Posts

Showing posts from June, 2021
ဘဝအဖော်နဲ့ သင်ခန်းစာ ... ယောက်ျားကောင်းတစ်ယောက်နဲ့ဆုံတွေ့ခဲ့ပြီး လက်ထပ်ဖြစ် ခဲ့တဲ့ မိန်းမတစ်ယောက်ဟာ တစ်သက်လုံး ရင့်ကျက်စရာ မလိုဘဲ အေးအေးသက်သာနဲ့ သူမရဲ့ဘဝကို ဖြတ်သန်းသွားခွင့် ရှိပါတယ်။ ဒါပေမဲ့ ပိန်းမတွေဟာ အိမ်ထောင်ကျပြီးမှ တဖြည်းဖြည်းနဲ့ ရင့်ကျက်တည်ငြိမ်လာကာ တစ်ယောက်တည်း ရပ်တည်လိုစိတ်တွေ ပြင်းပြနေတယ်ဆိုရင် သူမဟာ ယောက်ျားကောင်းတစ်ယောက်နဲ့ မတွေ့ဆုံခဲ့ရဘူးဆိုတာ သေချာသလောက် ရှိပါတယ်။ မိန်းမကောင်းတစ်ယောက်နဲ့ ဆုံတွေ့ခွင့်ရခဲ့တဲ့ ယောက်ျား တစ်ယောက်ဟာလည်းပဲ သူပနဲ့ဆုံတွေ့စဉ်က စပြီး နောက်ပိုင်း ချိန်ထိ ဘဝကို အပူပင်မရှိ ဖြတ်သန်းသွားလို့ ရပါတယ်။ မိန်းမကောင်းတစ်ယောက်ဟာ အိမ်ထောင်တာဝန် လှည့်စရာ မလိုအောင် ထမ်းဆောင်ကျေပွန်တဲ့အတွက် အပြင်အလုပ်ကို စိတ် ဖြောင့်ဖြောင့်နဲ့ လုပ်ကိုင်ခွင့်ရတတ်သလို တချို့ပိန်းမကောင်းတွေ ကျပြန်တော့ လင်ယောက်ျားနဲ့ ရင်ပေါင်တန်းကာ အလုပ်အကိုင် တွေမှာ ကူညီဖြေရှင်းသွားတဲ့အတွက် တည်ငြိမ်တဲ့ အိမ်ထောင်ရေး တစ်ခုကို ပိုင်ဆိုင်ခွင့်ရကြပါတယ်။

အ​ရေးသား မှားတတ်​သော အဓိပ္ပါယ်များ

Image
Photo - Crd