျူးလူမျိုးတွေဟာ တနေ့နေ့ လူတွေကို ဖန်ဆင်းတဲ့...