လျော့ပါ
အရမ်းချစ်လာရင် ဖုန်းလျှော့ဆက်ပါ။ အရမ်းသတိရလာရင် မက်စေ့လျှော့ပို့ပါ။ အရမ်းလိုအပ်လာပြီဆိုရင် ခဏတာမေ့ထားလိုက်ပါ။ ဘာလို့ဆို ....... (အချစ်ရဲ့ နိယာမ သဘောတရားကိုက ကို့ကိုပစ်ထားတဲ့လူ၊ကို့ကိုနာကျင်စေတဲ့လူ၊ကို့ကို မျက်ရည်ကျစေတဲ့လူဆိုရင် မမေ့နိုင်အောင် ချစ်တတ်ပြီး... မလွတ်သွားအောင် စွဲထားတတ်ပြီး... ကို့ကိုဂရုစိုက်တဲ့လူ၊တန်ဖိုးထားတဲ့လူ၊အမြဲအဆင်သင့်ဖြစ်နေတဲ့လူမျိုးကြ စိတ်ကုန်လွယ်၊ငြီးငွေ့လွယ်တတ်တယ်။) တစ်ချို့ဆို တကယ်ချစ်လာပြီဆိုရင်၊သူ့တို့တကယ်လိုအပ်လာပြီဆိုရင်.. တစ်ဖက်လူဒဏ်မခံနိုင်တော့တာပဲ။ တစ်ဖက်လူရဲ့ အသေးဖွဲကစ သူတို့နမ်မည်တွေ ဖြစ်ချင်လာတယ်။ ဆုံးရှုံးရမှာ ကြောက်တဲ့စိတ်နဲ့ပဲ ဂရုစိုက်ခြင်းအသွင်ကနေ တဖက်လူကိုကျင်းကျတ်စေတဲ့အသွင်းပြောင်းသွားတတ်ပြီး အရာရာဟာ ကို့အမှားတွေပဲဖြစ်လာတယ်။ မမှားလဲ မှားတော့တယ်။ မှန်နေရဲ့နဲ့တောင်းပန်ရတဲ့အဖြစ်တွေ ကြုံရတယ်။ တစ်ဖက်လူလဲ မပျော်ရ၊ကို့ဘက်လဲ မပျော်ရနဲ့ နောက်ဆုံး... ပိုအနီးကိုသွားလေလေ... ပိုဝေးလာလေလေဖြစ်တော့တာပဲ။ ကျနော်ပြောတာကို ယုံပါ။ အနီးမှာနေလိုက ခပ်ခွာခွာနေပါ။ တကယ်ချစ်ရင် အရမ်းဂရုစိုက်မပြပါနဲ့။ #YTL